ယာဉ်လောင်စာဆီကို ပါးနပ်စွာ ချွေတာနိုင်ဖို့ အသုံးဝင်စေမယ့် နည်းလမ်းများ…

လူတိုင်းဟာ မော်တော်ယာဉ် လောင်စာဆီတွေကို ခြိုးခြံချွေတာပြီး အသုံးပြုချင်ကြပါတယ်။ သာမန်အားဖြင့် အမေရိကန် မိသားစုတစ်စုဟာဆိုရင် လောင်စာဆီအတွက် နှစ်စဉ် ဒေါ်လာ(၂,၀၀၀) လောက် သုံးစွဲရပါတယ်။ ဆီဖိုးက ဈေးကြီးလို့ ဆိုပြီး လူတွေအနေနဲ့ ကိုယ်သွားရမယ့် ခရီးကို မသွားပဲ နေလို့လည်း မရပြန်ပါဘူး။ ဒါကြောင့် လောင်စာဆီအတွက် ငွေကုန်ကြေးကျ သက်သာအောင်နဲ့ ဆီထည့်ထားတဲ့အခါ ကြာကြာခံပြီး သုံးနိုင်ဖို့ သိထားသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

တာယာနဲ့ အလိုင်းမင်းကို စစ်ဆေးပါ…

© Depositphotos.com

လေလျော့နေတဲ့ တာယာတွေဟာ ဆီအကုန်မြန်စေပါတယ်။ တာယာတွေကို သင့်တင့်မျှတစွာ လေသွင်းတာဟာ တာယာပွန်းပဲ့တာ သက်သာစေနိုင်တဲ့အပြင် ဆီကိုလည်း ချွေတာရာရောက်ပါတယ်။ တစ်ခုသိထားဖို့က တာယာအပူချိန်ဟာ ဥတုရာသီကိုလိုက်ပြီး ပြောင်းလဲတာကြောင့် ပုံမှန်စစ်ဆေးနေဖို့တော့ လိုပါလိမ့်မယ်။ တယာအလိုင်းမင်းကလည်း အရေးကြီးပါတယ်။ အလိုင်းမင်းမမှန်ရင် တာယာကို တရွတ်ဆွဲစေပြီး ဆီရဲ့အရည်အသွေးကို တစ်ဂါလံမှာ (၁၀-၃၁) ရာခိုင်နှုန်းထိ လျော့ကျစေမှာ ဖြစ်ပါတယ်။

လီဗာနဲ့ ဘရိတ်ကို ညင်သာစွာ အသုံးပြုပါ

© Depositphotos.com

လီဗာနဲ့ ဘရိတ်ကို သတိနဲ့ ပုံမှန် ညင်ညင်သာသာ ယာဉ်မောင်းနှင်တာဟာ ဆီကို (၂၀) ရာခိုင်နှုန်းလောက် ချွေတာပြီး ဖြစ်မှာပါ။ မီးပွိုင့်မှာ လီဗာဆောင့်နင်းတာ၊ ရုတ်တရက် တုံ့ခနဲ ဘရိတ်အုပ်မိတာမျိုးတွေ မဖြစ်အောင် ရှောင်ကြဉ်ပါ။ ပညာရှင်တွေကတော့ လီဗာတင်တဲ့အခါ ခြေထောက်မှာ ကြက်ဥတစ်လုံးထား ထားသလိုမျိုး စိတ်ထဲထားပြီး ထိန်းထိန်းသိမ်းသိမ်းမောင်းနဲ့ ညင်သာစွာ မောင်းနှင်ဖို့ အကြံပေးထားပါတယ်။

READ
အင်မတန်အဆိပ်ပြင်းလွန်းတဲ့ အပင်တွေနဲ့ အပြည့်ဖြစ်နေတဲ့ အင်္ဂလန်က ပန်းဥယျာဉ်

အကြာကြီး စက်နှိုးထားတာ

Instagram

အချိန်အတော်ကြာအောင် ကားကို စက်နှိုးပြီး ဆီအကုန်ခံမယ့် အခြေအနေမျိုးမှာ အင်ဂျင်သာ စက်ပိတ်ထားလိုက်ပါ။ ကိုယ်မောင်းနေရင်း မီးရထားလမ်းဖြတ်ကူးတော့မယ်၊ ဖုန်းဆက်ဖို့ လမ်းဘေးကားထိုးပြီး ခဏနားတော့မယ်ဆိုရင် စက်သာပိတ်ထားလိုက်ပါ။ ကားစက်ပြန်နှိုးချိန်မှာ ကုန်တဲ့ဆီက ကားကို မမောင်းပဲ ဒီအတိုင်းစက်နှိုးထားတဲ့အချိန် စက္ကန့်(၃၀) နဲ့ အတူတူပါပဲ။ ဒါကြောင့် ကားကို ကြာကြာရပ်မယ်ဆိုရင် စက်မနှိုးထားပဲ စက်ပိတ်ထားတာက ပိုကောင်းပါတယ်။

