သားလေးရတဲ့အခါ မိခင်ဒိုင်ယာနာကို လွမ်းဆွတ်ကြောင်းပြောလာတဲ့ မင်းသားဟယ်ရီ

မင်းသားဟယ်ရီက သားဦးလေး အာချီဟာ သူ့ဘ၀အတွက် အာရုံအပြည့်အ၀ထားစရာ ပန်းတိုင်သစ်တစ်ခုဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဖခင်တစ်ယောက် ဖြစ်လာတာနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဒိုင်ယာကို လွမ်းဆွတ်သတိရတဲ့အပြင် မိဘနေရာကနေ ခံစားတတ်လာပြီဖြစ်ကြောင်း သူက ဆိုပါတယ်။

instagram

မင်းသားဟယ်ရီဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကပဲ နယ်သာလန်နိုင်ငံကို သွားခဲ့ပြီး ဇနီးသည်မီဂန်မာကယ်နဲ့ မွေးကင်းစသားလေးကတော့ ၀င်ဆာနေအိမ်မှာပဲ ကျန်နေခဲ့ပါတယ်။ ဟယ်ရီဟာ လာမယ့်နှစ် ဟိတ်ဂ်မြို့မှာ ကျင်းပမယ့် Invictus Games အတွက် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်ရောက်စဉ်မှာ ဟယ်ရီဟာ အသက်(၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ စစ်ပြန်ဒဲနစ်ဗန်ဒါစတွန်းနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဒဲနစ်ဟာ နယ်သာလန် Invictus အဖွဲ့ကနေ အားကစားပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

instagram

မထင်မှတ်ပဲ စကားပြောခဲ့ကြရင်းက သူတို့နှစ်ဦးရဲ့  မိသားစုအကြောင်းတွေ ပြောပြရလောက်တဲ့အထိ ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ ဒဲနစ်ကတော့ သူ့ဇနီးသည်ဟာ ကိုယ်ဝန်ရက်သတ္တပတ်(၂၀) လောက်မှာ သမီးဦးလေးမွေးခဲ့ကြောင်း ဟယ်ရီကို ပြောပြပါတယ်။ ဟယ်ရီကလည်း လောလောလတ်လတ်မှ ကလေးအဖေဖြစ်ထားတာကြောင့် သားဦးလေးရတဲ့ ခံစားချက်ကို ဒဲနစ်ကို ပြောပြပါတယ်။

READ
လူလက်ပြတ် (၅၄)ခု ထည့်ထားတဲ့အိတ်ကို ရုရှားကျွန်းတစ်ခုပေါ်မှာတွေ့ရှိ
instagram

ဒဲနစ်နဲ့ ဟယ်ရီနှစ်ဦးစလုံးဟာ စစ်ပြန်ဟောင်းတွေ(ဟယ်ရီဟာ စစ်တပ်မှာ ၁၀နှစ်ကြာ တာဝန်ထမ်းဆောင်ဖူးပါတယ်) ဖြစ်ပြီး နှစ်ဦးစလုံးဟာ မိခင်ဆုံးရှုံးတဲ့ ခံစားချက်ကို တွေ့ကြုံခဲ့ဖူးပြီးပါပြီ။ ဒဲနစ်ရဲ့ မိခင် မာရီယွန်ကတော့ (၂၀၁၄) ခုနှစ်မှာပဲ နာတာရှည်အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒဲနစ်က “ကျွန်တော့်အမေ ဆုံးသွားတဲ့အကြောင်း ကျွန်တော်သူ့ကို ပြောပြတယ်။ ဟယ်ရီကတော့ မိခင်ဆုံးရှုံးရတာက လုံခြုံမှုတစ်မျိုး ဆုံးရှုံးသွားရတာနဲ့ တူတယ်လို့ ပြောပါတယ်။ သူ့အလုပ်ခွင်ထဲမှာ အဖေ၊ အမေတွေ၊ ဆွေမျိုးသားချင်းမောင်နှမတွေ ဆုံးရှုံးသွားရတဲ့ သတင်းတွေ ကြားတဲ့အခါမှာတော့ မိခင်ကံမကောင်းတာ သူတစ်ယောက်တည်း မဟုတ်ပါဘူးဆိုပြီး ဖြေသိမ့်ရတဲ့အကြောင်းတွေပါ ဟယ်ရီက ရင်ဖွင့်လာတယ်…” လို့ ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

 Ref: people

SHARE