“Parasite”  အဖွဲ့ သားတွေကို သမ္မတ Moon Jae In တွေ့ဆုံ ဂုဏ်ပြု

Image:twitter/@K_DramaIndo

တောင်ကိုရီးယား သမ္မတ Moon Jae In ကတော့ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ “Para site”  ရုပ်ရှင်အဖွဲ့သားတွေကို အိမ်ပြာ တော်ကို ဖိတ် ကြား ပြီး ဂုဏ် ပြု ပေးခဲ့ပါတယ်။ “Parasite”  ကတော့ အော်စကာ ဆုပေးပွဲမှာ ဆုတွေ အများကြီး ရခဲ့ပြီး ကိုရီးယား နိုင်ငံရဲ့ ရုပ်ရှင် နယ်ပယ်အတွင် သမိုင်းမှတ် တိုင်သစ် စိုက်ထူ ပေးနိုင်ခဲ့ပါတယ်။အော်စကာ ဆုပေးပွဲမှာ  International Feature Film ဆု ၊ Best Director နဲ့ “Best Original Screenplay”. ဆုတို့ကို ရခဲ့ပါတယ်။“Parasite”   ကတော့ အော်စကာ သမိုင်းတစ်လျောက်မှာ Best Picture ဆုကို ရတဲ့ ပထမဆုံး နိုင်ငံခြားရုပ်ရှင်(အင်္ဂလိပ်စကားမပြော တဲ့) ဖြစ်လာခဲ့ပါတယ်။

Image:twitter/@K_DramaIndo

ဖေဖော်ဝါရီ (၂၀)မှာတော့ သမ္မတ Moon Jae In က “Parasite”  အဖွဲ့ သားတွေကို အိမ်ပြာတော်ကို ဖိတ်ကြားခဲ့ပြီး ဂုဏ်ပြု စကား ပြောခဲ့ပါတယ်။အော်စကာ ဆိုတာ ကမ္ဘာ ပေါ်မှာ အခမ်းနားဆုံး ရုပ်ရှင်ပွဲ တော်တစ်ခု ဖြစ်ကြောင်း၊ဒါရိုက်တာ Bong အင်္ဂလိပ် မဟုတ်တဲ့ ရုပ်ရှင် ကားဆိုတဲ့ အတားအဆီးတွေကို ဖြတ် ကျော်ပြီး  အကောင်းဆုံး ရုပ်ရှင်၊အကောင်းဆုံး ဒါရိုက်တာ အဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

READ
ပုရိသတွေကို အံ့အားသင့်စေခဲ့တဲ့ လယ်သူမလေး လုလုအောင်ရဲ့ ပုံရိပ်တွေ
Image:twitter/@K_DramaIndo

ဒီအောင်မြင်မှု ကတော့ သူ့ အတွက် အရမ်းဂုဏ်ယူစရာဖြစ်ခဲ့တယ်လို့ သမ္မတ ကြီး က ပြောပါတယ်။ BTS တို့ လို K Pop Artist တွေ ၊ ကိုရီးယား ဒရမ်မာတွေ၊ဂီတ ပညာရှင်တွေ ကလည်း နိုင်ငံ တကာမှာ အောင်မြင်မှု များစွာကို ဆောင်ကျဉ်း ပေး နေကြ ကြောင်း..

Image:twitter/@K_DramaIndo

 

View this post on Instagram

 

♥️

A post shared by Bong Joon-Ho (@bongjoonhoofficial) on

ကိုရီးယားရဲ့ ယဉ် ကျေးမှု ဟာ အခုဆိုရင် အစွန် အဖျား နေရာကနေ မှ ကမ္ဘာ့အလယ်ဗဟိုကို ရွေ့ လာပြီး ယဉ် ကျေးမှု နယ်ပယ်ကြီးမှာ အသိအမှတ်ပြု ခံနေ ရကြောင်း၊ဒါကလည်း ဒါရိုက်တာ Bong အပါအ၀င် အားလုံးရဲ့ ကြိုးစားမှုကြောင့် ရတဲ့ ရလဒ်မို့ အားလုံးကို ကျေးဇူး တင်ကြောင်း ထပ်ပြောချင်ပါတယ်ဆိုပြီး  ပြောခဲ့ပါတယ်။အိမ်ပြာတော်က စားပွဲ မှာတော့ သမ္မတ က တော် Kim Jung Sook ရဲ့ လက်ရာ  chapaguri  ကို လည်း အထူးလက်ရာ အဖြစ်နဲ့ တည့်ခင်းဧည့်ခံ ခဲ့ပါတယ်။အဲ့ဒီ အစားအစာကတော့ “Parasite,”  ဇာတ်ကားထဲမှာလည်း ပါခဲ့ဖူးပါတယ်။ဒါရိုက်တာ Bong Joon Ho ကလည်း သမ္မ တ ရဲ့ အိမ်ပြာ တော် အထိ ဖိတ်ပြီး ဂုဏ် ပြု ပေးတဲ့ အတွက် ကျေးဇူး တင်စကားလည်း ပြန်လည် ပြောကြားပေးခဲ့ပါတယ်။

Source:Soompi

SHARE