တော်ဝင်မိသားစုထဲကနေ မင်းသားဟယ်ရီနုတ်ထွက်ဖို့ ဒီနေ့အစည်းအဝေးလုပ်မယ်

Twitter / Showbiz

ဗြိတိန်ရဲ့ တော်ဝင်မိသားစုထဲကနေ မင်းသားဟယ်ရီကို နုတ်ထွက်လိုက်ဖို့ ဇနီးသည် မီဂန်မာကယ် က တိုက်တွန်းနေတယ်ဆိုတဲ့ သတင်းဟာ အင်္ဂလန်မီဒီယာတွေပေါ်မှာ ရေပန်းအစားဆုံးဖြစ်နေခဲ့တာပါ။ ဟယ်ရီကိုယ်တိုင်လည်း တော်ဝင်မိသားစုထဲက မညီညွတ်တဲ့အခြေအနေတွေကို စိတ်ပျက်နေပြီး ဒီနေ့မှ မိသားစု စုံညီနဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ကြမှာဖြစ်တယ်လို့ CNN က ဖော်ပြပါတယ်။

အဲလိဇဘက်ဘုရင်မကြီး ၊ မင်းသားချာလီ ၊ မင်းသားဝီလျံနဲ့ မင်းသား ဟယ်ရီတို့ဟာ ဒီတွေ့ဆုံပွဲကို တက်ရောက်ကြမှာဖြစ်ပြီး အင်္ဂလန်နိုင်ငံအနောက်ပိုင်း၊ နော်ဖော့ခ်မှာရှိတဲ့ ဘုရင်မကြီးရဲ့စံအိမ်မှာ တွေ့ဆုံပွဲပြုလုပ်မှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက တစ်ဆင့် သိရပါတယ်။

မင်းသား ၀ီလျံကတော့ သူ့ရဲ့ညီဖြစ်သူ ဟယ်ရီရဲ့သတင်းအတွက် စိတ်မကောင်းဖြစ်နေပြီး တော်ဝင်မိသားစုကို နဂိုအတိုင်း ဆက်လက်ရှိစေချင်နေတယ်လို့ ဗြိတိန် ဆန်းဒေးတိုင်းမ်က ဖော်ပြပါတယ်။

READ
အွန်လိုင်းပေါ်မှာ အငြင်းပွားနေတဲ့ ခြောက်ခြားစရာမောင်းသူမဲ့ဝိညာဉ်ဆိုင်ကယ်

ဒီတွေ့ဆုံပွဲအတွက် အဓိက ကျသူကတော့ ဟယ်ရီရဲ့ ဇနီးသည် မီဂန်မာကယ် ပဲဖြစ်ပြီး ဟယ်ရီကို တော်ဝင်မင်းသားအဖြစ်ကနေ နုတ်ထွက်ဖို့အတွက် နောက်ကွယ်ကနေ အဓိက ဖိအားပေးနေသူလည်းဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

တော်ဝင်မျိုးရိုးရဲ့ အစဉ်အလာတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လေ့ရှိတဲ့ မီဂန်မာကယ် ဟာ တော်ဝင်မိသားစုအနေနဲ့ ဟယ်ရီကို ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေတယ်လို့ ယူဆထားတာဖြစ်ပြီး ဘုရင်မကြီးရဲ့ သြဇာလွှမ်းမိုးမှုအောက်ကနေ ရုန်းထွက်ဖို့ ဟယ်ရီကို တိုက်တွန်းမှုတွေ ပြုလုပ်နေခဲ့တာပါ။

မင်းသားဝီလျံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ ၀ီလျံဟာ ညီဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်မကောင်းဖြစ်နေခဲ့ပြီး ၊ တော်ဝင်မိသားစုကနေ တကယ်နုတ်ထွက်သွားမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

READ
မကျန်းမာတဲ့ ခင်ပွန်းသည်က၊ နောက်ကွယ်မှာ ဖောက်ပြန်နေတဲ့ ဇနီးသည်အကြောင်း ဖော်ထုတ်ခဲ့

သုံးသပ်သူတွေကတော့ ၀ီလျံတစ်ယောက် ဒီလိုစိုးရိမ်နေခြင်းဟာ ဟယ်ရီသာမရှိရင် တာဝန်တွေတော်တော်များများက သူ့ခေါင်းပေါ်ရောက်လာတော့မှာကြောင့်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ တော်ဝင်မိသားစုရဲ့ အကွဲအပြဲဟာ စတင်နေပြီဖြစ်ပြီး ဒီနေ့ ပြုလုပ်မယ့် အစည်းအဝေးအပြီးမှာ တိကျတဲ့အဖြေတစ်ခုကို ကြားသိရမှာဖြစ်လို့ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ဆိုင်းနေကြပါတယ်။

Linn

SHARE