ရည်းစားနဲ့ ပထမဆုံးအကြိမ် အပြင်မှာတွဲတွေ့ရတဲ့ တော်ဝင်မင်းသမီး ဒိုင်ယာနာရဲ့ တူမ

လေဒီ Kitty Spencer ဟာ ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မိသားစုဝင်တွေထဲမှာ အရည်ချင်းပြည်ဝဆုံး မိန်းမပျိုတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။

mega

အသက် ၂၈ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဒီအမျိုးသမီးက တော်ဝင်မင်းသမီး Diana ရဲ့ တူမလည်းဖြစ်တယ်။ သူမဟာ သူမထက် ၃၂ လောက်ကြီးပြီး ဖက်ရှင်လောကမှာ သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်တဲ့ Michael Lewis (၆၀) နဲ့ မနှစ်ကစပြီး ဒိတ်လုပ်နေပါတယ်။

Mega

Lewis ဟာ Whistles fashion ရဲ့ ပိုင်ရှင်ဖြစ်တယ်လို့ သိရပါတယ်။ Kitty Spencer ကတော့ သူတို့ရဲ့ ပတ်သက်မှုကို ဘယ်တော့မှာ ဖော်ပြပြောဆိုခြင်းမရှိပေမယ့် အခု သူတို့နှစ်ယောက်ကို နယူးယောက်ခ်မြို့က ဟိုတယ်တစ်ခုကနေ ထွက်လာတာကို အားလုံးပဲ တွေ့ခဲ့ရပါတယ်။ စပြီး ဒိတ်ခဲ့တာတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းကလို့ သိရတယ်။

READ
အစိုးရအကြောင်း မကောင်းပြောတဲ့သူတိုင်းကို ထောင်ချဖို့ ဥပဒေသစ် ထုတ်ပြန်ခဲ့တဲ့ ရုရှား
mega

Kitty Spencer ဟာ အသက် ၄၇ နှစ်အရွယ် အိမ်ခြံမြေ သူဌေး Niccolo Barattieri di San Pietro နဲ့ (၄)နှစ်ကြာတွဲခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ လမ်းခွဲခဲ့ပါတယ်။ သူမဟာ Diana ရဲ့ အစ်ကို Earl Spencer ရဲ့ သမီးဖြစ်တယ်။

instagram

သူမကြီးပြင်းခဲ့ရာ ဒေသရှိ University of Cape Town ကနေစိတ်ပညာ၊ နိုင်ငံရေးနဲ့ အင်္ဂလိပ်ရသစာပေ အထူးပြုနဲ့ ဒီဂရီရှိခဲ့သူဖြစ်တယ်။ ဘွဲ့ရပြီးတဲ့နောက် လန်ဒန်ရဲ့ နာမည်ကြီး အေးဂျင့်တစ်ခုဖြစ်တဲ့ Storm Management နဲ့ စာချုပ်ချုပ်ပြီး မော်ဒယ်လောကထဲကို ၀င်ရောက်ခဲ့တယ်။ နာမည်ကြီး ဘရန်းဖြစ်တဲ့ Dolce & Gabbana ရှိုးအတွက် လျှောက်ခဲ့ဖူးပါတယ်။

READ
ကမ္ဘောဒီးယား The Voice Starအမျိုးသမီး ကွဲနေတဲ့ခင်ပွန်းဖြစ်သူရဲ့ ပစ်သတ်ခြင်းခံရ
instagram

Kitty Spencer ဟာ များစွာသော လူမှုရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်နေပြီး အိမ်ယာမဲ့ လူငယ်တွေကို ကူညီတဲ့ Centrepoint ရဲ့ သံတမန်တစ်ယောက်လည်း ဖြစ်တယ်။ စစ်တပ် မိသားစုဝင်တွေရဲ့ အားလပ်ရက်တွေအတွက် မတည်ထောက်ပံ့ပေးတဲ့ Give Us Time ရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ အဆိုတော် Elton John ရဲ့ AIDS Foundation နဲ့လည်း အလုပ်တွေ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

twitter

Ref: New.com.au

Matthew (ShweMOM)
SHARE