မာရသွန်ပြေးရာမှ ကယ်တင်ခြင်းခံခဲ့ရတဲ့ ခွေးကလေးရဲ့ လက်ရှိပုံရိပ်များ

/Facebook/Polsin Sinsamoe

ထိုင်းကမာရသွန်အပြေးမယ်တစ်ယောက် ပြေးလမ်းပေါ်မှာပြေးနေတုန်း ခွေးပေါက်လေးတစ်ကောင်တည်း ဖြစ်နေလို့ဆိုပြီး ကောက်ချီခေါ်ခဲ့ရာမှ ကမ္ဘာကျော်သွားတဲ့ ခွေးပေါက်လေးကို မှတ်မိကြဦးမှာပါနော်။

Posted by Polsin Sinsamoe on Thursday, 4 July 2019

Khemjira Klongsanun ဆိုသူ အမျိုးသမီးဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက Chombueng မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြေးလမ်းတစ်လျှောက် ပြေးနေရင်းမှာတင် လမ်းမဘေးကို အကြည့်ရောက်သွားတဲ့အချိန်မှာတော့ လမ်းဘေးလေးမှာ တစ်ကောင်တည်းအထီးကျန်စွာ ကြောက်ကြောက်ရွံ့ရွံ့နေနေရရှာတဲ့ ခွေးပေါက်လေးတစ်ကောင်ကို သွားတွေ့ခဲ့ပါတယ်။ Khemjira Klongsanun ဟာ အရင်ကတည်းက တိရိစ္ဆာန်ချစ်သူပီပီ ခွေးပေါက်လေးကိုတစ်ယောက်တည်း မထားခဲ့နိုင်တော့တဲ့အတွက်ကြောင့် ပန်းဝင်တဲ့အထိ ခွေးလေးကို ချီကာပြေးခဲ့ပါတယ်။

Posted by Polsin Sinsamoe on Thursday, 4 July 2019

ဆန်းပြားလှတဲ့ကံကြမ္မာကြောင့် မထင်မှတ်ထားတဲ့ တွေ့ဆုံမှုမျိုးနဲ့ တွေ့ခဲ့ရတဲ့ ခွေးလေးကို Chombeung လို့ နာမည်ပေးကာ တစ်ခါတည်း ခေါ်မွေးခဲ့လိုက်ပါတော့တယ်။ Chombeung ဟာ အခုဆိုရင် ၈ လတောင်ရှိနေပါပြီ။ မီဒီယာတွေမှာ စပြီး သတင်းမွှေးတုန်းက ပေါက်စလေးကနေ အခုဆို ပေါင် ၄၀ တောင်ရှိနေပြီလို့ Coconut မှာ ဖော်ပြထားခဲ့ပါတယ်။

READ
America's Got Talent ပြိုင်ပွဲမှာ အားလုံးကို မှင်သက်သွားစေတဲ့ ပါရမီရှင်အဆိုတော်လေး

Khemjira Klongsanun ဟာ Chpmbeung မရောက်လာခင်ကတည်းကိုက အိမ်မှာ ခွေး ၂၈ ကောင်၊ ကြောင် အကောင် ၃၀ တို့နဲ့အတူတူ နေထိုင်နေသူအမျိုးသမီးတစ်ယောက်ပါ။ မွေးထားသမျှကလေးလေးတွေဟာလည်း များသာအားဖြင့် သူများက မမွေးချင်တော့လို့၊ မမွေးနိုင်တော့လို့ဆိုပြီး ပစ်သွားကြတဲ့အကောင်လေးတွေကို ခေါ်မွေးထားခဲ့တာပါ။

Posted by Polsin Sinsamoe on Sunday, 13 January 2019

Posted by Polsin Sinsamoe on Sunday, 30 June 2019

လက်ရှိမှာလည်း ယဉ်မတော်တဆမှုကြောင့် ဒဏ်ရာရတာတို့၊ ဒုက္ခတိဖြစ်တာတို့ ဖြစ်သွားခဲ့ကြတဲ့ ခွေးလေးတွေအတွက် ပရဟိတလုပ်ငန်းလေးတစ်ခု စတင်တည်ထောင်နေပြီး သူမပိုင် Chonburi က Phan Thong အရပ်မှာ ၇ ဧကကျော်မြေကြီးကို ခွေးလေးတွေ ကြောင်လေးတွေအတွက် ခိုလှုံရာဂေဟာအဖြစ် ပြောင်းလဲပစ်ဖို့ကို ဆောင်ရွက်နေပါတယ်။

Penny

SHARE