အသက် (၇)နှစ်ပြည့်သွားတဲ့ Prince George

Image :IG/Kensington Palace

ကိန်းဘရစ်ခ်ျမြို့စားနဲ့ မြို့စားက တော် ဗြိတိန်တော်ဝင် နန်းလျာမင်းသား ဝီလျံနဲ့ ကြင်ယာတော် ကိတ် တို့ရဲ့ သား  လေး Prince George  က တော့  အခုဆိုရင် အသက် (၇)နှစ်ပြည့် သွားပါပြီ။(၂၀၁၃)ဇူလိုင် (၂၂)ရက်နေ့ မှာ မွေး ဖွား ခဲ့တာပါ။မင်းသား လေး George ရဲ့ အသက် (၇)နှစ်ပြည့် မွေးနေ့ အမှတ်တရ အ နေနဲ့ ဓါတ်ပုံ အသစ် လေး တွေကို  ဝေမျှ ပေးလိုက်ပါတယ်။ပုံလေးေ တွကိုတော့ ကိတ်က အခုလ အ စောပိုင်း တုန်းက ရိုက်ထား တာပါ။ဒီအ  ကြောင်း ကို တော့ CNN မှာ ဖော်ပြထားတာပါ။

သွားကျိုး လေးနဲ့ ပြုံး နေတဲ့ Prince George  ရဲ့ ပုံ လေး တွေ က တော့ သူ့ အ ဖေ မင်းသား ဝီလျံနဲ့  တော် တော်  လေး ကို ရုပ် ချင်း ဆင်တာကို တွေ့ ရမှာပါ။ပုံ တွေကို တော့ Kensington Palace ရဲ့ Instagram မှာ တင် ထားတာပါ။

 

View this post on Instagram

 

Sharing a 📸 taken by The Duchess ahead of Prince George’s seventh birthday tomorrow! 🎈

A post shared by Duke and Duchess of Cambridge (@kensingtonroyal) on

မင်းသား ဝီလျံနဲ့ ကြင်ယာတော် ကိတ် တို့က တော့ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွား နေတဲ့  ကာလ မှာ မကြာ ခဏ ဆို သလို အပြင် ထွက် ဖြစ် နေကြပါတယ်။သူတို့ နှစ်ယောက်ဟာ ဘုရင်မကြီး ရဲ့  Queen Elizabeth Hospital  ကို လည်း ဗြိတိန်ရဲ့ ကျန်းမာရေး ၀န်ဆောင်မှု  (၇၂)နှစ်ပြည့် အ နေနဲ့ သွား ရောက် လည် ပတ် ခဲ့ပါ သေးတယ်။

ပြီးခဲ့တဲ့ လတုန်းက မင်းသားဝီလျံ က Lockdown ကာ လမှာ စိတ်ကျန်းမာရေး ပြဿနာ ရှိနေတဲ့ လူ တွေကို စေတနာ့ ၀န် ထမ်း အ နေနဲ့ ကူညီ  ပေး ခဲ့ပါ သေးတယ်။ကိတ် က တော့ တစ်ကိုယ်တော်  self-isolating လုပ် နေ သူ တွေ ကို NHS Volunteer Responders program ရဲ့ တစ်စိတ်တစ်ပိုင်း အ  နေနဲ့ “check in and chat” calls  ကူ ညီ ပေးခဲ့ပါတယ်။ဧပြီ လ တုန်း က လည်း self-isolating လုပ် နေတဲ့ ပင်စင်စား တွေ ကို အစား အ သောက် တွေ ဖြန့် ဖြူး ပေး နေတဲ့ Sandringham Estate ကို သွားပြီး ကူညီ ပေးခဲ့ပါ သေးတယ်။

 

READ
အရိုက်ကြမ်းတဲ့ ကျောင်းဆရာရဲ့ဗွီဒီယို လူမှုကွန်ယက်မှာ ဝေဖန်မှုများခံနေရ

#SHWEMOM

SHARE