ကိုယ်တိုင် ရှိမှန်းတောင် မသိရပဲ လူတွေရဲ့ လျှို့ဝှက်စွာရှိနေတဲ့ စူပါပါဝါများ

တကယ်လို့ သင့်ကိုယ်သင် ပါရမီရှိတယ်လို့ တွေးထင်ထားရင် သင်မှန်ကောင်းမှန်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နောက်ဆုံးပေါ် လေ့လာချက်တွေအရ လူတွေဟာ ကိုယ်စွမ်းကိုယ်စနဲ့ ပတ်သက်လာရင် လက်ရှိရှိနေတာထက် ကိုယ့်အစွမ်းအစကို ပိုလျော့ပြီး ခန့်မှန်းကြပါတယ်လို့ သိရပါတယ်။ အောက်ဘက်မှာတော့ လူအများစုက ကိုယ့်ဆီမှာ ရှိလို့ ရှိမှန်းတောင် မသိရတဲ့ လျို့ဝှက်ချက်တွေနဲ့ သူတို့ကို နေ့စဉ်ဘယ်လို အသုံးချနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

လူတွေက စိတ်ကနေ သန်မာတယ်လို့ တွေးလိုက်တာနဲ့ တကယ် ခွန်အားရှိလာတယ်

© Depositphotos

အိုဟိုင်းယိုး ပြည်နယ် တက္ကသိုလ်က ပရိုဖက်ဆာတစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ကလာ့ခ်ဟာ နာ့ဗ်ကြောစနစ်နဲ့ ကြွက်သားတွေကြားထဲမှာ ဆက်စပ်မှူ ရှိနေတာကို စမ်းသပ်သိရှိခဲ့ပါတယ်။ လေ့လာချက်မှာတော့ ပါဝင်သူတွေဟာ ရက်သတ္တပတ်() ပတ်တာ တင်းကြပ်တဲ့ခါးပတ်တွေကို ၀တ်ဆင်ထားရပါတယ်။ ပထမအုပ်စုက လူတွေကတော့ တစ်ပတ်မှာ () ရက်တိုင်တိုင် (၁၁) မိနစ်စာကို ကိုယ့်ကိုကိုယ် စိတ်ထဲကစကားပြောရမှာပါ။ ငါသန်မာလာတယ်၊ ခွန်အားရှိလာတယ် စသဖြင့် ပြောဆိုရမှာပါ။ ဒုတိယအုပ်စုက လူတွေကတော့ ခါးပတ်ပတ်ထားရုံကလွဲလို့ သာမန်ရိုးကျလူနေမှူဘ၀ကိုပဲ ဖြတ်သန်းရမှာပါ။

ရက်သတ္တပတ်() ပတ်တာ ကြာပြီးလို့ ခါးပတ်တွေကို ဖြုတ်ကြည့်တဲ့အခါမှာတော့ ထူးခြားတာကို တွေ့ရပါတယ်။ သူ့တို့ကို သူတို့ တောင်းတင်းလာတယ်၊ ကြွက်သားတွေ အားရှိလာတယ်လို့ စိတ်ကူးထဲ မြင်ယောင်ကြည့်ခိုင်းတဲ့ ပထမအုပ်စုဟာ လက်တွေ့မှာလည်း ခါးကြွက်သားတွေ ပိုပြီးသန်မာအားရှိလာတာကို တွေ့ခဲ့ရပါတယ်။ ဒုတိယအုပ်စုမှာတော့ ထူးခြားတာကို မတွေ့ရပါဘူး။

ကိုယ်တိုင်တောင် မသိရတဲ့ အရာဝတ္ထုတွေကို မြင်နိုင်တယ်

© Andrew Norman / Wikipedia

အပေါ်က ဓာတ်ပုံကတော့ သာမန်အတိုင်း မြင်ရတဲ့ ဓာတ်ပုံဖြစ်ပြီး အောက်က ဓာတ်ပုံကတော့ ရောင်ပြန်လာတဲ့ နေရောင်ခြည်အားလုံးနီးပါးကို ပိတ်ဖုံးထားတဲ့ ပိုလာရွိုက်နေကာမျက်မှန်နဲ့ မြင်ရတဲ့ပုံ ဖြစ်ပါတယ်။ အရောင်တွေ၊ အလင်းတွေအပြင် လူ့မျက်လုံးဟာ ပိုလာရွိုက်အလင်းကိုလည်း လက်ခံနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် လူအများစုက ဒါကို မသိကြပါဘူး။ အပြာရောင်ကောင်းကင်ကို ကြည့်တဲ့အခါ၊ ကွန်ပြူတာ စခရင်ကို ကြည့်တဲ့အခါ၊ ရေသို့မဟုတ် ဖန်ခွက်ကနေလာတဲ့ ရောင်ပြန်တွေကို ကြည့်တဲ့အခါ အမြင်အာရုံဟာ စပြီး အလုပ်လုပ်ပါတယ်။ ဒီအခြေအနေမျိုးတွေမှာဆိုရင် အလင်းလှိုင်းတွေအများကြီးဟာ တစ်နေရာတည်းကို ရောက်ရှိသွားတာကြောင့် လူတွေအနေနဲ့ မြင်ရတာ ဖြစ်ပါတယ်။ ဒီလို effect ကိုတော့ Haidinger’s brush လို့ ခေါ်ပါတယ်။

