လူအများစုဟာ အွန်လိုင်းပေါ်မှာ ပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင် အဲ့ဒီပစ္စည်းကောင်းမကောင်းကို review တွေ မန့်တွေမှာရှာဖတ်ကြပါတယ်။ Google review နဲ့ဆိုရင်တော့ လူတွေဟာ နေရာတစ်နေရာ ဥပမာ ရှော့ပင်းမောလ်ဖြစ်ဖြစ်၊ ရဲစခန်းဖြစ်ဖြစ် အဲ့ဒီနေရာရဲ့ အကြောင်းကို review တွေကြည့်ပြီး သိနိုင်ပါတယ်။ မကြာသေးခင်ကတော့ ရဲစခန်းတစ်ခုအကြောင်း ရေးသားထားတဲ့ review ဟာ အွန်လိုင်းပေါ်မှာ တော်တော်လေးပြန့်နှံ့ခဲ့တာပါ။

ဒီအကြောင်းကိုတော့ ရဲအရာရှိ Santosh Singh က ပြန်လည်မျှဝေခဲ့တာပါ။ ဒီ review ကိုတော့ လွန်ခဲ့တဲ့ငါးလတုန်းက ထောင်ကျခဲ့သူ အကျဉ်းသား Mansuri Avesh က မွမ်ဘိုင်းမှာရှိတဲ့ Naya Nagar ရဲစခန်းအကြောင်း မှတ်ချက်ပြုခဲ့တာပါ။
थाना इतना अच्छा कि कोई दुबारा गिरफ्तार हो कर आना चाहे
How do you assess it.#policereforms #policing@ipsvijrk @ipskabra @arunbothra @dubey_ips @arifhs1 @AwanishSharan @PriyankaJShukla @sonalgoelias @editorsunil @TheVijayKedia @ParveenKaswan @upcoprahul pic.twitter.com/eczJebXOmH— Santosh Singh (@SantoshSinghIPS) December 12, 2020
ထိုသူက “အဲ့ဒီမှာ အဖမ်းခံခဲ့ရတယ်။ သူတို့က ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံပါတယ်။ အခန်းတွေလည်း ကောင်းတယ်။ နေရာကျယ်တယ်။ သန့်လည်းသန့်တယ်။ အစားအသောက်လည်း ကောင်းတာပဲ။ လက်ထိပ်တွေကတော့ နည်းနည်းကြပ်တယ်။ ဒါပေမဲ့လည်း လက်ထိပ်က သူ့အလုပ်သူလုပ်တာဆိုတော့ အဆင်ပြေပါတယ်။ ရဲတွေကလည်း ကြင်နာကြတယ်။ ခြုံပြောရင် အရမ်းကောင်းပါတယ်။ အခွင့်အရေးရရင်တော့ သေချာပေါက် ထပ်သွားချင်သေးတယ်။” လို့ ရေးသားထားခဲ့တာပါ။ ဒီ review နဲ့ပတ်သက်ပြီး အားလုံးကပြောနေကြတာဖြစ်ပါတယ်။ တစ်ချို့ကျတော့လည်း စခန်းမှာ WIFI connection ရလား၊ အစားအသောက်တွေကိုရော ဘာတွေကျွေးလဲစသဖြင့် သိချင်လိုကြောင်း မေးမြန်းထားတာကိုလည်း တွေ့ရပါသေးတယ်။
ShweMom