သိန်း(၉၀၀)နီးပါး တန်ဖိုးရှိတဲ့ အရက်ပုလင်းတွေကို အခိုးခံလိုက်ရလို့ ဒေါပွနေတဲ့ အမျိုးသား

Pixabay-kaicho20

ကိုယ်စုဆောင်းထားတဲ့ တန်ဖိုးကြီးရှားပါးပစ္စည်းတွေကို သူခိုးအခိုးခံလိုက်ရတဲ့အချိန်မှာ ဘယ်လောက်တောင်များ ခံစားလိုက်ရမလဲဆိုတာ ကိုယ်ချင်းစာကြည့်လို့ ရပါတယ်။ အခုလည်း England နိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူ့ဂိုထောင်ထဲကနေ ရှားပါးအရက်ပုလင်းတွေ အကုန်လုံး သူခိုးခိုးသွားတာကြောင့် အရမ်းကြေကွဲခံစားနေရကြောင်း Sky news သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-MichaelGaida

အင်္ဂလန်နိုင်ငံ၊ အနောက်ပိုင်း Sussex ပြည်နယ်မှာ နေထိုင်တဲ့ အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ခြံဝင်းထဲက ဂိုထောင်တစ်လုံးဟာ သူခိုးတွေရဲ့ ဖောက်ထွင်းခြင်းကို ခံခဲ့ရပါတယ်။ အဆိုပါဖောက်ထွင်းမှုမှာ အရက်ပုလင်းတစ်ထောင်ကျော်နီးပါးကို သူခိုးတွေက ခိုးယူခဲ့တာပဲ ဖြစ်ပါတယ်။ အရက်ပုလင်းဆိုလို့ အထင်မသေးလိုက်ပါနဲ့။ အရက်ပုလင်းတော်တော်များများဟာ ရှားပါးပြီး တန်ဖိုးကြီးတဲ့ အရက်ပုလင်းတွေပဲ ဖြစ်ပါတယ်။

Amazon.com

ပိုင်ရှင်အမျိုးသားရဲ့ ဝါသနာက အရက်ပုလင်းတွေ စုဆောင်းရတာပဲ ဖြစ်ပါတယ်။ အခိုးခံလိုက်ရတဲ့ အရက်ပုလင်းတွေဟာ ဂျပန်၊ အိန္ဒိယ၊ ထိုင်ဝမ်နဲ့ အခြားနိုင်ငံတော်တော်များများက ရှားပါးအရက်ပုလင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီပုလင်းတွေထဲမှာ နှစ်ပေါင်း (၅၀) ကြာ သက်တမ်းရှိပြီဖြစ်တဲ့ Bowmore Single Malt Scott Whiskey ပုလင်းလဲ ပါသွားကြောင်း သိရပါတယ်။ အခိုးခံလိုက်ရတဲ့ အထဲမှာ သိန်း ၂၀၀ နီးပါးတန်ဖိုးရှိတဲ့ ဝီစကီတစ်လုံးပါ ပါဝင်ပါသေးတယ်။

READ
ထိုင်းနိုင်ငံက ဒီလမှထုတ်လိုက်တဲ့ Bubble Tea လိုးရှင်းသစ်အကြောင်း
Pixabay-Pexels

“ဂိုထောင်ထဲ ဝင်ဝင်လိုက်ချင်း တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် တော်တော်ရှော့ခ်ဖြစ်သွားပါတယ်။ အဲဒီမြင်ကွင်းကြီးကို မြင်လိုက်ရတာ ဘဝမှာ အဆိုးဝါးဆုံးခံစားချက်ပါပဲ။ ကျွန်တော် ဒီဂိုထောင်ထဲမှာ ကျွန်တော် စုထားတဲ့ အရက်ပုလင်းတွေကို အမြဲကြည့်ပြီး ကြည်နူးရတယ်။ အခုအချိန်မှာတော့ လူက တကယ့်ကို သေချင်စိတ်ပါ ပေါက်နေပါတယ်။ ဒီသူခိုး ယူသွားတာ ကျွန်တော်တစ်သက်လုံး စုဆောင်းခဲ့ရတဲ့ ရှားပါးအရက်ပုလင်းတွေချည်းပါပဲဗျာ” လို့ ပိုင်ရှင်အမျိုးသားမှ ကြေကွဲစွာနဲ့ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE