ဆိုရှယ်မီဒီယာကြောင့် စိတ်ကျန်းမာရေးထိခိုက်ခံရမှုမှ ကာကွယ်ခြင်း

Pexels/rawpixel.com

အရွယ်ရောက်ပြီး အမေရိကန်လူမျိုး (၃) ပုံ(၁) ပုံကျော်က ဆိုရှယ်မီဒီယာကို စိတ်ကျန်းမာရေးအတွက် အန္တရာယ်ပေးနိုင်တဲ့အရာအဖြစ် သတ်မှတ်ထားပါတယ်။ ဆာဗေးတစ်ခုအရ လူဦးရေ (၅) ရာခိုင်နှုန်းသာ ဆိုရှယ်မီဒီယာက စိတ်ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး သုံးသပ်ကြကြောင်း သိရပါတယ်။ (၄၅) ရာခို်င်နှုန်းကတော့ ဆိုရှယ်မီဒီယာဟာ ကောင်းကျိုးရော ဆိုးကျိုးပါရှိတယ်ဆိုပြီး ပြောထားပါတယ်။

ဆာဗေးရဲ့ သုံးပုံနှစ်ပုံသော လူဦးရေက ဆိုရှယ်မီဒီယာအသုံးပြုခြင်းဟာ အထီးကျန်ခြင်းနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့လည်း ဆိုထားပါတယ်။ လူတွေဟာ ဆိုရှယ်မီဒီယာကြောင့် အချင်းချင်း မနာလို အားကျတာ၊ ကိုယ့်ကိုကိုယ်သေးသိမ်တယ်လို့ ခံစားရစေတာ၊ စိတ်လှုပ်ရှားမှုဖြစ်တာ၊ စိတ်ကျဝေဒနာရတာ စတာတွေကို ခံစားရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ ဆိုရှယ်မီဒီယာကြောင့် ဖြစ်ပေါ်လာမယ့် စိတ်မကျန်းမမာမှုတွေ ကင်းဝေးအောင် အောက်မှာဖော်ပြထားတဲ့ အချက်တွေကို လိုက်နာကြည့်သင့်ကြပါတယ်။

ကိုယ့်ခံစားချက်ကို အလေးထားပါ

Pexels/Engin Akyurt

ဆိုရှယ်မီဒီယာအသုံးပြုသူဟာ အသုံးပြုတဲ့အချိန်ပေါ်မူတည်ပြီး ခံစားချက်တွေ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ည(၁၀) နာရီနောက်ပိုင်းမှာ ဖေ့စ်ဘုတ်သုံးတဲ့သူတွေဟာ အားအင်ကုန်ခမ်းပြီး မောပန်းလွယ်လေ့ရှိကြောင်းနဲ့ ကိုယ့်ကိုကိုယ် မကောင်းမြင်စိတ်ထား များလာတတ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံတွေတင်ပြီး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတွေဟာ ဒီတိုင်းသုံးပြီး သူများပို့စ်တွေကို ထိုင်ရှဲနေတဲ့သူတွေထက် မကောင်းမြင်စိတ်ပိုမိုနည်းပါးကြတယ်လို့လည်း သိရပါတယ်။

READ
ပတ်ဝန်းကျင်မှာ မျက်နှာပွင့်တဲ့သူတစ်ယောက် ဖြစ်စေဖို့နည်းလမ်းများ

ဆိုရှယ်မီဒီယာကို ဘယ်အချိန်၊ ဘယ်နေရာမှာသုံးမယ်ဆိုတာ ကန့်သတ်ပါ

Pexels/rawpixel.com

ဆိုရှယ်မီဒီယာတွေဟာ လူအချင်းချင်း တွေ့ဆုံဆက်ဆံရေးမှာ အနှောင့်အယှက်ပေးနိုင်ပါတယ်။ မိသားစုနဲ့ ထမင်းစားနေတဲ့အချိန်၊ ရင်းနှီးတဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့အချိန်တွေမှာ ဆိုရှယ်မီဒီယာမသုံးမိအောင် ဂရုပြုပေးပါ။ ဒါ့အပြင် ဆိုရှယ်မီဒီယာကြောင့် အလုပ်ပရောဂျက်တွေနှောင့်နှေးစေတာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးပျက်စေတာမျိုးတွေ မဖြစ်စေသင့်ပါဘူး။

ဆိုရှယ်မီဒီယာကို အကျိုးရှိစွာ အသုံးချပါ

Pexels/rawpixel.com

တကယ်လို့ မနက်မိုးလင်းလင်းချင်း ဖေ့စ်ဘုတ်ကို ဖွင့်ကြည့်တော့မယ်ဆိုရင် အရင်စဉ်းစားပါ။ ဒီထဲက ဘာသတင်းအသစ်တွေများတက်မလဲ သိချင်လို့လား၊ ဒါမှမဟုတ် မျက်စိနှစ်လုံးပွင့်တာနဲ့ ဖေ့စ်ဘုတ်ဖွင့်တာက ကိုယ့်အတွက် အရေးမပါတဲ့အကျင့်တစ်ခုဖြစ်နေပြီလားဆိုတာ စဉ်းစားသင့်ပါတယ်။ အချို့တွေဆိုရင် အလုပ်လုပ်နေရင်းနဲ့ အခက်အခဲတစ်ခုဖြစ်တဲ့အခါ ဆိုရှယ်မီဒီယာကို ကြည့်ချင်စိတ်က ပေါ်ပေါ်လာတတ်ပါတယ်။ ဒါကို သတိထားမိရင် သိနိုင်ပါတယ်။ ဒါကြောင့် အလကားနေရင်း ဆိုရှယ်မီဒီယာပေါ်က Newsfeed ကို ခဏခဏစစ်ကြည့်နေမယ့်အစား ဒီလိုအကျင့်ဟာ ဘ၀တိုးတက်ဖို့အတွက် တကယ်ပဲ အသုံးဝင်တဲ့ အမူအကျင့်လားဆိုတာ ပြန်စစ်ဆေးကြည့်သင့်ပါတယ်။

READ
အတ္တစိတ်လွန်ကဲနေသူမှန်း ဘယ်လိုအချက်တွေအားဖြင့် သိနိုင်မလဲ…

ဆိုရှယ်မီဒီယာကို တတ်နိုင်သမျှ နည်းနည်းပဲ သုံးမယ်လို့ စိတ်ထဲထည့်ထားပါ

Pexels/Helena Lopes

လေ့လာချက်ပေါင်းများစွာအရ (၅) ရက် (၁) ပတ်လောက် ဖေ့စ်ဘုတ်မသုံးတဲ့အခါ စိတ်ဖိစီးမှုလျော့နည်းပြီး ဘ၀ကို ပိုအကောင်းမြင်လာတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါ့အပြင် ဖေ့စ်ဘုတ်၊ အင်စတာဂရမ်စတဲ့ ဆိုရှယ်မီဒီယာတွေကို တစ်ရက် (၁၀) မိနစ်ပဲ သုံးရမယ်လို့ လူတစ်ယောက်ကို ကန့်သတ်ပြီး ရက်သတ္တပတ်(၃) ပတ်အကြာ ထိုသူကို ပြန်စစ်ကြည့်လိုက်တဲ့အခါ အထီးကျန်မှုနဲ့ စိတ်ကျဝေဒနာဖြစ်နိုင်ခြေတွေပါ လျော့နည်းသွားတာကို တွေ့ရကြောင်း curiosity.com ကနေတဆင့် ကိုးကားပြီးဖော်ပြပေးလိုက်ပါတယ်

လင်းလင်း (ShweMom)

SHARE