အသံဟာ စိတ်ခံစားချက်အပေါ်မှာ အကျိုးသက်ရောက်မှူ ရှိတယ်

© Depositphotos

CNRS က သိပ္ဗံပညာရှင်တွေက အသံဟာ လူတစ်ယောက်ရဲ့ စိတ်ခံစားမှူအပေါ်မှာ ဘယ်လို သက်ရောက်မှူတွေ ရှိနိုင်လဲဆိုတာ ဆုံးဖြတ်ခဲ့ကြပါတယ်။ သိပ္ဗံပညာရှင်တွေဟာ စမ်းသပ်ချက်ထဲ ပါဝင်သူတွေကို Haruki Murakami ရဲ့ စာအုပ်တွေကို ဖတ်ခိုင်းပြီး အသံသွင်းထားလိုက်ပါတယ်။ ပြီးတဲ့အခါ ပရိုဂရမ်ရဲ့ အကူအညီနဲ့ စာဖတ်သူတွေရဲ့ အသံကို ကြောက်စရာကောင်းတဲ့အသံ၊ ၀မ်းနည်းတဲ့အသံ၊ ပျော်ရွှင်တဲ့ အသံတွေအဖြစ် မသိမသာ ပြောင်းလဲလိုက်ပါတယ်။ စာဖတ်သူအများစုဟာ အသံပြောင်းသွားတာကို မရိပ်မိပဲ လူအနည်းငယ်လောက်သာ ရိပ်မိပါတယ်။ ဒီအသံတွေကို စာဖတ်သူတွေဆီ ပြန်လည်နားထောင်ခိုင်းတဲ့အခါမှာတော့ အသံကိုလိုက်ပြီး စိတ်ခံစားမှူတွေပါ လိုက်ပြောင်းသွားရတယ်ဆိုတဲ့ အဖြေထွက်လာပါတယ်။

လေ့လာချက်မှာ ဆိုတာကတော့ လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်ဖတ်တဲ့အပြင် အခြားသူတွေရဲ့ စိတ်ကိုလည်းဖတ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ တနည်းအားဖြင့် အသံဟာ လူ့စိတ်ကို လွှမ်းမိုးမှူ ပေးပါတယ်။ အခုတွေ့ရှိချက်ကိုတော့ သိပံ္ဗပညာရှင်တွေက စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့ ဝေဒနာသည်တွေဆီမှာ အသုံးပြုဖို့ တွေးဆနေကြပါတယ်။

အသက်ရှည်ဖို့ ပြုံးပါ

bright side

(၂၀၁၀) ခုနှစ်တုန်းက Wayne State University မှာ တွေ့ရတဲ့ လေ့လာချက်တစ်ရပ်မှာ ပြုံးခြင်းဟာ လူ့သက်တမ်းအပေါ် လွှမ်းမိုးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ သိပ္ဗံပညာရှင်တွေဟာ (၁၉၅၀) ခုနှစ်မတိုင်ခင်တုန်းက ထင်ရှားတဲ့ ဘေ့စ်ဘောကစားသမားတွေရဲ့ ဘေ့စ်ဘောကဒ်တွေကို လေ့လာခဲ့ကြပါတယ်။ ဒီအခါ လုံးဝမပြုံးတဲ့ ကစားသမားတွေဟာ (၇၂.) နှစ် သက်တမ်းနီးနီး နေရပြီး၊ အနည်းငယ်ပြုံးတဲ့ ကစားသမားတွေကတော့ (၇၅) နှစ်သက်တမ်းနဲ့ အမှန်တကယ်ပြုံးတဲ့ ကစားသမားတွေကတော့ (၇၉.) နှစ် သက်တမ်းရှိကြတာကို တွေ့ရပါတယ်။

ပျော်ပျော်ရွှင်ရွှင်နေဖို့ မဖြစ်နိုင်ပါဘူးဆိုတာ လွဲမှားတဲ့ဆင်ခြေတစ်ခုသာ ဖြစ်ပါတယ်။ ပြုံးတာနဲ့ စိတ်ခံစားချက်တွေဟာ ဆက်နွယ်မှူ ရှိပါတယ်။ မပြုံးချင်ပြုံးချင်တဲ့ ပြုံးတာတောင်မှ ပြုံးလိုက်တဲ့အခါ စိတ်ခံစားမှူနည်းနည်းပိုကောင်းသွားတာကို တွေ့ရမှာပါ။ အားပါးတရ ပြုံးတဲ့အပြုံးဟာ ချောကလက်တောင့် (၂၀၀၀) နဲ့ ညီမျှကြောင်း ပညာရှင်တွေက ဆိုပါတယ်။

