ဟော့ပေါ့စားပြီးမှ အိုးထဲကနေကြွက်သေလေး ဆယ်မိခဲ့တဲ့ ကိုယ်ဝန်သည်စားသုံးသူ

The Port City News

Xaibu Xiabu ဆိုတဲ့ တရုတ်နိုင်ငံရဲ့ နာမည်ကြီးစားသောက်ဆိုင် တစ်ဆိုင်ဟာ စားပြီးသား ဟော့ပေါ့အိုးထဲ ကြွက်အသေတစ်ကောင် တွေ့တယ်ဆိုတပြီး နာမည်ကြီးနေပါတယ်။ အဲဒီသတင်းကြောင့်ပဲ Shandong မြို့မှာရှိတဲ့ ဆိုင်ခွဲတစ်ဆိုင်ရဲ့ ဝင်ငွေတွေ အဆက်မပြတ် ကျဆင်းလို့နေပြီး ခေတ္တပိတ်ခဲ့ရပါတယ်။

Weibo
Weibo

စက်တင်ဘာ (၆) ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးတို့ မိသားစုဟာ Sangong မှာရှိတဲ့ Xaibu Xaibu ဆိုင်ခွဲမှာ ဟော့ပေါ့သွားစားခဲ့ကြပါတယ်။ စားပြီးကာမှ ဟင်းရည်အိုးထဲ နောက်ထပ်စားဖို့ဆယ်လိုက်ရာ ကြွက်သေတစ်ကောင် ပါလာပါတယ်။ ပါလာတဲ့ ကြွက်သေကို တူနဲ့ညှပ်ကိုင်ထားပုံနဲ့ ပန်းကန်ပေါ်တင်ထားပုံတို့ကို ဓာတ်ပုံရိုက်ထားကာ တရုတ် social platform တစ်ခုဖြစ်တဲ့ Weibo မှာ တင်ခဲ့ပါတယ်။ ဆိုင်ကို ကြွက်အသေတွေ့ကြောင်း ဆိုင်ကို ပြောပြီး ပြဿနာရှာတဲ့အခါ ဆိုင်ကဝန်ထမ်းတစ်ယောက်က ကလေးအတွက် အဲဒီလောက်တောင် စိတ်ပူနေလည်း ယွမ် ၂၀၀,၀၀၀ ပေးမယ် ၊ ကလေးကိုဖျက်ချလိုက်လို့ လူမဆန်စွာပြောကြောင်း အင်တာဗျူးတွေမှာ ကလေးအဖေဖြစ်သူက ဖြေကြားထားပါသေးတယ်။

READ
အချစ်ဆုံးသူငယ်ချင်းနဲ့ခင်ပွန်းလောင်း ဖောက်ပြန်နေတာကိုနောက်ကျမှသိခဲ့ရတဲ့အမျိုးသမီး

ဒီဖြစ်ရပ်ဟာ Weibo မှာတင်ပြီးတာနဲ့ တပြိုင်နက် Weibo သုံးစွဲသူတွေကြား ပြန့်နှံ့လျက်ရှိပြီး ကြောက်ရွံ့မှုတွေရှိကာ ဆိုင်ကို အပြစ်တင် ပြောဆိုနေကြပါတယ်။ Xaibu Xaibu ဆိုင်ဟာ သူတို့ အသည်းစွဲဖြစ်ပြီး အမြဲသွားစားလေ့ ရှိကြောင်း၊ ရွံစရာကောင်းကြောင်း၊ အရမ်းသန့်ရှင်းတယ်လို့ ထင်ထားခဲ့တာ ယုံတောင်မယုံနိုင်ကြောင်း၊ လူတစ်ယောက်ရဲ့အသက်ကို သတ်ဖို့အတွက် ယွမ် ၂ သိန်းပဲ တန်လားဆိုပြီး အပြစ်တင်ပြောဆိုနေကြပါတယ်။

ဆိုင်ခွဲအနေနဲ့ နစ်နာသူကိုယ်ဝန်သည် အမျိုးသမီးအား လျော်ကြေးအနေနဲ့ ယွမ် ၅၀၀၀ (ဒေါ်လာ ၇၂၉) ပေးခဲ့ပေမယ့် ကလေးအဖေဖြစ်သူ Mr. Ma ကတော့ သူ့ဇနီးသည်ကို သူကိုယ်တိုင် စိတ်ချရတဲ့ ဆေးရုံမှာ အရင်ဆုံး ဆေးစစ်မှုတွေပြုလုပ်ပြီးကာမှ လျော်ကြေးငွေအတွက် အလျှော့အတင်းလုပ်ပြီး လက်ခံမယ်လို့ သိခဲ့ရပါတယ်။

Beijing Kids

Xaibu Xaibu ရဲ့ website page မှာ ဆိုင်ဘက်က သန့ှ်ရှင်းမှု ညံ့ဖျင်းတဲ့အတွက်ကြောင့် ကြွက်ပါလာကြောင်း ဝန်ခံထားတဲ့ post တစ်ခုကို တင်လိုက်ပေမယ့် သိပ်မကြာခင်မှာပဲ ပြန်ဖျက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ Weifang မြို့ရဲ့ တာဝန်ရှိသူတွေကတော့ ကြွက်တွေ့ခဲ့တဲ့ စားသောက်ဆိုင်ခွဲကို စုံစမ်းစစ်ဆေးမှုတွေ ထပ်မံလုပ်ဆောင်မှာဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ထားပါတယ်။

READ
စီးကရက်အကြိုက်သောက်ခဲ့ပေမယ့် (၁၂၉)နှစ်အထိနေခဲ့ရတဲ့ အဖိုးအို

ဟော့ပေါ့ဟာ တရုတ်ပြည်မှာဆိုရင် သာမန်ထမင်းစားပွဲရဲ့ နေရာမှာတောင် အစားထိုးဝင်ရောက်လာပြီး အာရှနိုင်ငံ တော်တော်များများမှာလည်း အားတက်သရော စားနေလျက်ရှိပါတယ်။

TripAdvisor

Source : BBC

Penny

SHARE