Live ရုပ်သံရှိုးတစ်ခုမှာ စကားပြောနေတုန်း လေလည်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူမမ

[email protected]

ကျွန်တော့်အတွက်တော့ ချောင်းဆိုးတာနဲ့လေလည်တာတို့ဟာ ဘယ်လိုမှအောင့်အီးလို့မရနိုင်တဲ့ ကိစ္စရပ်နှစ်ခုပါပဲ။ အဆိုးဆုံးကတော့ လေလည်တာပါပဲ။ ခရီးလေးဘာလေးသွားလို့ ကားတွေအကြာကြီးစီးတဲ့အခါ လေလည်ချင်ရင်တောင် မှန်အလုံပိတ်ကားကြီးထဲ ကိုယ့်အနံ့တွေဖုံးသွားမှာကို အားနာပြီး မနည်းမနောအောင့်ခဲ့ရတာကြောင့် ကားပေါ်ကလည်းဆင်းရော တော်တော်လေးကို ဗိုက်ထဲမယ် နေမထိထိုင်မသာဖြစ်တော့တာပါပဲ။

တကယ်တော့ ကျွန်တော်တို့လူ့အသိုင်းမှာသာ အီးပေါက်တာဟာ ရှက်စရာလုပ်ရပ်တစ်ခုလို့ မြင်နေပေမယ့် တကယ်တမ်း ဆေးပညာအရကြည့်မယ်ဆိုရင် အီးပေါက်ခြင်းဟာ ကျန်းမာခြင်းပါပဲ။ ဝမ်းဗိုက်ထဲက အဆိပ်အတောက်ဖြစ်စေမယ့် ဂတ်စ်တွေကို အီးပေါက်ခြင်းဖြင့် ကျွန်တော်တို့တွေဟာ ပြင်ပသို့ ပထုတ်ပေးနေရတာပါ။ ဒါပေမဲ့လည်း ဘယ်လိုနိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ တိုးတက်တဲ့လူမျိုးတွေလိှု့ဆိုဆို အခုအချိန်အထိ အီးပေါက်ရင် ရှက်စရာလို့ပဲ တွေးနေကြဆဲပါ။

Twitter- Wendy Williams
Twitter- Wendy Williams

အခုလည်း Lad Bible မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်အရ အစိအစဉ်တက်သူအမျိုးသမီးတစ်ယောက်ဟာ အအအစီအစဉ်ရိုက်ကူးနေတုန်း လေလည်ခဲ့ဗီဒီယိုဟာ Twitter မှာ ပျံ့နှံ့နေခဲ့ပါတယ်။

သူမနာမည်ကတော့ Wendy Williams ပါ။ အမေရိကန်ရုပ်သံလိုင်းတစ်ခုရဲ့ အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပြီး The Wendy Williams Show ဆိုတဲ့ ရုပ်သံအစီအစဉ်တစ်ခုကိုလည်း တာဝန်ယူတင်ဆက်ပေးနေခဲ့တာကြာပါပြီ။

READ
ဘာကြီးပဲ ဖြစ်ဖြစ် ဂရုမစိုက်ပဲ ၀တ်ချင်တာ ၀တ်ကြတဲ့ တရုတ်ပြည်သူ/သားများ

သူမရဲ့ပွင့်လင်းတဲ့ပြောပုံဆိုပုံ၊ ဟန်ပန်တွေကြောင့် ရုပ်သံကြည့်ပရိတ်သတ်တွေကြားထဲ မျက်နှာပန်းလှသူပေါ့။ဒါပေမဲ့ အသက် ၅၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Wendy ဟာ ဇန်နဝါရီလအစောပိုင်းမှာတုန်းက ပြသခဲ့တဲ့ သူမရဲ့ရုပ်သံရှိုးအပိုင်းတစ်ခုမှာ အားလုံးမထင်မှတ်ထားတဲ့အရာကို လုပ်ခဲ့ပါတော့တယ်။

ရှိုးစစချင်းကတည်းက Wendy ကို ကြည့်ရတာ လုံဝကို ကဏာငြိမ်အနေခဲ့ပါဘူး။ အရင်ဆို လွတ်လွတ်လပ်လပ်ထိုင်တတ်တဲ့ Wendy တစ်ယောက် ဒီတစ်ခေါက်မှာပဲ ဆိုဖာနဲ့တင်ပါးနဲ့ ကြွလိုက်၊ တင်ပါးကိုဘေးစောင်းပြီးထိုင်လိုက်နဲ့ တော်တော်လေးအလုပ်ရှုပ်နေခဲ့တာပါ။ ခဏလောက်အကြာမှာတော့ သူမရဲ့စကားပြောသံမြင့်တက်သွားတာနဲ့အညီ သူမ လေလည်လိုက်တဲ့အသံကိုလည်း မိုက်ခ်မှာ သွားဖမ်းမိခဲ့ပါတော့တယ်။

 

ဒါပေမဲ့လည်း Wendy ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ပြောကြားထားခြင်းမရှိသေးပေမယ့်လို့ Wendy Williams တစ်ယောက် အီးပေါက်တယ်ဆိုပြီး တင်ထားတဲ့ မူရင်းဗီဒီယိုမှာတော့ ဆိုဖာနဲ့အဝတ်နဲ့ပွတ်တဲ့အသံတို့၊ မိုက်ခ်က အသံမြည်တာတို့ စသဖြင့် Wendy အီးပေါက်တာမဟုတ်ဘူးဆိုတာကို အထောက်အထားတွေနဲ့တကွ အငြင်းပွားနေခဲ့ကြပါတယ်။

Penny

SHARE