Memes ထဲမှ ပါခဲ့ကြတဲ့လူများရဲ့ အပြင်လောကမှလတ်တလောဓာတ်ပုံများ

ကိုယ့်ရဲ့ရုပ်ဆိုးပန်းဆိုးပုံတွေကို သူငယ်ချင်းတွေက အင်တာနက်ပေါ်တင်လိုက်တဲ့ ခံစားချက်ကို အားလုံးနီးပါးခံစားဖူးကြမယ်ထင်ပါတယ်နော်။ ဒါဆို ဟာသတွေလုပ်နေကြတဲ့ Memes လောကမှာ အသုံးပြုနေကြတဲ့ လူတွေရဲ့စိတ်ထဲလည်း တော်တော်စိတ်ကသိကအောက်ဖြစ်ကြမှာပါနော်။ Memes မှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေနဲ့ သူတို့ရဲ့အပြင်လောကကဓာတ်ပုံတွေကို ယှဉ်မကြည့်ချင်ကြဘူးလား?

Bad Luck Brian

ဒီမှာတော်တော်များများအသုံးပြုနေကြတဲ့ပုံထဲကလူကတော့ Kyle Craven ဆိုသူပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ဇန်နဝါရီလတုန်းက Kyle ရဲ့ပုံကို ငယ်သူငယ်ချင်းမှတင်ခဲ့ရာမှတစ်ဆင့် အခုလိုလူသုံးများလာတာပဲဖြစ်ပါတယ်။

Boredpanda

Success Kid 

နာမည်အရင်းကတော့ Sam Griner ပဲဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်လောက်က ဖခင်ဖြစ်သူ Laney Griner မှ Sam ရဲ့ပုံလေးကို Flickr ပေါ်တင်ခဲ့ရာမှ နာမည်ကြီးသွားခဲ့တာပါ။ Sam ဟာ မိန်းကလေးဖြစ်ပြီး ဓာတ်ပုံရိုက်တဲ့အချိန်တုန်းက သူများကလေးဆောက်ထားတဲ့ သဲအိမ်ကို အနိုင်ကျင့်ပြီးဖျက်ဆီးပစ်ကာ လက်ထဲမှာရှိတဲ့သဲတွေကို စားနေခဲ့တာပါ။

READ
မိန်းကလေးတွေရဲ့နေ့စဉ်ဘဝအခက်အခဲတွေကို ထိမိစွာရေးဆွဲထားတဲ့ ရယ်စရာရုပ်ပုံလေးများ
Boredpanda

First World Problems

သူမကတော့ အီတလီမှနာမည်ကြီး ဆုရရုပ်ရှင်သရုပ်ဆောင် Silvia Bottini ပဲဖြစ်ပါတယ်။

Boredpanda

Disaster Girl

၂၀၀၄ ခုနှစ် အိမ်နားမှာ မီးလောင်နေတာကို သွားကြည့်ရင်း ဖခင်ဖြစ်သူ Dave Roth မှ ရိုက်ထားခဲ့တဲ့ပုံလေးပါ။ နာမည်အရင်းကတော့ Zoe Roth ဖြစ်ပြီး သူမဓာတ်ပုံဟာ Memes ဖြစ်သွားတဲ့အတွက် ကောလိပ်တက်ဖို့ ငွေတောင်အထောက်အပံ့ရခဲ့သေးတယ်လို့ဆိုပါတယ်။

Boredpanda

Trying to Hold A Fart Next to a Cute Girl in Class

Michael McGee ရဲ့ပုံလေးပါ။ သူငယ်ချင်း အချင်းချင်း စနောက်ပြီး တင်ခဲ့ရာမှတစ်ဆင့် အခုလို Memes character ထဲရောက်သွားတာဖြစ်ပါတယ်။ ဓာတ်ပုံစတင်ခဲ့တဲ့အချိန်ဟာ ၂၀၁၄ မတ်လကဖြစ်တာကြောင့် သူ့ပုံတွေကိုလူတွေမှ မူပိုင်ခွင့်ဖြင့် စနစ်တကျအသုံးပြုပါက အခုအချိန်မှာ ငွေတော်တော်ရနေလောက်ပြီဆိုပြီး မကျေနပ်နေသူလည်းဖြစ်ပါတယ်။

READ
မြင်ဖူးသမျှ စက်ရုပ်တွေထဲ အူရွှင်စရာ အကောင်းဆုံးဖြစ်မယ့် စက်ရုပ်ဂဏန်း
Boredpanda

Side-Eyeing Chloe

Chloe ရဲ့ပုံလေးကိုတော့ YouTuber ဖြစ်တဲ့ KAftC မှ တင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပုံဟာ ဓာတ်ပုံသက်သက်မဟုတ်ဘဲ ဗီဒီယိုမှတစ်ဆင့် ပြန်လည်ဖြတ်ယူထားတဲ့ပုံပါ။ Chloe နဲ့ အစ်မဖြစ်သူ Lily တို့ကို မိဘတွေမှ ကျောင်းသွားမယ်ပြောပြီး Disney Land ကို ခေါ်သွားမယ်ဆိုပြီး surprise လုပ်ခဲ့တာကြောင့် အရွယ်နည်းနည်းပိုကြီးတဲ့ အစ်မဖြစ်သူ Lily က ဝမ်းသာမျက်ရည်ကျကာ ငိုခဲ့တဲ့အခိုက်အတန့်ကိုကြည့်ပြီး ဖြစ်သွားတဲ့ Chloe ရဲ့ မျက်နှာပေးပဲဖြစ်ပါတယ်။

Boredpanda

Good Luck Charlie

Good Luck Charlie ဆိုတဲ့ Disney Channel မှ ထုတ်လွှင့်ခဲ့တဲ့ show ထဲက Mia Talerico ရဲ့ ပုံပဲဖြစ်ပါတယ်။

Boredpanda

Source: Boredpanda

Penny

SHARE