နောက်ပြီးတော့ အပြုံးဟာ သူများတွေကို လွှမ်းမိုးစေနိုင်ပါတယ်။ လူတစ်ယောက်ကို ပြုံးပြလိုက်ရင် သူတို့က ပြန်မပြုံးပြပဲ မနေနိုင်ပါဘူး။ အပြုံးဟာ ကူးစက်တတ်ပါတယ်။ ဒါ့အပြင် ပြုံးနေတဲ့လူတစ်ယောက်ဟာ ပိုဆွဲဆောင်မှူရှိပြီး အလုပ်မှာလည်း ပရိုဖက်ရှင်နယ်ပိုဆန်တာကို တွေ့ရတတ်ပါတယ်။

ခန္ဓာကိုယ်အပူချိန်ကို ပြောင်းလဲနိုင်တယ်

© Tanumanasi / Wikipedia

တိဘက်ဘုန်းတော်ကြီးတွေဟာ Tummo yoga လို့ ခေါ်တဲ့ အကျင့်ကို ကျင့်နိုင်ပါတယ်။ ဒီအကျင့်ဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို တိုးမြှင့်စေနိုင်ပါတယ်။ (၁၉၈၁) ခုနှစ်မှာ ဟားဗက်တက္ကသိုလ်က Herbert Benson ဆိုသူ ပရော်ဖက်ဆာဟာ တိဘက်ဘုန်းကြီးသုံးဦးကို လေ့လာခဲ့ပါတယ်။ ဘုန်းကြီးတွေဟာ သူတို့ရဲ့ လက်ချောင်းတွေနဲ့ ခြေချောင်းတွေမှာရှိတဲ့ အပူချိန်ကို (၄၆.) ဒီဂရီဖာရင်ဟိုက်အထိ တိုးမြှင့်နိုင်ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီအကျင့်ကို အတွေ့အကြုံရှိတဲ့ ဘုန်းကြီးတစ်ပါးနဲ့သာ လေ့ကျင့်ယူနိုင်ပါတယ်။ နို့မို့ဆိုရင်တော့ လေ့ကျင့်သူဟာ အပူလွန်ကဲပြီး သေဆုံးဖို့ အလားအလာ ရှိပါတယ်။

လူတွေဟာ ထင်ထားတာထက် ပိုပြီး အရသာတွေကို ခွဲခြားနိုင်တယ်

brightside

လူတွေဟာ အခြေခံအရသာ() မျိုးကို သိပါတယ်။ အခြေခံအရသာတွေဆိုတာ ချို၊ ချဉ်၊ငံ၊ ခါး တို့ပဲ ဖြစ်ပါတယ်။ (၁၉၈၀) ခုနှစ်မှာ သိပ္ဗံအဖွဲ့အစည်းတစ်ခုက အရသာအသစ်တစ်မျိုးကို ထပ်မံသတ်မှတ်လိုက်ပါတယ်။ ၄င်းအရသာအသစ်ကို Umami လို့ခေါ်ပြီး Tokyo Imperial University က ပရော်ဖက်ဆာတစ်ဦးက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အရသာရဲ့ အဓိပ္ဗါယ်က ဂျပန်စကားအရ ကောင်းတယ်၊ အရသာရှိတယ်လို့ ဆိုလိုပါတယ်။ ဒီအရသာကတော့ အသား၊ ငါး၊ အသားစွတ်ပြုတ်၊ ငါးစွပ်ပြုတ်စတဲ့ ပရိုတင်းပစ္စည်းတွေမှာ တွေ့ရတတ်ပါတယ်။

ယနေ့ခေတ်မှာ သိပ္ဗံပညာရှင်တွေဟာ အာရုံခံသိတဲ့ ပစ္စည်းအသစ်တွေကို ရှာဖွေနေဆဲဖြစ်ပြီး တစ်နေ့မှာ လူသားတွေဟာ ကယ်လ်ဆီယမ်၊ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်၊ ရေသန့်၊ အဆီ၊ သတ္တုဓာတ်တွေကို ခွဲခြားအရသာခံနိုင်မှာဖြစ်ပြီး ဒီလိုသာ အရသာခံနိုင်ရင် အ၀လွန်ခြင်းနဲ့ အခြားပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

လင်းလင်း (ShweMom)

READ
(၂၀၁၉) ခုနှစ်ရဲ့ အထူးခြားဆုံး ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်များ

Ref: Brightside

SHARE