IG ကပုံတွေကြောင့် ကိုယ်ထိလက်ရောက်ထိပါးခံခဲ့ရပြီး အလုပ်ထုတ်ခံခဲ့ရတဲ့ ကောင်မလေး

[email protected]

အသက် ၂၄ နှစ်အရွယ် Kirsten Vaughn ဟာ အချိန်ပိုင်း OnlyFans လုပ်ငန်းကိုလုပ်ကိုင်သူတစ်ဦးပါ။ OnlyFans ဆိုတာ လူမှုကွန်ယက်တွေပ်ါမှာ account ကို private ချပြီး အထဲမှာတင်တဲ့ပုံကိုတွေကို ကြည့်ချင်ရင် ပိုက်ဆံပေးကာမှ account ရဲ့ follower ဖြစ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။

[email protected]

တချို့နိုင်ငံတွေမှာတော့ ကျောင်းသူလေးတွေ၊ ဝန်ထမ်းတွေဟာ ငွေကြေးလိုအပ်ချက်ကြောင့် ဒီလိုလုပ်ငန်းတွေကို အချိန်ပိုင်းအဖြစ်လုပ်ကိုင်လေ့ရှိပါတယ်။

Kirsten Vaughn ရဲ့ အချိန်ပြည့်အလုပ်ကတော့ ကားပြင်တဲ့ပညာရှင်ပါ။ Mechanic တစ်ယောက်ဖြစ်ဖို့အတွက် စာတွေ့ရော လက်တွေ့ရောကို Fort Wayne မှာရှိတဲ့ Don Ayres Honda အရောင်းပြခန်းမှာ လေ့လာခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်က အခုလို mechanic လောကမှာ ကျင်လည်ဖို့အတွက် အရမ်းရုန်းကန်နေခဲ့ရပေမယ့်လို့ Kirsten Vaughn ကတော့ အရွယ်နဲ့အမလိုက်အောင်ကို ကြိုးစားနေခဲ့သူပါ။

[email protected]
[email protected]

ဒါပေမဲ့လည်း တစ်ရက် လုပ်ဖော်ကိုင်ဖက်တွေက သူမရဲ့အချိန်ပိုင်းလုပ်ငန်းလေးကို တွေ့သွားခဲ့ကြပါတယ်။ နောက် ဘယ်လောက်တောင်လဲဆိုရင် အလုပ်ချိန် သူမကိုရှေ့မှာထားပြီးတောင် account ထဲ တင်ထားတဲ့ ဆွဲဆောင်မှုရှိရှိပုံတွေကို စိမ်ပြေနပြေထိုင်ကြည့်တာမျိုးတွေအပြင် လုပ်ဖော်ကိုင်ဖက်အမျိုးတစ်ယောက်က Kirsten Vaughn ကို ဆွဲဖက်တာမျိုးအထိပါ ကိုယ်ထိလက်ရောက်စော်ကားခဲ့တာပါတဲ့။

READ
အရပ်(၇)ပေကျော်နေလို့ ယာဉ်မောင်းလိုင်စင်ပေးဖို့အငြင်းခံရတဲ့အမျိုးသား

 

ဒါကို မန်နေဂျာက သိလည်းသိရော သူမကို လုပ်ငန်းခွင်ထဲ အနိုင်ကျင့်စော်ကားတဲ့လူတွေကိုတော့ ဘာမှမလုပ်ဘဲနဲ့ သူမကို အလုပ်ထုတ်ပစ်ခဲ့ပါတော့တယ်။ အံ့သြပေမယ့်လည်း ဘယ်လိုမှ မတတ်နိုင်တဲ့အတွက် အလုပ်မှ ထွက်ခဲ့ရပါတယ်။

ဒီလိုအဖြစ်မျိုး ကြုံခဲ့ရပေမယ့်လို့ Kirsten Vaughn က စိတ်ဓာတ်မကျဘဲ သင်တန်းတွေထက်တတ်နေပြီး ဝမ်းစာပြည့်ကာမှ mechanic လောကထဲပဲ ပြန်ဝင်သွားမယ်လို့ ပြောလာခဲ့ပါတယ်။ ဒါကတော့ Kirsten Vaughn လေးရဲ့ mechanic ဘဝလေးပါ။

 

 

READ
ကျန်းမာရေးအတွက် ကိုဗစ်စည်းကမ်းနဲ့အညီ ဓားပြတိုက်ခဲ့တဲ့ အိန္ဒိယက ဓားပြ(၃)ယောက်

Penny

 

SHARE