ကာတာနိုင်ငံရဲ့ အခွန်စနစ်အသစ်ကြောင့် အယ်ကိုဟောဈေးနှုန်းတွေ နှစ်ဆခုန်တက်

ကာတာနိုင်ငံမှာ အခုဆို အဖျော်ယာမကာ သောက်သုံးမယ်ဆို အခွန်ကို ရာနှုန်းပြည့်ပေးဆောင်ရတော့မယ်လို့ သိရပါတယ်။ (၂၀၂၀) ခုနှစ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကာတာနိုင်ငံမှာ နောက်ထပ် ကုန်ဈေးနှုန်းတွေတက်ဖို့ကလည်း တစ်သီကြီး ရှိနေပါတယ်။ ဒါက ကျန်းမာရေးကို ထိခိုက်စေတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ ကြပ်မတ်တဲ့ အနေနဲ့ ရှေးရိုဆန်းတဲ့ မွတ်စလင် ပင်လယ်ကွေ့ ပြည်နယ်က ချမှတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒီ ပေါ်လစီကို ကာတာ ဖြန့်ဖြူးရေးကုမ္ပဏီက ထုတ်ဖော်လိုက်တာဖြစ်ပြီး ကာတာနိုင်ငံရဲ့ တစ်ခုတည်းသော အယ်ကိုဟော အရောင်းဆိုင်မှာ အဖျော်ယာမကာတွေအမျိုး (၃၀) ရဲ့ ဈေးနှုန်းအသစ်တွေကို ၁၀၀ ရာခိုင်နှုန်း အခွန်နဲ့ စတင် မိတ်ဆက်နေပါတယ်။

အခွန်နှုန်းမတက်ခင်က….

ထွက်ပေါ်လာတဲ့ စာရင်းကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ အကျယ်တ၀င့် ဖော်ပြနေကြပြီး နေချင်းညချင်း နှစ်ဆခုန်တက်သွားတဲ့ ဈေးနှုန်းတွေလည်း ပါရှိပါတယ်။ ဒါ ဇန်န၀ါရီ (၁) ရက်နေကတည်းက စခဲ့တယ်လို့ သိရတယ်။

READ
လိင်တူချစ်သူတွေကို တိရစ္ဆာန်ထက်ဆိုးရွားတယ်လို့ပြောလို့ Nikeကပတ်ကွီအိုရဲ့စာချုပ်ကိုဖြတ်သိမ်း

ဒါ တကယ် အမှန်ဖြစ်ကြောင်း၊ စည်းမျဉ်းအသစ်နဲ့အတူ Bomba Sapphire ဂျင် တစ်ပုလင်းဟာ အခုဆို ကာတာငွေ (၃၄၀) ယူရို (၇၃) ကျပ်၊ တောင်အာဖရိက မှလာတဲ့ Shiraz ၀ိုင်ဆို ကာတာငွေ (၈၆) ယူရို (၁၈.၅၀) ကျပ်နဲ့ Heineken 330 ml (၂၄) လုံး တစ်ဖာကို ကာတာငွေ (၃၈၄) ယူရို (၈၄) ကျပ်အထိ ပေးဝယ်ရတော့မှာ ဖြစ်ကြောင်း အစိုးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အခွန်နှုန်းတိုးမြှင့်ပြီး…

ကာတာနိုင်ငံမှာ အရက်၊ အယ်ကိုဟောကို အကန့်အသတ်နဲ့ တရားဝင်ဝယ်လို့ရပါပြီ၊ နောက်ပြီး လိုင်စင်တင်ထားတဲ့ ဘားတွေ၊ ကလပ်တွေနဲ့ ဟော်တယ်တွေမှာ သောက်သုံးနိုင်ပါပြီ။ ဒါပေမယ့် အများပြည်သူ သွားလာတဲ့ နေရာတွေမှာတော့ တားမြစ်ထားပါတယ်။ လေးနှစ်မှ တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ကျင်းပရေးမှာ  အယ်ကိုဟော ကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းမှ အတိမ်းအစောင်းမခံနိုင်တဲ့ အနေအထာမှာ ရှိနေပါတယ်။ ကာတာနိုင်ငံက ကျင်းပရေး ကော်မတီနဲ့ စီစဉ်သူတွေက ပရိသတ်တွေအနေနဲ့ အယ်ကိုဟောကို သတ်မှတ်ထားတဲ့ နေရာတွေမှာ ရရှိနိုင်မှာဖြစ်ပြီး  နိုင်ငံရဲ့ ထုံးတမ်းအစဉ်အလာကို လေးစားသောအားဖြင့် အများပြည်သူစုဝေရာ အရပ်တွေမှာတော့ မရရှိနိုင်ဘူးလို့ ဖော်ပြထားပါတယ်။

READ
ကြောက်စရာကောင်းလွန်းလို့ လူတိုင်းဆုံးအောင် မကြည့်ရဲတဲ့ သရဲကား Trailer

Source: Mirror

Matthew (ShweMOM)

 

 

SHARE