သီးနှံတွေရိတ်သိမ်းဖို့ ကျောင်းသားတွေကို အကူအညီတောင်းခဲ့တဲ့ Charles မင်းသားကြီး

Pixabay-TheDigitalArtist [email protected]

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့အချိန်မှာ တိုင်းပြည်တစ်ခုအတွက် စားနပ်ရိက္ခာဟာ အင်မတန်မှ အရေးကြီးပါတယ်။ အခုလည်း ကောက်ပဲသီးနှံတွေ ရိတ်သိမ်းရမယ့် အချိန်ကျရောက်လာပြီမို့လို့ Charles မင်းသားကြီးကတော့ သူတို့နိုင်ငံရှိ ခွင့်ယူထားတဲ့ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကို လယ်သမားတွေ ကောက်ပဲသီးနှံရိတ်သိမ်းရာမှာ ဝင်ရောက်ကူညီဖို့ သူ့ရဲ့ Twitter အကောင့်မှတစ်ဆင့် ဗီဒီယိုတင်ကာ အကူအညီတောင်းခံခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Charles မင်းသားကြီးဟာ လက်ရှိအချိန်မှာ တိုင်းပြည်အတွက် စားနပ်ရိက္ခာဟာ အင်မတန်အရေးကြီးနေပြီး အနာဂတ်မှာ ဘာဆက်ဖြစ်မလဲမသိနိုင်သေးတဲ့ ဒီလိုအချိန်မှာ တိုင်းသူပြည်သားများအနေဖြင့် လယ်သမားတွေကို ကောက်ပဲသီးနှံရိတ်သိမ်းရာမှာ အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလိုတောင်းဆိုမှုအတွက် အဓိကရည်ရွယ်ထားတဲ့ လူတွေဟာလည်း အလုပ်မှ ခွင့်ရထားတဲ့သူတွေနဲ့ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မျိုးမှာ ဝန်ထမ်းအများစုဟာ ခွင့်ယူထားကြပြီး အိမ်မှာပဲ သက်သက်သာသာ အနားယူနေထိုင်လျက် ရှိပါတယ်။ ဒါ့အပြင် ကျောင်းတွေ တော်တော်များများကလည်း လက်ရှိအချိန်မှာ ပိတ်ထားတာဖြစ်တဲ့အပြင် တစ်ချို့ကျောင်းတွေမှာဆိုရင်လည်း ဘွဲ့တွေပေးအပ်ပြီးတဲ့အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားအများစုဟာလည်း အိမ်မှာ အေးဆေးနေနေတဲ့ အချိန်ဖြစ်တာကြောင့် ဒီလိုအချိန်မျိုးမှာ လယ်သမားတွေကို ဝိုင်းပြီး ကူညီပေးဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

READ
အငြင်းပွားစရာဖြစ်လာနေတဲ့ (၁၆) နှစ်အရွယ် အီသိုယိုပီးယားအပြေးမယ်လေးရဲ့ ရုပ်ရည်
Pixabay-TheDigitalArtist

“အရင်နှစ်တွေတုန်းကတော့ လယ်သမားတွေဟာ ဒီလိုကောက်ပဲသီးနှံရိတ်သိမ်းရမယ့် အချိန်မျိုးမှာ အလုပ်သမားတွေကို ငှားရမ်းလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာတော့ ဘယ်အလုပ်သမားမှ ငှားလို့မရတော့သလို ကောက်ပဲသီးနှံတွေကို လယ်သမားတွေ ကိုယ်တိုင်ရိတ်မယ် ဆိုရင်တောင် အချိန်မှီပြီးမှာ မဟုတ်ပါဘူး။ ပြီးတော့ ကောက်ပဲသီးနှံ ရိတ်သိမ်းတယ်ဆိုတာကလည်း သူ့အချိန်နဲ့သူ ရှိပါတယ်။ ဒါ့ကြောင့် အချိန်မှီပြီးစီးပြီး လူအင်အားများများနဲ့ မြန်မြန်ရိတ်သိမ်းနိုင်အောင် ပြည်သူလူထုကို အခုလို အကူအညီတောင်းရတာ ဖြစ်ပါတယ်” လို့ Charles မင်းသားကြီးမှ ပြောကြားခဲ့ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE