၂၀၁၈ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ နြူလက်နက် အမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံစာရင်း

freepik/macrovector

နြူကလီယားလက်နက်ဆိုတာ ငြိမ်းချမ်းရေးကို လိုလားသူတွေအတွက်တော့ အလွန်မုန်းစရာကောင်းတဲ့ လူသတ်လက်နတ်တွေ ဖြစ်ပါတယ်။ ဒါပေမမယ့် စစ်မက်ကို ဦးစားပေးတဲ့နိုင်ငံတွေ၊ ကိုလိုနီနယ်ချဲ့လိုစိတ်ရှိတဲ့ နိုင်ငံတွေ၊ ကမ္ဘာ့သြဇာအာဏာကို လက်ဝါးကြီးအုပ်လိုတဲ့ နိုင်ငံတွေအတွက်တော့ အလွန်အားကိုးရတဲ့ လက်နက်တွေ ဖြစ်ပါတယ်။ ယခုနှစ်မှာ အသစ်ထုတ်ပြန်လိုက်တဲ့ နြူလက်နက် အမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံစာရင်းကို ဗဟုသုတအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ရုရှား

pixabay/IGORN

ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံမှာ တရုတ်နဲ့ အမေရိကန်ကို မယှဉ်နိုင်ပေမယ့် ရုရှားရဲ့ နယူကလီးယား ထုတ်လုပ်မှု ပညာဟာ ကမ္ဘာမှာ နှစ်ပေါင်း(၃၀)အတွင်း ကြောက်ခမန်းလိလိ တိုးတက်လာခဲ့ပါတယ်။ ရုရှားဟာ  နြူလက်နက် (၈,၅၀၀)အထိ ပိုင်ဆိုင်နေကြောင်း ခန့်မှန်းရပါတယ်။

(၂) အမေရိကန်

pixabay/Alexas_Fotos

ယခင်က နှစ်ပေါင်းတော်တော်ကြာအောင် နံပတ်(၁)နေရာကို သိမ်းပိုက်ထားတဲ့ အမေရိကန်ဟာ နြူလက်နက်ပိုင်ဆိုင်မှုမှာတော့ ရုရှားအောက်ကို ဆင်းပေးလိုက်ရတာ သုံးနှစ်ကျော် ကြာသွားပါပြီ။ အမေရိကန်ရဲ့ နြူပိုင်ဆိုင်မှုကတော့ နြူုလက်နက်ပေါင်း (၇,၅၀၀)အထိ ရှိတယ်လို့ သိရပါတယ်။

READ
ပထမဆုံး ထိပ်တန်းအမြန်နှုန်းနဲ့ ကမ္ဘာ့ကြောက်ဖို့အကောင်းဆုံး ရိုလာကိုစတာကြီး

(၃) ပြင်သစ်

pixabay/jackmac34

စစ်အင်အားကြီးနိုင်ငံဖြစ်တဲ့ ပြင်သစ်ကလည်း နံပတ်(၃)နေရာမှာ ရပ်တည်နေပြီး နြူလက်နက်ပေါင်း (၃၀၀)ကျော် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ကြည်းတပ်အင်အားကို အဆမတန်တိုးချဲ့နေပြီး နယ်စပ်ပြဿနာတွေကို ဖြေရှင်းဖို့ ပြင်သစ်အစိုးရက ကြိုစားနေပါတယ်။

(၄) ယူကေ

pixabay/skeeze

ယူကေနိုင်ငံပေါင်းစုကတော့ (၂၀၀၀)ပြည့်နှစ်နောက်ပိုင်းကတည်းက နြူကလီးယားဘက်ကို အာရုံသိပ်မစိုက်တော့ဘဲ ပင်လယ်ရေပြင်လုံခြုံရေးကို အတော်လေး ဦးစားပေးကာ အကြီးဆုံးစစ်သင်္ဘောတွေ တည်ဆောက်နေပါတယ်။ သူတို့ရဲ့ နြူလက်နက်ပိုင်ဆိုင်မှုကတော့ (၂၅၅)အထိ ရှိတယ်လို့ သိရပါတယ်။

(၅) တရုတ်

pixabay/PublicDomainPictures

စစ်အင်အားအကြီးဆုံးမှာ နံပတ်(၁)နေရာက ရပ်တည်နေတဲ့ တရုတ်နိုင်ငံကလည်း နြူကလီယားပိုင်ဆိုင်မှုကို တရားဝင်ချပြခြင်းမရှိပေမယ့် သူတို့ရဲ့ ပိုင်ဆိုင်မှုဟာ နြူလက်နက် (၂၃၀)ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အခြားနိုင်ငံများ

(၆) ပါကစ္စတန် ( နယူကလီးယားဒုံးကျည် ၁၂၀ ခန့် ပိုင်ဆိုင်)
(၇) အိန္ဒိယ ( နြူလက်နက် ၁၀၀ ခန့် ပိုင်ဆိုင်)
(၈) အစ္စရေး (  နြူလက်နက် ၈၀ ခန့် ပိုင်ဆိုင်)
(၉) မြောက်ကိုရီးယား ( အရေအတွက် အတိအကျ မသိရ)
(၁၀) အီရန် ( နြူလက်နက် ၆၀ ခန့် ပိုင်ဆိုင်)

READ
ဆေးခြောက်ထုတ်လို့ရတဲ့ ATMစက်ကို ဂျမေကာလေဆိပ်မှာတပ်ဆင်တော့မည်

နတ်စည်တော် (Shwemom)

source : top10slist.com

SHARE