လက်ထပ် ခွင့် တောင်းတဲ့ အခိုက်အတန့် လေး ကို တော့ မှတ် မှတ်ရ ရ လေး ဖြစ် အောင် ချစ်သူ အတွက် သေချာ ပြင်ဆင် ပေး တတ်ကြတဲ့ အမျိုးသား တွေရှိပါတယ်။ချစ်သူကို ရိုမန် တစ် ဆန် ဆန် လက်ထပ် ခွင့် တောင်းကြတဲ့ အမျိုးသားတွေ ထဲကမှ ပုံပြင် ထဲက အတိုင်း ရိုမန်တစ် ဆန် ဆန် လက်ထပ်ခွင့် တောင်းခဲ့တဲ့ အမျိုးသားရဲ့ အ ကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။အားလုံးသိ ကြတဲ့ The Princess and the Frog ပုံစံ မျိုးနဲ့ လက်ထပ် ခွင့် တောင်းခဲ့တာပါ။ဒီ အ ကြောင်းကိုတော့ Story Pick မှာ ခုလို ဖော်ပြ ထားပါတယ်။

လက်ထပ်ခွင့်တောင်းခံတာကို ခံခဲ့ရသူကတော့ Denise ဖြစ်ပြီး အမေရိကန်နိုင်ငံ Idaho ပြည်နယ်ကပါ။ဒေသခံပါတီကုမ္ပဏီ တစ်ခုကို အပ်ပြီး ခုလို ပြင်ဆင် ခိုင်းခဲ့တာပါ။ ချစ်သူကို Disney Princess Tiana လို ၀တ်ဆင် စေခဲ့ပါတယ်။Denise ကတော့ သူမ ဘ၀ ရဲ့ အမှတ်တရ အချိန်လေး အ ကြောင်းကို ပြန် ပြောပြခဲ့ပါတယ်။အဲ့ဒီနေ့မတိုင်ခင်တည်းက Blaze ဟာသီတင်းပတ်အ နည်းငယ်အချိန်ယူပြီးခုလိုပြင်ဆင်ခဲ့ရတာပါ။ Denise ရဲ့ မိဘ တွေနဲ့ လည်း တိုင်ပင် ခွင့် တောင်းခဲ့ပါတယ်။သူ့ ရဲ့ Queen ဖြစ် ပေးနိုင်မလား လို့ မေးခဲ့တုန်းက ဆိုရင် အရမ်း စိတ်လှုပ်ရှား နေခဲ့ပါတယ်။

လက်ထပ် ခွင့် Surprise လုပ် တောင်းခဲ့ ပုံ ကတော့ ဒီလိုပါ။Denise က တော့ ယောင်း မ Megan ဆီ က ဖုန်း ခေါ် တာကို ရလိုက်ပါတယ်။ Meridian က မွေးနေ့ပါ တီတစ်ခု မှာ Princess Tiana အဖြစ် ပါဝင် ပေးဖို့ ကမ်း လှမ်းခံခဲ့ ရတာပါ။ရောက်ပြီဆိုတာနဲ့ မွေးနေ့ ရှင်နဲ့ အတူတူ ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။
သူမကို မင်းသမီးလေးနဲ့ ဖား ပုံပြင်ကို ဖတ် ခိုင်းခဲ့ပါတယ်။ပုံပြင် အဆုံးသ တ် လောက်မှာတော့ မင်းသမီးတိုင်းမှာ မင်းသားလေး ရှိတယ်။မင်းက ထာ ၀ရ ကိုယ့်အပိုင် ဖြစ် ပေးနိုင်မလား Balaze ဆိုတဲ့ စာကို တွေ့ ခဲ့ပါတယ်။ Blaze က ရေပန်းရှေ့ အ ရောက် မှာတော့ ဒူး ထောက် လက် ထပ် ခွင့် တောင်းခဲ့ကာ သတို့ သမီး လောင်းဆီက Yes အ ဖြေကို ပြန် ရခဲ့ပါတယ်။ ကြည်နူး စရာ ကောင်းပြီး သေချာ လေး ပြင်ဆင်ထားတယ်ဆိုတာကို တော့ ဗီဒီယိုဖိုင် ကို ကြည့်ရင် သိနိုင်ပါတယ်။
https://www.facebook.com/celina.muli/videos/3636829623014278/