သမ္မတ ဒေါ်နယ်ထရန့်ကို လက်ခလယ်ထောင် ပြသလိုဖြစ်သွားတဲ့ ချားစ်မင်းသား

YouTube/ABCNews

အခုရက်ပိုင်း အင်တာနက်မှာ ဟော့နေတဲ့ ကိစ္စကတော့ အစဉ်အလာကြီးမားလှပါတယ်ဆိုတဲ့ အင်္ဂလန်က မင်းသားတစ်ယောက်ဖြစ်တဲ့ ချားစ်မင်းသားတစ်ယောက်က ဇာတ်လိုက်ကျော် အမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံစဉ်မှာ လက်ခလယ်ထောင်ပြလိုက်သလို ပြုမူခဲ့တဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

NATO ကိစ္စနဲ့ ပတ်သက်ပြီး (၄.၁၂.၂၀၁၉)ရက်နေ့က အင်္ဂလန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတဒေါ်နယ်ထရန့်ဟာ အင်္ဂလန်ဘုရင်မကြီးက လက်ခံနှုတ်ဆက်တုန်းမှာ အခုလို ဖြစ်သွားခဲ့တာပါ။

Posted by First Lady Melania Trump on Wednesday, December 4, 2019

သမ္မတဒေါ်နယ်ထရန့်ဘက်က သူ့ရဲ့ ဇနီးဖြစ်သူ First Lady Melania နဲ့လာရောက်ခဲ့ပြီး တစ်ဖက်ကတော့ အင်္ဂလန်ဘုရင်မကြီး၊ ချားစ်မင်းသားနဲ့ သူ့ရဲ့ ဇနီးဖြစ်တဲ့  Camilla Parker-Bowles တို့က လက်ခံနှုတ်ဆက်ခဲ့ကြပါတယ်။

ဒီလိုနှုတ်ဆက်တုန်းမှာလည်း ချားစ်မင်းသားဟာ ဒေါ်နယ်ထရန့်အပေါ်မှာ သိပ်ပြီး ဟက်ဟက်ပက်ပက်မရှိဘဲ ဝတ်ကျေတမ်းကျေလောက်ပဲ ပြုမူခဲ့တာပါ။ နှုတ်ဆက်စဉ်မှာ ချားစ်မင်းသားဟာ ခေါင်းငုံ့ပြီး မျက်လုံးပွတ်လိုက်ချိန်မှာ လယ်ခလယ်ကို အသုံးပြုပြီး ပွတ်သပ်ခဲ့တာပါ။

 

ဒီဖြစ်ရပ်အပေါ်မှာ ချားစ်မင်းသားအနေနဲ့ တကယ့်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ဆိုသူတွေလည်း ရှိသလို၊ မတော်တဖြစ်မိသွားတဲ့ ကိစ္စလို့ မြင်သူတွေလည်း ရှိပါတယ်။ လက်လေးချောင်းလုံး အားရဲ့သားနဲ့ လက်ခလယ်ကိုမှ ရွေး သုံးသွားတယ်လို့လည်း ပြောဆိုမှုတွေရှိခဲ့ပါတယ်။

တကယ်တော့ သမ္မတဒေါ်နယ်ထရန့်ရဲ့ ချားစ်မင်းသားတို့က ဆန့်ကျင်ဘက်တွေလို့ ပြောလို့ပါတယ်။ ချားစ်မင်းသားဟာ ရာသီဥတုပြောင်းလဲရေးနဲ့ ထိန်းသိမ်းရေးတို့မှာ စွမ်းစွမ်းတမံ ပါဝင်နေသူတစ်ယောက်ဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့်ကတော့ ရာသီဥတုထိန်းစိမ်းရေးကို ကောင်းကောင်းကြီး လျစ်လျူရှူ့ထားသူတစ်ယောက်ပါ။

Ye Yint Kyaw

SHARE