နန်းတော်ထဲကပစ္စည်းခိုးခဲ့တဲ့ Camila Cabello ကို တုန့်ပြန်လိုက်တဲ့ William တို့စုံတွဲ

Twitter- @KensingtonRoyal, Instagram- @camila_cabello

ကမ္ဘာလှည့်ခရီးသွားတွေကတော့ စံပဲဗျို့။ Buckingham နန်းတော်ထဲကို သွားလည်တုန်း ခရီးသွားတွေအနေနဲ့ နန်းတော်ထဲက ပစ္စည်းတချို့ကို မခိုးယူခဲ့ဖူးတဲ့သူ မရှိသလောက်ပါပဲတဲ့။ ဒီအကြောင်းကတော့ ဥရောပခရီးသွားတွေကြားထဲ လုပ်နေကျကိစ္စတစ်ခုလို့တောင် ဆိုလို့ရနေပါပြီ။

ပစ္စည်းခိုးယူသွားတယ်ဆိုတာ တန်ဖိုးကြေးပစ္စည်းတွေတော့မဟုတ်ဘူးပေါ့နော်။ နန်းတော်တံဆိပ်ပါတဲ့ တစ်ရှူးလေးယူလာတာတို့၊ ရေခွက်လေးယူလာတာတို့လိုမျိုး ပစ္စည်းသေးသေးလေးတွေပါ။ တချို့ဆိုရင် အိမ်သာထဲက တစ်ရှူးလိပ်လိုက်ကြီးတောင် အိတ်ထဲကောက်ထည့်သွားတတ်သေးတယ်။ နန်းတော်ထဲကတစ်ရှူးတော်ကြီးဆိုပြီးတော့နေမှာပေါ့နော်။

Instagram- @camila_cabello
Instagram- @camila_cabello

Elle မဂ္ဂဇင်းမှ ဖော်ပြချက်အရ ဒီလိုနန်းတော်ထဲကပစ္စည်းတွေခိုးယူတဲ့အထဲ အဆိုတော် Camila Cabello လည်း ပါဝင်နေပါတယ်တဲ့လေ။ အတိတ်ကာလ သူမအနေနဲ့ Fifth Harmony မှာ အဖွဲ့ဝင်ဖြစ်ခဲ့တဲ့အချိန်တုန်းကပေါ့။ သူမနဲ့သူမမိခင်တို့ Buckingham နန်းတော်ထဲကို တစ်ရက်တော့ အလည်သွားခဲ့ပါတယ်တဲ့။ အဲဒီအချိန်မှာပဲ ဥရောပခရီးစဉ်တွေထဲ နာမည်ကြီးနေတဲ့ အလေ့အထတစ်ခုကို ကျူးလွန်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပစ္စည်းတစ်ခုခု ခိုးယူဖို့ပါ။

ဒါနဲ့ပဲ လွယ်လင့်တကူတွေ့တဲ့ ခဲတံတစ်ချောင်းကို ကောက်ပြီး အိပ်ထဲထည့်လာခဲ့ပါတယ်ဆိုပြီး တလောက BBC ရဲ့ ရေဒီယိုအစီအစဉ် “Breakfast with Greg James” နဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောပြလာခဲ့တာပါ။ နောက် “တောင်းပန်ပါတယ် William နဲ့ Kate ရယ်” ဆိုပြီးလည်း ရယ်ကြဲကြဲနဲ့ ထပ်ပြောခဲ့ပါတယ်။ ဒါကို William နဲ့ Kate တို့ရဲ့ တရားဝင် Twitter account ကနေပြီး retweet ပြန်လုပ်ခဲ့ပါတယ်။ Retweet ပြန်လုပ်ခဲ့ပုံလေးးက အဆန်းလေး။ မျက်လုံး emoji လေးနဲ့ပြန်တုန့်ပြန်လာခဲ့ပါတယ်။ ပြောချင်တာ သူခိုးမလေးကိုမိပြီပေါ့။

READ
အသားကနေ အရိုးဖြစ်စေတဲ့ ရှားပါးရောဂါကို ခံစားနေရတဲ့ အမွှာညီအစ်မ
Twitter-BBC Radio
Twitter- @KensingtonRoyal,

တကယ်တော့ Kensington Palace ဆိုတဲ့ Kate နဲ့ William တို့ရဲ့ official Twitter account ကိုတော့ သူတို့နှစ်ယောက်ကိုယ်တိုင်မဟုတ်ဘဲ ဝန်ထမ်းတစ်ယောက်ကနေပြီး ကိုင်တွယ်ပေးထားခဲ့တာပါ။

Penny

SHARE