အချစ်ဟောင်း ရဲ့မင်္ဂလာပွဲကိုတက်မယ့် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ

Image:IG/Cressida Bonas/sussexroyal

ရည်းစားဟောင်းက လက်ထပ်ပွဲကို တက်ဖို့ ဖိတ်ရင်ရော တက်ကြမှာလား..? ရည်းစားဟောင်းရဲ့ လက်ထပ်ပွဲကို တက်ပေးတဲ့၊ရည်းစားဟောင်းနဲ့ လမ်းခွဲပြီးတဲ့ အထိ သူငယ်ချင်းမိတ်ဆွေ အဖြစ် ဆက်ပြီး ရှိနေတဲ့ သူမျိုးတွေကတော့ ရှိတော့ ရှိတယ်၊ရှားတယ်လို့ ပြောလို့ရမှာပါ။အဲ့ဒီလို လူတွေထဲမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ ကလည်း တစ်ယောက် အပါအ၀င်ပါ။ဗြိတိန်တော်ဝင်မင်းသားဟယ်ရီကတော့ သူ့ရဲ့ တစ်ချိန်က ချစ်သူ  Cressida Bonas  ရဲ့ မင်္ဂလာပွဲကို တက်ရောက်သွားမယ်လို့ သိရပါတယ်။ Cressida Bonas နဲ့ ဟယ်ရီတို့ကတော့ တစ်ချိန်က သိပ် ချစ်ခဲ့ ကြတဲ့ ချစ်သူတွေပါ။လမ်းခွဲပြီးတဲ့ အထိလည်း အခုထိ သူတို့ရဲ့ ဆက်ဆံရေး က ကောင်းမွန်နေစဲပါ။

Image:IG/sussexroyal
Image:IG/Cressida Bonas

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ ရဲ့ရည်းစားဟောင်း Cressida Bonas ကတော့  သူ့ရဲ့ချစ်သူ Harry Wentw orth Stanley နဲ့ စေ့စပ်တော့မယ်လို့ ဒီတစ်ပတ်အစောပိုင်းကထုတ်ပြန်ကြေ ညာခဲ့ပါတယ်။မင်းသားဟယ်ရီဟာ သူ့ရဲ့ရည်းစားဟောင်း Cressida Bonas နဲ့ ကောင်းမွန်တဲ့မိတ်ဆွေဆက်ဆံရေး အခြေအနေတွေရှိတဲ့အတွက် Cressida Bonas ရဲ့မင်္ဂလာပွဲကိုတက်ရောက်မှာပါ။ဒါ့အပြင် Cressida Bonas လက်ထပ်မယ့်သတို့သားရဲ့   အမေ နဲ့လည်း မင်းသားဟယ်ရီ တို့ဟာ ခင်မင်တဲ့ မိတ်ဆွေ တွေပါ။ဒါကြောင့်လည်း ဒီမင်္ဂလာပွဲကို ဟယ်ရီကျိန်းသေတက် ရောက်မှာပါလို့ Fabulous မဂ္ဂဇင်းရဲ့မေးမြန်းချက်ကို တော်ဝင်မိသားစု ရဲ့ပြောခွင့်ရသူ တစ်ဦးကဖြေကြားခဲ့ပါတယ်။

READ
ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းတွေ ပြောင်းပြန်ဖြစ်နိုင်ပြီး များပြားလှတဲ့ဆိုးကျိုးတွေ သက်ရောက်နိုင်
Image:IG/Cressida Bonas
Image:IG/Cressida Bonas

မင်းဟားဟယ်ရီနဲ့ Bonas တို့ဟာ မင်းသမီး Eugenie ရဲ့မိတ်ဆက်ပေးမှုနဲ့(၂၀၁၂)ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပြီး (၂)နှစ်ကြာ တွဲခဲ့ကြတာပါ။ဒါပေမယ့်လည်း (၂၀၁၄)ခုနှစ်မှာတော့ လမ်းခွဲခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲခဲ့ကြပေမယ့် မိတ်ဆွေအနေနဲ့ ဆက်ပြီး ခင်ခင် မင်မင်ရှိနေခဲ့ကြပါတယ်။  Cressida Bonas  ကလည်း မင်းဟားဟယ်ရီ နဲ့ သူမရဲ့ အ ကြောင်းကို ပွဲဆူအောင် ဘယ်တုန်းကမှ Public ကို ထုတ်မပြောပဲ အေးအေးဆေးဆေးလေးပဲ နေတတ်တာကလည်း သူမရဲ့ ကောင်းတဲ့ အချက်တစ်ချက်ပါ။ (၂၀၁၈)ခုနှစ် မင်းသားဟယ်ရီနဲ့မီဂန်မာကယ်လ် တို့ရဲ့မင်္ဂလာပွဲကိုလည်း သူမက တက်ရောက်ခဲ့ပါသေးတယ်။Cressida Bonas  ရဲ့ မင်္ဂလာပွဲ ကိုတော့ ဟယ်ရီတင်မဟုတ်ပဲ Meghan Markle လည်း ဧည့်သည်အဖြစ် တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။

Image:IG/sussexroyal

Thae Su

READ
ရဲစခန်းကထုတ်ပြန်တဲ့ တရားခံရဲ့ပုံတူမှာ လူရယ်စရာဖြစ်ခဲ့ပေမယ့် တရားခံကိုဖော်ထုတ်နိုင်ခဲ့

Source:foxnews

SHARE