သူများတွေလို mask တပ်ပြီး ဝက်ခြံတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

Freepik- beststudio

လက်တလော ဘယ်သွားသွားကို mask က မတပ်မဖြစ်တပ်နေရတဲ့အတွက် ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် maskne ဆိုတဲ့ ပြဿနာတစ်ရပ်ကြုံတွေ့နေရပါတယ်။ အဲဒါကတော့ mask နဲ့ ထိတွေ့တဲ့နေရာတွေမှာ ဝက်ခြံတွေပေါက်လာတာမျိုးပေါ့။ ဥပမာ မေးရိုးတစ်လျှောက်၊ ပါးအပေါ်ပိုင်း။

ဒီလို ဒုက္ခပေးနေတဲ့ maskne တွေကို မဖြစ်ပွားအောင် ဘယ်လိုမျိုး ကာကွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

(၁) Mask ကို လဲပေးပါ

သင်ဟာ အဝတ် mask တပ်နေတဲ့လူဆိုရင် တစ်နေ့ကို ၂ ကြိမ်လောက်ဖြစ်ဖြစ် လျှော်ဖွတ်ပြီးသား mask တွေ လဲလှယ်ပေးပါ။

Freepik- beststudio

(၂) မျက်နှာသစ်ပါ

မနက်တစ်ကြိမ် ညတစ်ကြိမ်မျက်နှာသစ်ပါဆိုတာအပြင်ကိုမှ mask အသစ်တစ်ခုလဲတော့မယ်ဆိုတိုင်းလည်း မျက်နှာပေါ်က အဆီနဲ့ အညစ်အကြေးတွေကို ပြောင်စင်အောင် မျက်နှာသစ်ပေးဖို့လည်း လိုအပ်ပါတယ်။

(၃) မိတ်ကပ်တွေကို တပ်နိုင်သလောက်ရှောင်ပါ

Mask တပ်နေရတဲ့အချိန်မှာ မိတ်ကပ်အထူကြီးတွေလိမ်းခြင်းမှ ရှောင်ရှားပေးပါ။ ဝက်ခြံနဲ့ mask နဲ့ မျက်နှာပေါ်က အဆီတွေနဲ့ ရောပြီးချွေးပေါက်ပိတ်ကာ ဝက်ခြံတွေကိုပိုထွက်စေပါတယ်။

READ
ကမ္ဘာတစ်လွှားက ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်များ

 

@wholegrain2000Getting your priorities right when covid takes over ##TodayYearsOld ##fyp ##covid ##australia ##forupage ##xyzb ##PokemonGO ##TikTokAustralia ##makeup♬ Mr. Blue Sky – Electric Light Orchestra

(၄) ရေဓာတ်ဖြည့်ပါ

Mask နဲ့ ထိတွေ့နေတဲ့နေရာလေးတွေတစ်လျှောက်ကို ရေဓာတ်ဖြည့်ပေးနေဖို့လိုအပ်ပြီး မျက်နှာအသားအရေနဲ့ mask နဲ့ တိုက်ရိုက်မထိတွေ့အောင်လို့ gel moisturizer ကို လိမ်းပေးနိုင်ပါတယ်။

Freepik- beststudio

(၅) ရေနွေးငွေ့နဲ့ပေါင်းခံပါ

တစ်နေကုန် mask နဲ့သွားလာလှုပ်ရှားနေရတာကြောင့် လေဝင်လေထွက်လည်းမရှိ၊ ချွေးတွေ မျက်နှာပေါ်က အဆီတွေနဲ့ ချွေးပေါက်တွေပိတ်လာနိုင်ပါတယ်။ အဲဒီကနေမှ ဝက်ခြံဖြစ်နိုင်တာပေါ့။ ဒါကြောင့် အနည်းဆုံး ၁ ပတ်ကို တစ်ခါလောက်တော့ ရေနွေးငွေ့နဲ့ပေါင်းခံပြီး ချွေးပေါက်တွေကိုဖွင့်ပေးပါ။ Skin care လိမ်းဖို့လည်း မမေ့နဲ့ဦးနော်။

READ
လွန်လွန်ကျူးကျူးလိုက်စားလျှင် စီးပွားပျက်စေနိုင်သောအရာများ

penny

SHARE