တရုတ် မင်းသမီး Zheng Shuang ရဲ့ အငှားကိုယ်ဝန် သတင်း ထွက်ပေါ် ခဲ့ပါတယ်။သူမက တော့ Prada တရုတ်နှစ်ကူး campaign မှာ ambassador သစ် အဖြစ် ပါဝင် ခဲ့သူပါ။အရင် ချစ်သူဟောင်း producer Zhang Heng က အငှား ကိုယ်ဝန် ဆောင် အမျိုးသမီးက မွေးတဲ့ သူတို့နှစ်ယောက်ရဲ့ ကလေး နှစ်ယောက်ကို အမေရိကန် မှာ နေပြီး စောင့် ရှောက် နေရတယ် လို့ ပြော ခဲ့တာပါ။ဇန်န၀ါရီ ၁၈ မှာ ဒီ အကြောင်းကို Weibo မှာ Post တင်ခဲ့တာပါ။ကလေးနှစ်ယောက်ကို အမေရိကန် မှာနေပြီး သူ စောင့် ရှောက် နေ ရတယ် ဆိုတဲ့ Post က တော့ ချက်ချင်းကို နာမည်ကြီး သွားခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ All Kpop မှာ ဖော်ပြထားတာပါ။
View this post on Instagram
မင်းသမီး Zheng Shuang နဲ့ producer Zhang Heng တို့ က တော့ တွဲ နေ ကြပြီး အမေရိကန် မှာ လက်ထပ် ထားတယ် ဆိုတဲ့ သတင်း တွေ တောင် ထွက် ပေါ် ခဲ့ဖူးပါတယ်။နှစ်ယောက်သား အငှားကိုယ်ဝန် နဲ့ ကလေးယူဖို့ ဆုံးဖြတ်ခဲ့ပြီး ကလေးတွေ မမွေးလာ ခင် လ အနည်းငယ် အကြာ မှာ လမ်း ခွဲ ခဲ့တာပါ။ဒါပေမယ့် တစ်ဖက်က အငှားကိုယ်ဝန် ဆောင်က ကိုယ်ဝန် လ (၇)လ ရောက် နေပြီမို့ ဖျက် ချ လို့ မရ တော့ ပဲ ကလေး တွေ က မွေး လာခဲ့တာပါ။ဒါကြောင့် နောက်ဆုံးမှာတော့ Zhang Heng ကပဲ ကလေးတွေကို စောင့်ရှောက်ပေးနေတာပါ။
เมื่อวันที่ 19 ม.ค คณะกรรมการการเมืองและกฎหมายกลางได้ออกความคิดเห็นเกี่ยวกับการอุ้มบุญและการละทิ้งเด็กของ #ZhengShuang
1. การอุ้มบุญเป็นสิ่งต้องห้ามอย่างชัดเจนในประเทศของเรา การใช้มดลูกของผู้หญิงเป็นเครื่องมือในการสืบพันธุ์และการซื้อชีวิตใหม่
(อ่านต่อ5เธรดข้างล่าง 👇🏻) pic.twitter.com/EHZ96BhgAh— 👩🏻💻Rabbitรายงาน👩🏻💻 (@Rabbit_cnblue) January 20, 2021
အငှားကိုယ်ဝန်နဲ့ ရတဲ့ ကလေးတွေ ကို မင်းသမီး Zheng Shuang က စွန့်ပစ်တယ်ဆိုတဲ့ ဒီလိုသတင်းတွေ ထွက်ပေါ် လာခဲ့ပြီး နောက် ဇန်န၀ါရီ ၁၉ ရက်နေ့မှာတော့ Prada က Brand Ambassador ခန့် အပ် မှုကို ပြန်လည် ရုပ်သိမ်း ခဲ့ပါတယ်။သူမကတော့ Prada ရဲ့ သမိုင်း တစ်လျောက် သက်တမ်းအတို ဆုံး ambassador ဖြစ်လာခဲ့ပါတယ်။၂၀၂၀ ကေ တာ့ Prada ရဲ့ brand ambassador တွေ အဖြစ် ခန့်အပ် ခံထားရတဲ့ Idol တစ်ချို့ နဲ့ ကံဆိုးတဲ့ နှစ်လို့ ပြောလို့ရပါတယ်။သူတို့ နဲ့ ပတ်သက်တဲ့ အမျိုးမျိုး အတင်းအဖျင်း၊မကောင်းသတင်းတွေ အများကြီး ထွက် ပေါ် ခဲ့ ပါတယ်။ Zheng Shuang မတိုင်ခင် ကိုရီးယား က Prada ရဲ့ ambassador တွေက အငြင်းပွားဖွယ်ရာ ၊မကောင်းသတင်းတွေ ထွက်ပေါ်လာတာ ကြောင့် တရုတ် ပရိ သတ်တစ်ချို့က မကောင်းဆိုးဝါးတွေက Prada ၀တ်တယ်ဆိုပြီး ဝေဖန် တိုက်ခိုက် နေကြတာပါ။
#Trending! Prada has cut all ties with #ZhengShuang following her recent controversy.#郑爽 pic.twitter.com/piEo5IHkeO
— Trending Weibo (@TrendingWeibo) January 19, 2021
ကိုရီးယားမှာဆိုရင် တော့ Irene နဲ့ Chanyeol ပါ။သူတို့ နှစ်ယောက် လုံးက Prada ရဲ့ brand ambassador တွေ အဖြစ် ၂၀၂၀ စက်တင်ဘာ ၁၈ တုန်းက ခန့် အပ် ခံ ခဲ့ရတာပါ။၂၀၂၀ အောက်တိုဘာ တုန်းက Irene က အယ်ဒီတာ နဲ့ Stylist အပေါ် ရိုင်းပြစွာ ဆက်ဆံ တယ်ဆိုတဲ့ သတင်း ထွက် ပေါ် ခဲ့ပါတယ်။ အဲ့ဒီ လူကိုယ်တိုင် ဆိုရှယ်မီဒီယာ ပေါ်မှာ တင်ခဲ့တာပါ။hashtags “Psycho” and “Monster,” လို့ ရေး ပြီး တော့ ကို တင်ခဲ့တာပါ။နောက်ပိုင်း မှာတော့ Irene ကိုယ်တိုင် ပြန် တောင်းပန် ခဲ့ပါတယ်။
View this post on Instagram
Chanyeol ရဲ့ က တော့ သူ့ Ex လို့ ပြောတဲ့ အွန်လိုင်းအသုံးပြုသူ တစ်ယောက်က Post တင် ခဲ့တာပါ။သူမ အပေါ် သစ္စာ မရှိဘူး၊သုံးနှစ်လောက် တွဲ ခဲ့တာ တောင် သူမ အပေါ် လိမ် ညာ တယ် ဆိုပြီး စွပ်စွဲ Prada အနေနဲ့ လည်း ကိုရီးယား brand ambassador နှစ်ယောက်လုံးက ဒီလို သတင်းတွေ ထွက်လာ တဲ့ အတွက် Brand အနေနဲ့ လည်း အခက် ကြုံ ခဲ့ရပါတယ်။နှစ်ယောက် လုံး က လည်း တကယ့် နာမည်ကြီး Idol အဖွဲ့ ရဲ့ အဖွဲ့ ၀င် တွေ ဖြစ် နေတဲ့ သူတွေပါ။
View this post on Instagram
#SHWEMOM