အမွှာနဲ့လူချင်းလဲပြီး ထွက်ပြေးခဲ့တဲ့ထောင်ပြေးကို (၁)နှစ်ကျော်မှ ပြန်လည်ဖမ်းမိခဲ့

ပီရူးနိုင်ငံက စည်းကမ်းတင်းကြပ်တဲ့ ထောင်တစ်ခုမှာ ထောင်ဝင်စာလာတွေ့တဲ့ အမွှာညီအကိုဆီက အင်္ကျီတွေခိုးယူပြီး ထွက်ပြေးခဲ့တဲ့ ရာဇ၀တ်သားတစ်ယောက်ကို (၁)နှစ်ကျော်အကြာမှာ ပြန်လည်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရာဇ၀တ်သားဟာ  Alexander Jeferson Delgado Herrera ဆိုသူဖြစ်ကာ အသက်(၂၇)နှစ် ရှိပြီဖြစ်ပါတယ်။ Lima ပြည်နယ် Piedras Gordas ထောင်မှာ လုယက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ Alexander ကိုထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့ရပါတယ်။

@CEN

လွန်ခဲ့တဲ့ဇန်န၀ါရီလက ပြန်လည်ဖမ်းမိခဲ့တဲ့သူ့ကို အခုအခါမှာတော့ ထောင်ဒဏ်(၁၆)နှစ် ပြောင်းလဲချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဘီဘီစီသတင်းဌာနရဲ့ ဖော်ပြချက်အရတော့ Alexander ဟာ သူ့အမေကိုတွေ့ချင်လွန်းတဲ့အတွက်ကြောင့် ထောင်ကနေ ထွက်ပြေးရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ဖြစ်ပုံက အမွှာညီအကိုဖြစ်သူ Giancarlo Steven Delgado Herrera က ထောင်ဝင်စာလာတွေ့တဲ့အခါ  Alexander က အမွှာညီအကို,ကို အကျဉ်းခန်းထဲခေါ်ကာ မူးအောင်တိုက်ပြီး အိပ်ပျော်စေခဲ့ပါတယ်။

READ
အက်စစ်နဲ့အပက်ခံခဲ့ရလို့ ခွဲစိတ်မှုတွေခံယူခဲ့ရတဲ့ ကောင်မလေး
@CEN

ထို့နောက် Alexander က သူ့အ၀တ်အစားတွေအား အမွှာကိုဝတ်ဆင်ပေးခဲ့ပြီး အပြင်ပြန်ထွက်သွားခဲ့ပါတယ်။ ထောင်ဝင်စာ လာတွေ့တဲ့ဧည်သည်ဟန်ဆောင်ရင်း အစောင့်ဂိတ်(၆) ဂိတ်ကို ဖြတ်သန်းကာ ထွက်ပြေးသွားတာပါ။  ဒါပေမယ့် နောက်ပိုင်းမှာတော့ အကျဉ်းခန်းဝန်ထမ်းတွေဟာ လက်ဗွေရာစစ်ဆေးချက်တွေကနေတဆင့် Giancarlo ကို တရားခံမဟုတ်ကြောင်းသိရှိသွားခဲ့ပြီး ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE