စတိဗ်ဂျော့ စတင်ခဲ့တဲ့ ဒေါ်လာ ၄ ဘီလီယံတန် Apple ရုံးချုပ်ဖွင့်လှစ်ဖို့ပြင်ဆင်နေ

Apple ရဲ့ နာမည်ကျော် CEO ဖြစ်တဲ့ စတိဗ်ဂျော့နောက်ဆုံးလက်ရာတစ်ခုဖြစ်တဲ့ APPLE ရဲ့ ရုံးချုပ်ကို မကြာခင်မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ဒီရုံးချုပ်ဟာ အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယား ပြည်နယ် ကူပါတီနိုမှာ တည်ရှိတာ ဖြစ်ပါတယ်။

nintchdbpict000299795786

ဒီအဆောက်အဦးဟာ အကျယ်အ၀န်းအားဖြင့် ၂သန်း ၈သိန်း စတုရန်းပေ(0.1 စတုရန်းမိုင်)ကျယ်ဝန်းတဲ့ အဆောက်အဦးတစ်ခုဖြစ်ပါတယ်။APPLE  ကဒီရုံးချုပ်ဆောက်လုပ်ဖို့ အစီအစဉ်ကို ၂၀၁၁ ခုနှစ်ကတည်းက ကြေညာခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ပြီးဆုံးဖို့ လျာထားတာ ဖြစ်ပါတယ်။

APPLE  က ကုန်ကျစရိတ်ကို မကြေညာပေမဲ့ အရင်ဆောက်လုပ်ရေး မန်နေဂျာကတော့ ဒေါ်လာ ၄ ဘီလီယံကနေ ၅ဘီလီယံအတွင်း ကုန်ကျနိုင်တယ်လို့ ပြောခဲ့ပါတယ်။ဒီရုံးချုပ်ဟာ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီးတွေ ကမ္ဘာကျော်ကုမ္ပဏီ ကြီးတစ်ခုရဲ့ သင်္ကေတ တစ်ခု အဖြစ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

READ
လူသန်းပေါင်းရာနဲ့ချီ အသုံးပြုနေကြတဲ့ နာမည်ကြီး photo editing app တစ်ခုအကြောင်း

nintchdbpict000055702983-e1486469972278

ဒီရုံးချုပ်ကြီး ပြီးဆုံးသွားရင် အလုပ်သမားပေါင်း ၁၄၂၀၀ ကျော်အတွက်လည်း နေစရာအိမ်တွေပါ ပါဝင်လာမှာ ဖြစ်ပါတယ်။ဒီမှန်သားတွေနဲ့ ၀န်းရံထားတဲ့ အဆောက်အဦးကို သစ်ပင်များနှင့် ၀န်းရံစိုက်ပျိုးသွားမယ် လို့ဆိုပါတယ်။APPLE  ရုံးချုပ်ကို ပထမဦးစွာ တာဝန်ယူဆောက်လုပ်ခဲ့သူတွေကတော့ USA Skanska နဲ့ DPR ဆောက်လုပ်ရေးကုမ္ပဏီတို့ဖြစ်ကြပြီး Apple က ပြောဆိုတဲ့ အသေးစိတ်ကျလွန်းပြီး မဖြစ်နိုင်တဲ့ ဒီဇိုင်းများကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ ထွက်ခွာခဲ့ပါတယ်။

Lumos (Shwemom)

Ref : The Sun

SHARE