သားသမီးတွေကိုပေးသင့်တဲ့ မိဘတိုင်းရဲ့ အဖိုးတန်အမှန်တရားများ

သားသမီးတို့ရဲ့ စံပြ၊ အောင်မြင်တဲ့ မိဘဖြစ်ဖို့ သားသမီးတွေကို ကျောင်းကောင်းကောင်းမှာ ပညာသင်ကြားစေပြီး အသက်မွေးဝမ်းကျောင်းပညာအမွေတွေပေးလိုက်ရုံနဲ့မလုံလောက်ပါဘူး။သူတို့ရဲ့ ပင်ကိုယ် ဗီဇလေးတွေ ကောင်းမွန်စွာ ရှိနေဖို့ ထိန်းကျောင်းပေးဖို့လည်းလိုပါသေးတယ်။

အမှန်တရားတွေနဲ့ မွေ့လျှော်ရင်း  သူတို့ရဲ့ ဘ၀တစ်လျှောက် ကောင်းမွန်စွာရပ်တည်သွားနိုင်ဖို့ လက်ဦးဆရာဖြစ်တဲ့ မိဘတွေက မျိုးစေ့ကောင်းတွေ ချပေးလိုက်ဖို့လိုပါတယ်။ဒါဆို သားသမီးတွေကို မဖြစ်မနေပြောပြသင့်တဲ့ အမှန်တရားတွေ က ဘာတွေပါလဲ။လေ့လာနိုင်အောင်  Shwemomမှ တဆင့် စုစည်းဖော်ပြပေးလိုက်ပါတယ်။

နာကျင်မှုဆိုတာ ဘ၀ရဲ့မရှိမဖြစ်အစိတ်အပိုင်း

သူတို့လေးတွေ ဘ၀ခရီးလမ်းကို ကိုယ်တိုင်လျှောက်လှမ်းတဲ့အခါ လောကဓံရဲ့ အဆိုးအကောင်း ကျီစယ်မှုဒဏ်ကို မတုန်လှုပ်မိစေဖို့ နာကျင်မှုဆိုတာကို ပြောပြထားသင့်ပါတယ်။ဒါပေမယ့် ကျရှုံးမှု၊ နာကျင်မှုတွေကနေပဲ ကိုယ်လိုချင် တဲ့ဘ၀ကိုပုံဖော်သွားရတယ်ဆိုတာ လမ်းကြောင်းပေးဖို့လည်း မမေ့ပါနဲ့။များသောအားဖြင့် မိဘတွေက သားသမီးတွေ အပေါ်စိုးရိမ်ကြီးတတ်ကြပါတယ်။ငယ်ရွယ်စဉ်မှာ အသေးအဖွဲနာကျင်မှုမျိုးကိုတောင် မခံစားစေချင်ကြပါဘူး။သူတစ်ပါး အပေါ်အားကိုးချင်စိတ်ကို အလွယ်တကူမွေးဖွားမပေးပါနဲ့။

READ
သင့်ရုပ်ရည်ထက်ပိုပြီးစွဲဆောင်နိုင်စွမ်းရှိသည့် ကိုယ်ရည်ကိုယ်သွေး(၇)မျိုး

ကိုယ့်လမ်းကိုယ်ရွေးချယ်တတ်ပါစေ

သင့်ရဲ့ တွေးခေါ်ယူဆချက်ကို အမှန်တိုင်းပြောပြပါ။ကလေးရဲ့ အမြင်ကိုလည်းမေးပါ။ဒီလို အမေးအဖြေ ဆွေးနွေးခြင်း မျိုးက သူတို့ရဲ့ ကိုယ်ပိုင်ယူဆချက်နဲ့ ဘ၀ကို လျှောက်လှမ်းနိုင်အောင် လေ့ကျင့်ပေးပြီးသားဖြစ်စေမှာပါ။တွန်းအားပေးပါ ဒါပေမယ့် အဖြေမှန်ကိုတော့ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပါစေ။

လက်ရှိအချိန်မှာနေထိုင်ပါ

ခုခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ  ကိုယ်ပိုင်အချိန်တွေ၊ ပျော်ရွှင်မှုတွေဆုတ်ယုတ် လာနေပါတယ်။ ဒါကြောင့် လက်ရှိအချိန်လေးမှာ ပျော်ရွှင်မှုကို ခံစားနိုင်အောင် လက်တွဲခေါ်ပါ။ပျော်ရွှင်မှုဆိုတာ အတိတ်မှာကျန်ခဲ့သ လား သေချာမပြောနိုင်သလို အနာဂတ်မှာတွေ့ရဖို့လည်း မရေရာပါဘူး။ဒါကြောင့်လက်ရှိအချိန်မှာသာ ပျော်ရွှင်မှုရဲ့ အနှစ်သာရကို ရှာဖွေတတ်အောင်သင်ပေးပါ။(ဥပမာ စာကောင်းပေကောင်းတွေနဲ့အချိန်ကုန်တတ်အောင်၊ အကောင်မြင်စိတ်ထား ရှိခြင်းရဲ့ အံ့သြဖွယ်အကျိုးရလဒ်တွေကို သိရှိလာအောင်ကူညီပါ)

ပျော်ရွှင်မှုအတွက် တာဝန်ယူတတ်ပါစေ

တစ်စုံတစ်ယောက်အတွက် နစ်နာဆုံးရှုံးမှုမရှိတဲ့  ပျော်ရွှင်မှုကိုရှာဖွေတတ်ပါစေ။များပြားလှတဲ့ လေ့လာသင်ယူစရာတွေ ကြားမှာ အာရုံစူးစိုက်မှုတွေကလည်း ခြေကုန်လက်ပမ်းကျနိုင်ပါတယ်။တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်းက ကိုယ့်စိတ် ကို အမှန်တကယ် သက်သာသွားစေမှာမဟုတ်ဘဲ အမှားတွေကို ချေဖျက်နိုင်ခြင်းကသာ ပျော်ရွှင်ခြင်းအစစ်ကိုရရှိနိုင် မယ်ဆိုတာ သင်ပြပေးပါ။

READ
မြင့်မြတ်ပြီး နှလုံးလှတဲ့ မိန်းကလေးမှန်း သိနိုင်မယ့် စရိုက်လက္ခဏာ (၅) မျိုး

အကြောက်တရားဆိုတာ ပုံရိပ်တစ်ခုပဲ

လူတွေက အကြောက်တရားကို ဆန့်ကျင်ချင်ကြတယ်။လက်မခံလိုကြဘူး။အကြောက်တရားဆိုတာ စိတ်ခံစားချက်ကနေ လာတာဖြစ်ပြီး မှားယွင်းတဲ့ ယုံကြည်မှုတွေက အကြောက်တရားကို ပိုပြီးအားကောင်းစေပါတယ်။ဒါ့အပြင် အကြောက်တ ရား ကြောင့် အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်စေမှာပါ။ အန္တရာယ်ကိုရင်ဆိုင်ဖြေရှင်းခြင်းကြောင့် အကြောက်တရား တကယ်မရှိဘူးဆိုတာ သက်သေပြနိုင်မှာပါ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE