အစာပိုက်ကိုသွေးကြောထဲမှားသွင်းမိခဲ့တာကြောင့် မွေးကင်းစလေးသေဆုံးခဲ့

(၅၂)ရက်သားအရွယ်မွေးကာစ ကလေးငယ်တစ်ယောက်ဟာ အစာပြွန်ပိုက်သွေးကြောထဲ မမှန်ကန်စွာထည့်သွင်းခံခဲ့ရတာကြောင့် ဆေးရုံမှာပဲသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ကလေးအမည်ကတော့ Betsy Rose Riley ပဲဖြစ်ပါတယ်။

(Image: Solent News & Photo Agency)

ဂရုတစိုက်ထားပြီးအစာပိုက်ကိုမသွင်းခဲ့တဲ့ရလဒ်ကြောင့် Betsy ရဲ့ကျောရိုးမဆီကိုပို့ပေးတဲ့ သွေးတွေပိတ်သွားခဲ့ကာ ကလေးရဲ့ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေပျက်ယွင်းခဲ့ရတာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူ Leanda Collins က Betsy ကိုရက်သတ္တပတ်(၂၅)ပတ်ကျော်ကျော်လေးနဲ့ ၂၀၁၆ ဖေဖော်ဝါရီ(၇)ရက်တုန်းက စောမွေးခဲ့တာဖြစ်ပါတယ်။

(Image: Solent News & Photo Agency)

Betsy လေးကိုမွေးစတုန်းကတော့ အသက်ကယ်ကိရိယာအပြည့်အစုံနဲ့ထားပေးခဲ့ရပါတယ်။ ဒါပေမယ့် (၁၂)နာရီအတွင်းမှာပဲ အောက်ဆီဂျင်ဖြုတ်နိုင်ခဲ့ပြီး ပထမရက်သတ္တပတ်(၂)ပတ်မှာ ကလေးအခြေအနေကကောင်းမွန်လျက်ရှိနေပါတယ်။ ဒါပေမယ့် ကလေးမိဘတွေဖြစ်တဲ့ Collins နဲ့ Riley က သူတို့သမီးရဲ့လက်ချောင်းတွေက မဆုပ်ကိုင်နိုင်ပဲအားပျော့နေပြီး လက်တွေလှုပ်ရှားမှုက ရုတ်တရက်ရပ်သွားတာကို သတိထားမိခဲ့ကြပါတယ်။

(Image: Solent News & Photo Agency)

မိခင်ဖြစ်သူ Collins က ကလေးငယ်လေးဟာအသက်ခက်ခဲစွာရှူနေရပြီး ခါးနေရာလောက်ကနေ ကိုယ်တပိုင်းသေသလိုမလှုပ်နိုင်ဖြစ်နေခဲ့ကြောင်းနဲ့ ဆေးစစ်ကြည့်တဲ့အခါမှာတော့ မွေးကတည်းကပါလာတာမဟုတ်တဲ့ ကျောရိုးမမှာပြဿနာရှိနေတယ်ဆိုတဲ့အကြောင်း တွေ့ရှိခဲ့ပါတယ်။

READ
မိန်းမဖြစ်သူက အွန်လိုင်းမှာတွေ့တဲ့သူနောက်လိုက်သွားလို့ ကလေးနဲ့ကျန်ခဲ့တဲ့ခင်ပွန်းသည်
(Image: Solent News & Photo Agency)

မိဘ(၂)ပါးအတွက် တစ်ဦးမိန်းကလေးဖြစ်တဲ့ Betsy ဟာပြန်ကောင်းမလာတော့ပဲ ၂၀၁၆ မတ်လ(၃၀)မှာပဲ သေဆုံးသွားခဲ့ပါတယ်။ သူမသေဆုံးတဲ့အချိန်မှာတော့ သကြားအိတ်တစ်အိတ်လောက်တောင် အလေးချိန်မရှိတော့ပါဘူး။ ဒီနောက်မှာတော့ Betsy ရဲ့သွေးကြောထဲကို ဆေးရုံဝန်ထမ်းတွေက အစာပြွန်ပိုက်မှားယွင်းစွာထည့်မိခဲ့ကြောင်း တရားရုံးက စစ်ဆေးသိရှိခဲ့ပါတယ်။

(Image: Solent News & Photo Agency)

သေသွားတဲ့ကလေးအလောင်းကို ခွဲစိတ်တဲ့အခါမှာတော့ ကိုယ်အင်္ဂါအစိတ်အပိုင်းနဲ့ တစ်ရှူးတွေဆီကိုသွားတဲ့ သွေးတွေကပိတ်ဆို့နေခဲ့ပြီး ကလေးကလည်း သိပ်ငယ်သေးတဲ့အတွက်ကြောင့် ကျောရိုးမကြီးမှာလာပြီး  အန္တရာယ်ဖြစ်စေခဲ့ကြောင်း သိရပါတယ်။ မိခင်ဖြစ်သူကတော့ ကလေးကိုယ်ထဲ အစာပြွန်ပိုက်အရှည်ကြီးထည့်တာနဲ့ပတ်သက်ပြီး အခုလိုအန္တရာယ်ဖြစ်စေနိုင်တာကို ဆေးရုံကသူမတို့ကို သတိမပေးခဲ့ဘူးလို့ ဆိုလိုက်ပါတယ်။

လင်းလင်း(ShweMom)

SHARE