မလိုအပ်ရင် ဆီအကောင်းစားတွေကို မ၀ယ်ပါနဲ့

Instagram

ကားမောင်းသူ တော်တော်များများက ဆီအရည်အသွေးကောင်းပြီး ဈေးကြီးပေးဝယ်ရလေ ဆီစားသက်သာပြီး လုပ်ငန်းတွင်မယ်လို့ ယူဆကြပါတယ်။ ဒါက အတိအကျမှန်တာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် အောက်တိန်းဟာ ကားရဲ့ လုပ်ဆောင်ရည်နဲ့ တိုက်ရိုက်ဆက်စပ်မှုမရှိပါဘူး။ ဒါကြောင့် အကောင်းစားဆီမှ သုံးရမယ်ဆိုတဲ့ ကားထဲက လမ်းညွှန်ချက်တွေမပါရင် သုံးစရာမလိုပါဘူး။

ကားနောက်ခန်းထဲမှာ ရှင်းရှင်းလင်းလင်း ရှိပါစေ

© Depositphotos.com

နောက်ခန်းထဲမှာ ထည့်ထားတဲ့ ပစ္စည်းတွေရဲ့ အလေးချိန်များလေလေ ကားဟာ ဖင်လေးပြီး ဆီပိုကုန်လေပါပဲ။ ပညာရှင်တွေရဲ့ အဆိုအရ ကားထဲမှာ ထပ်တိုးအနေနဲ့ အလေးချိန်ပေါင်(၁၀၀) ပိုတိုင်း ဆီအရည်အသွေးကို (၂) ရာခိုင်နှုန်း ကျဆင်းစေတယ်လို့ သိရပါတယ်။ ကားသေးနဲ့ ကားကြီးနဲ့ ယှဉ်တဲ့အခါမှာတောင် ၀ိတ်များတဲ့အခါ ကားသေးတွေက ဆီပိုကုန်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ အလေးတွေကို မသယ်မိအောင် ကားနောက်ခန်းကို သေချာရှင်းထားဖို့တော့ လိုပါမယ်။

READ
ပြည်သူတွေအတွက် အဆင်ပိုပြေစေတဲ့ နိုင်ငံအနှံ့မှ အမိုက်စား တီထွင်မှုများ

အရိပ်အောက်မှာ ကားရပ်ပါ

Instagram

အရိပ်အောက်မှာ ကားရပ်တဲ့အခါ ကားအတွင်းထဲမှာ အလိုအလျောက် အပူဒဏ်လျော့နေပါလိမ့်မယ်။ ဒီတစ်ခုတည်းနဲ့တင် အဲယားကွန်းသုံးစရာမလိုတာကြောင့် ဆီကို ချွေတာနိုင်နေပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် အရည်ဆိုတာ အပူထဲမှာ အငွေ့ပျံလွယ်တဲ့ သဘောရှိလို့ အေးမြတဲ့ အရိပ်ထဲ ကားရပ်ထားတဲ့အခါ ဆီတိုင်ကီကို အများကြီး သက်သာစေမှာပဲ ဖြစ်ပါတယ်။

မနက်စောစော ဆီထည့်ပါ

Instagram

ပူပြင်းတဲ့ ရာသီတွေမှာဆိုရင် လောင်စာဆီတွေဟာ မနက်စောစောမှာ ပိုအေးပြီး ပိုသိပ်သည်းပါတယ်။ ဒါပေမယ့် နေ့လယ်ရောက်တဲ့အခါမှာတော့ အပူချိန်က မြင့်လာတာကြောင့် ဆီဟာ ကျယ်ပြန့်ပြီး အလေးချိန်လည်း လျော့နည်းလာပါတယ်။ ဒါကြောင့် ပေးရတဲ့ ငွေနဲ့တန်တဲ့ ဆီအရည်အသွေးရအောင် မနက်စောစောမှာ ဆီဝယ်တာဟာ အကောင်းဆုံးပါ။

ဆီတိုင်ကီ ဗလာကျင်းတဲ့အထိ စောင့်မနေပါနဲ့

© Depositphotos.com

တကယ်လို့ ကား ဆီတိုင်ကီထဲမှာ ဆီလုံးဝမရှိတော့တဲ့အခါ လတ်တလောမှာ ဆီရနိုင်ဖို့ နီးစပ်ရာဆီဆိုင်မှာ ဆီဖြည့်ဖို့ ဖြစ်လာပါတယ်။ အခန့်မသင့်ရင် ဈေးကြီးမိနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးနဲ့ မကြုံရအောင် ဆီအခြေအနေကို အမြဲစစ်ဆေးပြီး ဆီတိုင်ကီမှာ ဆီမကျန်တော့တဲ့အထိ စောင့်မနေပဲ ဆီကြိုတင်ဖြည့်ထားဖို့လိုကြောင်း တိုက်တွန်းလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE