ဇာတ်ကားရိုက်ကွင်းက ပုံလေးတွေကို ဝေမျှခဲ့တဲ့ သဇင်နွယ်ဝင်း

သဇင်နွယ်ဝင်းကတော့ MRTV 4 ရဲ့ Presenter ဆယ်လီမမပါ။ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး Presenter တွေ ထဲက တစ်ယောက်ပါ။ ပွဲတိုင်းလိုလိုမှာ အစီအစဉ်တင်ဆက်သူနေရာကနေ အမြဲလိုလိုတွေ့နေရသူပါ။ ချစ်စရာ ကောင်း ပြီး ဖြူစင်တဲ့ အလှနဲ့ သူမရဲ့သွားတက်လှလှလေးကြောင့် ပရိသတ်တွေ အထူးသဖြင့် အမျိုးသား ပရိသတ်တွေရဲ့ အားပေး ၀န်းရံမှုကို အပြည့်အ၀ကို ရထားသူလေးပါ။

Thazin Nwe’s fb
Thazin Nwe’s fb
Thazin Nwe’s fb
Thazin Nwe’s fb

Presenter မမကတော့ မင်းသမီးတစ်ယောက် အဖြစ်နဲ့ ပရိသတ်တွေရှေ့ကို ရောက်လာတော့မှာပါ။ Escape ဆိုတဲ့ ဇာတ်ကားမှာ သူမက ပြည့်ပြည့်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်မှာပါ။ ဇာတ်ကားအတွက် ကန်တော့ ပွဲ အခမ်းအနားကိုတော့ ဖေဖော်ဝါရီ လဆန်းပိုင်းလောက်တည်းက လုပ်ပြီးခဲ့တာပါ။ အခုဆိုရင်တော့ ရိုက်ကူး ရေးတွေ စတင်နေပါပြီ။ သဇင်နွယ်ဝင်းကတော့ သူမရဲ့ အကောင့်မှာ ရိုက်ကွင်းပုံရိပ်လေးတွေကို ဝေမျှပေးထားပါတယ်။

READ
ကမ်းခြေမှာ အရမ်းတွေ ရိုမန်တစ်ဆန်နေကြတဲ့ G Fatt နဲ့ နန်းဆု
Thazin Nwe’s fb
Thazin Nwe’s fb
Thazin Nwe’s fb
Thazin Nwe’s fb

ဒီဇာတ်ကားကိုတော့ Forever Group ကနေ စီစဉ်ရိုက်ကူးတာပါ။ ဒါရိုက်တာကတော့ ဟိန်းကိုကို ပါ။ တွဲဖက် ဒါရိုက်တာကတော့ အောင်မြင့်မြတ်ပါ။ မင်းဘုန်းမြတ်၊ တေဇာကျော်၊ မှူးသီဟသူ၊ သဇင်နွယ်ဝင်း၊ ဆုမွန် နဲ့ တခြား သရုပ်ဆောင်တွေ အများကြီး ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးလို့ သိရပါတယ်။

Thazin Nwe’s fb
Thazin Nwe’s fb
Thazin Nwe’s fb

 

Thazin Nwe’s fb

Source သဇင်နွယ်ဝင်း

SHARE