တရုတ် mukbang စားပြတဲ့သူတွေကို ပေါ်ပေါ်တင်တင်ဝေဖန်ခဲ့တဲ့ သမ္မတ Xi Jinping

Weibo

Mukbang ဗီဒီယိုတွေ ကြည့်တဲ့လူရှိလား။ Mukbang ဆိုတာ တောင်ကိုရီးယားမှစတင်လိုက်တဲ့ ဗီဒီယိုတွေပါ။ တစ်ယောက်စာထက်ပိုတဲ့ အစားအစာတွေကို တစ်ယောက်တည်းကပဲ အကုန်စားပြတဲ့ ဗီဒီယိုမျိုးတွေပေါ့။ အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးမှာတောင် mukbanger တွေအများကြီးဖြစ်နေကြပါပြီ။ အထူးသဖြင့် တောင်ကိုရီးယားနဲ့ တရုတ်မှာတော့ အများဆုံးရှိနေကြပါတယ်။

South China Morning Post ရဲ့ဖော်ပြချက်အရ တရုတ်ပြည်မှာတော့ mukbanger တွေကို တရုတ်သက်ဆိုင်ရာတွေကနေပြီး ဝေဖန်လာခဲ့ပါပြီတဲ့။ အဓိကကတော့ mukbanger တွေစားတဲ့အစားအသောက်တွေကြောင့်ပါ။

Weibo

မနှစ်ကတည်းကစပြီး တရုတ်နိုင်ငံဟာ အစားအသောက်နဲ့ပတ်သက်ပြီးအရမ်းကို ဂရုတစိုက်ကြပ်မတ်လာခဲ့တာပါ။ သိကြတဲ့အတိုင်း တရုတ်စားဝိုင်းတွေဆိုတာ ဘယ်နယောက်စားစား ဟင်းအမျိုးအစားပေါင်း ၁၀ ပွဲပတ်ဝန်းကျင်မှာပဲရှိနေခဲ့တာပါ။ ဒါကြောင့် အခုဆိုရင် ဆိုင်တွေမှာ လူ ၁၀ ယောက်စာ တရုတ်စားဝိုင်းမှာမယ်ဆိုရင် ဟင်းပွဲ ၉ ပွဲပဲ မှာခွင့်ရှိတော့တဲ့အထိကို ကြပ်မတ်ခဲ့တာပါ။

Weibo

အခုလည်း တဖြေးဖြေးကျယ်ပြန့်လာတဲ့ mukbang လောကကို တရုတ်အာဏာပိုင်တွေ သတိထားမိကာ တရားဝင်သတိပေးမှုတွေပြုလုပ်လာခဲ့ပါပြီ။ ကြေငြာချက်ကိုတော့ ဗုဒ္ဓဟူးနေ့တုန်းကထုတ်ပြန်ခဲ့တာပါ။ ထုတ်ပြန်ချကိထဲမှာ အစားအသောက်တွေကို တန်ဖိုးထားသင့်ကြောင်း၊ အနာဂတ်မှာလည်း လူဦးရေနဲ့ရိက္ခာညီမျှရေးတွေကို ရှေးရှုပြီး နိုင်ငံသားတိုင်း လိုက်နာသင့်တာတွေကို လိုက်နာသင့်ကြောင်း၊ နောက် mukbang ဆိုတာလည်း အစားအသောက်တွေကို ဖြုန်းတီးနေတာဖြစ်တာကြောင့် ရပ်တန့်ကရပ်ရင်ရပ်မရပ်ရင် စီစစ်မှုတွေ ပြုလုပ်ရမလိမ့်မယ်လို့ ပြောလာခဲ့ပါတယ်။

READ
ဇိမ်ခံသဘောင်္ာကြီးပေါ်မှာ အနားယူနိုင်တော့မယ့် သြစတြေးလျ မီးသတ်သမားများ

တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Weibo မှာလည်း mukbang တွေနဲ့ပတ်သက်ပြီး လူတွေရဲ့သဘောထားကို poll လုပ်ပြီး မေးတဲ့အချိန်မှာလည်း လူတွေတော်တော်များများဟာ mukbang ဗီဒီယိုတွေကြည့်တာကို အရမ်းကြိုက်ပေမယ့်လို့ အစားအသောက်တွေကို ဖြုန်းတီးပစ်နေတာကိုတော့ လုံးဝလက်မခံနိုင်တဲ့အတွက် ကန့်ကွက်သင့် ကန့်ကွက်ရမှာပဲလို့ သဘောထားတွေကို ပြောပြလာခဲ့ပါတယ်။

Weibo
Weibo

penny

 

SHARE