သူ့သားလေးတွေသာ gay ဖြစ်သွားခဲ့ရင်လည်း ကိစ္စမရှိဘူးဆိုတဲ့ ဝီလီလျံမင်းသား

kensingtonroyal/Instagam, Lorna Roberts/shutterstock

မိဘဆိုတာ ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်ချင်ကြတာချည်းပါပဲ။ ယခုနှစ်ပိုင်းမှာ ဟော့ဖြစ်လာတဲ့ LGBTQ အသိုင်းအဝိုင်းထဲ လူငယ်တော်တော်များများ လိင်စိတ်တိမ်းညွန့်သူများအဖြစ် ကိုယ်တိုင်ခံယူနေကြတဲ့ အချိန်မှာတော့ အထူးသဖြင့် မိဘတွေနဲ့ အတိုက်အခံလုပ်ရပြီး နဂိုဆွေမျိုးမိတ်ဆွေအသိုင်းတွေရဲ့ မေးငေါ့ခြင်းကိုလည်း အမြဲတမ်းလိုလို ခံရတတ်ကြပါတယ်။

 

ဗြိတိန်တော်ဝင်အိမ်ရှေ့စံမင်းသား ဝီလီလျံကတော့ သူ့ရဲ့ကလေး ၃ ယောက်စလုံးဟာ အရွယ်ရောက်ကြီးပြင်းလာကြတဲ့အခါ လိင်စိတ်တိမ်းညွန့်သူတွေသာ ဖြစ်သွားကြမယ်ဆိုရင်လည်း သူ့အတွက်တော့ အဆင်ပြေပါတယ်ဆိုပြီး ဇွန်လ ၂၆ ရက်နေ့တုန်းက လန်ဒန်မှာကျင်းပခဲ့တဲ့ The Albert Kennedy Trust ဆိုတဲ့ ပွဲတစ်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ဒီအဖွဲ့အစည်းဟာ LGBTQ လူငယ်လေးတွေအနေနဲ့ ဖွင့်ဟဝန်ခံလိုက်တဲ့အခါ အိမ်ခြေယာမဲ့ဖြစ်သွားတာတွေ၊ သူတို့ကိုလက်မခံတဲ့ အသိုင်းအဝိုင်းထဲ စိတ်ဆင်းရဲစွာနဲ့ နေနေရတာမျိုးတွေအပေါ် ကူညီဖေးမပေးနေတဲ့ လန်ဒန်အခြေစိုက်အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါတယ်။

READ
လေယာဉ်ပေါ်ပါလာတဲ့ မြွေတစ်ကောင်ကြောင့် ခရီးသည်တွေ အထိတ်တလန့်ဖြစ်ခဲ့ရ

 

 

ဒီအဖွဲ့အစည်းအတွက် လိုအပ်တဲ့ ပရဟိတကိစ္စရပ်တွေကို တာဝန်ရှိသူတွေနဲ့ မင်းသားဝီလီလျံတို့ ဆွေးနွေးနေတုန်းမှာတင် အနာဂတ်မှာ ဝီလီလျံရဲ့ကလေးသုံးယောက်ဖြစ်တဲ့ မင်းသား ဂျော့နဲ့ သားငယ်လး လူးဝစ်တို့အပြင် သမီးလေး ရှားလော့တို့သာ လိင်စိတ်တိမ်းညွန့်သူတွေ ဖြစ်သွားခဲ့မယ်ဆိုရင် ဝီလီလျံအနေနဲ့ ဘယ်လိုတုန့်ပြန်မလဆိုတာကို ရုတ်တရက်အမေးခံခဲ့ရတာပါ။

READ
ခြံထဲမှာ သီချင်းဆိုနေရင်းကနေ နိုင်ငံကျော်ဖြစ်သွားတဲ့ အမျိုးသမီးကြီး

 

 

View this post on Instagram

 

Happy Father’s Day!

A post shared by Kensington Palace (@kensingtonroyal) on

မင်းသားဝီလီလျံကတော့ အေးဆေးစွာနဲ့ပဲ ဒီကိစ္စကို မိဘတစ်ယောက်သာ မဖြစ်သေးရင် လေးလေးနက်နက်စဉ်းစားမိမှာမဟုတ်ပေမယ့် အကယ်၍ ကလေးတွေသာ လိင်တူကြိုက်သူတွေ ဖြစ်သွားခဲ့မယ်ဆိုရင်လည်း သူ့အနေနဲ့ ပြဿနာတစ်စုံတစ်ရာမရှိဘူးလို့ အေးအေးဆေးေးပဲဖြေသွားခဲ့ပါတယ်။ တစ်ခုတော့ စိုးရိမ်နေရတာက ပြည်သူတွေအနေနဲ့ ဒီလိုကိစ္စရပ်တွေမှာ အမြင်ပွင့်လင်းမှုမရှိဘဲ ကလေးတွေ စိတ်ဆင်းရဲရမှာကိုတော့ တွေးပူမိတယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ဒီလိုမျိုး ဖိဆီးမှုတွေ သူတို့လေးတွေအပေါ် သက်ရောက်မှုရှိလာခဲ့ရင်ဆိုပြီး စိုးရိမ်စိတ်ဖြစ်မိပေမယ့်လို့ သူနဲ့ ကြင်ယာတော် ကိတ်တို့ကတော့ အပြည့်အဝထောက်ပံ့မှုတွေ ပေးသွားမှာပါလို့ ထည့်မ့ဖြည့်စွက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ရောက်မှာ မင်းသားဝီလီလျံဟာ LGBTQ လောကကို ထောက်ခံခဲ့တာမဟုတ်ဘဲ ၂၀၁၆ ခုနှသ်ကတည်းက တော်ဝင်မိသားစုအနေနဲ့ LGBTQ တွေဖက်က ရပ်တည်ပေးနေခဲ့တာပါ။

 

Penny

SHARE