ခရီးသည်တွေမှ ဖျက်ဆီးခဲ့ကြတဲ့ ကမ္ဘာ့နေရာအနှံ့က အဖိုးတန်အမွေအနှစ်များ

onza04/YouTube

လူတွေမရှိတဲ့ ဒေသတွေက သဘာဝတရားကြီးဟာ ပိုစိမ်းစိုလှပနေတတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့လူတွေဟာ ကမ္ဘာမြေကြီးကို သူတို့သာလျှင်အရှင်သခင်၊ သူတို့သာလျှင် ပိုင်တယ်ဆိုပြီး အတ္တကြီးဟာ ခဏတာအကျိုးဖြစ်ထွန်းဖို့ပဲ ကြည့်ကာသဘာဝပတ်ဝန်းကျင်တွေကို သိသိရက်နဲ့ဖျက်လိုဖျက်ဆီးပြုလုပ်နေကြတာပါ။ ဒီတစ်ခေါက်မှာဖော်ပြချင်တဲ့အကြောင်းအရာလေးကတော့ ခရီးသွားတွေမှ ဖျက်ဆီးခဲ့ကြတဲ့ ကမ္ဘာအနှံ့က အဖိုးတန်အမွေအနှေစ်တွေ၊ သဘာဝပတ်ဝန်းကျင်အကြောင်းတွေပဲဖြစ်ပါတယ်။ ဘယ်လောက်ရင်နာဖိုကောင်းသလဲဆိုတာ အောက်ကပုံလေးတွေကို တစ်ချက်လောက် ဆက်ကြည့်ပေးကြပါဦး။

ဆယ်ဖီတစ်ပုံကြောင့် တိုက်မိပြီးပျက်ဆီးခဲ့ရတဲ့ ပိုတူဂီ၊ လဇ်စ်လွန်မှ သူတော်စင်မီကယ်ရုပ်ထု
MIR
ဘိုရာကေးပင်လယ်ကမ်းခြေမှာ သုံးပြီးသားကလေးဒိုင်ယာဘာမြှုပ်နေတဲ့ ခရီးသွား
MPBL Recap
တရုတ်နိုင်ငံ၊ စီချွမ်မှာရှိနေတဲ့ Longquao အမျိုးသားဥယျာဉ်ထဲက ကြာပန်းတွေကို တားမြစ်ထားတဲ့ကြားထဲက မရရအောင်နုတ်ယူခဲ့ကြသူများ
asiaone

Wyoming အရပ်က Yellowstone အမျိုးသားဥယျာဉ်မှာရှိတဲ့ ရေပူစမ်းလေးဟာ အရင်လိုသဘာဝအတိုင်း လှပမနေတော့ပါဘူး။ အကြောင်းကတော့ ခရီးသွားတွေဟာ ကံကောင်းအောင်ဆိုပြီး ရေပူစမ်းထဲကို အကြွေစေ့တွေ ပစ်ပစ်ထည့်နေခဲ့တဲ့အတွက် အဲဒီကနေမှအချိန်ကြာလာတော့ သံချေးတက်ကာ အရောင်ပြောင်းသွားခဲ့တာပါ။

READ
မြေနေရာ တရားဝင်အပိုင်စားရှိပြီး ရာဇ၀င်တွေနဲ့ ရှင်သန်နေတဲ့ ၀က်သစ်ချပင်ကြီး
onza04
ရေအောက်ထဲက သန္တာကျောက်တန်းတွေတောင်မချန်ပါဘူး။
OK Divers

တိဘက်က တောင်ဆိတ်ကောင်လေးတွေကို တမင်သက်သက်လိုက်တိုက်နေတဲ့ ခရီးသွားကတော့ ဒဏ်ကြေးအနေနဲ့ ဒေါ်လာ ၂,၂၅၇ (တရုတ်ယွမ် ၁၅,၀၀၀) ဆောင်ခိုင်းခဲ့ပါတယ်။ တိရိစ္ဆာန်လေးတွေ တစ်ကောင်မှတော့ ဒဏ်ရာမရခဲ့ပါဘူး။

Weibo

ဘေဂျင်းတိရိစ္ဆန်ရုံမှာ ဒေါင်းလေးတွေကိုလိုက်ဖမ်းပြီး အမွှေးတွေလိုက်နုတ်နေသူများ

yunnan.cn

ကိုစတာရီကာကမ်းခြေမှာပါ။ ပင်လယ်လိပ်တွေဟာ ဥဥဖို့ကမ်းခြေပေါ်တက်လာပေမယ့်လည်း လူတွေဝိုင်းကြည့်နေတာကြောင့် အဆင်မပြေဖြစ်ခဲ့ရပါတယ်။ တချို့တွေဆို လိပ်ကျင်းထဲတွေလျှောက်နှိုက်၊ ကလေးတွေကို လိပ်ကျောကုံးပေါ်တွေတက်ခိုင်းပြီး ဓာတ်ပုံရိုက်နဲ့ တော်တော်လေးကို ကမောက်ကမနိုင်ခဲ့ပါတယ်။

sitraminaecr

စပိန်ကမ်းခြေတစ်ခုမှာတော့ လင်းပိုင်ပေါက်လေး ကမ်းခြေကိုလမ်းမှားရောက်လာတုန်း ခရီးသွားတွေကကိုင်ပြီး တစ်ယောက်တစ်လှည့် ဓာတ်ပုံရိုက်ကြရင်း အကောင်ပေါက်လေးဆိုတော့ မခံနိုင်ဘဲ အသက်ဆုံးရှုံးသွားခဲ့ပါတော့တယ်။

solarpix

အိုရီဂွန်က သိပ်နာမည်ကြီးခဲ့တဲ့ သဘာဝကျောက်တုံးကြီးကတော့ ခရီးသွားတွေကြောင့် ပြိုလဲပျက်စီးသွားခဲ့ပါတယ်။

lauralawsonvisconti,The Oregonian

Penny

SHARE