Barbados (ဘာဘဒိုးစ်)နိုင်ငံမှာရှိတဲ့ မင်းသားဟယ်ရီ တည်း ခို အပန်းဖြေတဲ့ Villa ကြီး ကိုတော့ ရောင်း ချ တော့ မှာပါ။ခမ်း နား လှပ လွန်းတဲ့ Villa ကြီးကို တော့ အ မေရိကန် ဒေါ်လာ (၂၅) သန်း နဲ့ ရောင်းချ မှာပါ။အိပ် ခန်း (၁၀) ခန်း ပါဝင် ပြီး ကမ်း ခြေ နဲ့ မျက်နှာ ချင်းဆိုင်မှာတည် ရှိတာပါ။အရမ်းလှ ပ လွန်းတဲ့ မြင်ကွင်းနဲ့ ခမ်း နားကြီး ကျယ် လွ န်း တဲ့ ဒီ Villa ကြီးကိုတော့ တော်ဝင် မိသားစုဝင်တွေ တင် တည်းခို အနားယူ ဖူးတာ မဟုတ်ပါဘူး။ တခြား သူ တွေ အ နေနဲ့ ဆိုရင် Elton John, Hugh Grant, Rihanna, Nicole Kidman ၊Rod Stewart တို့ လည်း တည်း ခို အနား ယူ ခဲ့ဖူးပါတယ်။ဒီအ ကြောင်းကိုတော့ hellomagazine မှာ ဖော်ပြ ထား တာပါ။

အကျယ်အ၀န်းက တော့ (၂၀၀၀၀) စတုရန်း ပေ ရှိပါတယ်။The X Factor ရဲ့ ဒိုင်တစ် ဦး ဖြစ်တဲ့ Simon Cowell လည်း အဲ့ဒီမှာ တည်း ခို အနားယူ ခဲု့ဖူးပါတယ်။မင်းသားဟယ် ရီ ကတော့ (၂၀၁၀) ဇန်န၀ါရီတုန်းက သူ့ရဲ့ Barbados ခရီးစဉ် အတွင်း လာ ရောက်လည် ပတ်ခဲ့တာပါ။အဲ့ဒီတုန်းက Prince Seesio ရဲ့ Sentebale Polo Cup ကို ပါဝင် ပေးရင်း လာရောက် ခဲ့တာပါ။ဒီ Villa ကြီး က တော့ (၁.၃)ဧက ကျယ်ဝန်း ပြီး St James အရပ် မှာ တည်ရှိပါတယ်။

လှပတဲ့ ရှုခင်း အပြင် အထဲမှာလည်း ရှိသင့်တဲ့ Facility တွေ အပြည့် ပါ ရှိပါတယ်။အထဲမှာ ဆိုရင်တော့ ကိုယ်ပိုင် Gym ၊Jacuzzi, spa နဲ့ ရုပ်ရှင် ရုံ တို့ ပါ ပါ ရှိပါတယ်။တကယ်လို့ များ စွန့်စား လေ့လာ ရတာ ကို ကြိုက် တယ် ဆိုရင် တော့ Holetown ၊ Speightstown တို့ လို သမိုင်းဝင်မြို့ တွေ လည်း နီးပါတယ်။
အစား အ သောက် ဧည့်ခံ ပွဲအ ကျွေး အ မွေးကို တာဝန်ယူ ပေးတဲ့ အချိန်ပြည့် ၀န်ထမ်း (၁၉) ယောက်ရှိပါတယ်။Villa ကြီး မှာတော့ ဧည့်ခန်းမ ကြီး တစ်ခု လည်း ပါရှိပါတယ်။ကျယ်ဝန်းတဲ့ ပြူ တင်းပေါက် တွေ၊ မီးဆိုင်း ကြီး တွေနဲ့ အရမ်းကို လှ ပတဲ့ နေရာ လေးပါ။