နိုင်ငံရေးလောကထဲကို ၀င်မယ့်အနေအထားတွေရှိနေတဲ့ Priyanka Chopra တို့မောင်နှံ

ခင်ပွန်းဖြစ်သူ Nick Jonas နဲ့ ကိုယ်တိုင်အတွက် ပလန်အကြီးကြီးတစ်ခု ပြင်ဆင်နေကြောင်း မင်းသမီး Priyanka Chopra က ထုတ်ဖော်ခဲ့တယ်လို့ Sunday Times သတင်းဌာနရဲ့ ဖော်ပြမှုအရ သိရပါတယ်။

Hugo A.K.A. Sppider / Shutterstock.com

အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်နေရာအတွက် ၀င်အရွေးခံမှာဖြစ်ကြောင်း၊ Nick ကိုလည်း သမ္မတ ၀င်အရွေးခံစေချင်ကြောင်း Sunday Times ကိုပြောပြခဲ့ပါတယ်။

“နိုင်ငံရေးနဲ့ ဆက်နွှယ်နေတာတွေ ဘာမှ သဘောမကျပါဘူး၊ ဒါပေမယ့် ကျွန်မတို့ နှစ်ယောက်လုံး ပြောင်းလဲဖို့တကယ်လိုအပ်နေတာတော့ သိတယ်”  ဆိုပြီး ပြောခဲ့တာပါ။

Kathy Hutchins / Shutterstock.com

ဆယ်လီ မောင်နှံက မကြာသေးခင်က ကျင်းပခဲ့တဲ့ ၂၀၁၉ Met Gala ပွဲကိုလည်း အတူတကွတက်ရောက်ခဲ့ကြပါတယ်။ Priyanka ကတော့ သူမရဲ့ အသက် ၂၆ နှစ်အရွယ် ခင်ပွန်းကို နိုင်ငံ့ခေါင်းဆောင်းကောင်း တစ်ယောက်ဖြစ်လာနိုင်တယ်လို့ အခိုင်အမာ ယုံကြည်နေပုံပါပဲ။ Priyanka Chopra ဟာ Forbes မဂ္ဂဇင်းက သတ်မှတ်တဲ့ ၂၀၁၇ ကမ္ဘာ့ပေါ်က Most Powerful Women စာရင်းထဲမှာ ဖော်ပြခြင်းခံရဖူးတယ်။

READ
သာသနာ့ ဘောင်ကို အတူတူဝင်သွားတဲ့ ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့စုံတွဲ

သူမဟာ UNICEF ရဲ့ သံတမန်တစ်ယောက်လည်းဖြစ်ပြီး အမျိုးသမီး အခွင့်အရေးနဲ့ ပညာရေးမြှင့်တင်တဲ့လုပ်ငန်းတွေအတွက် အချိန်ပေးမြှုပ်နှံထားသူဖြစ်ပါတယ်။

Matthew (ShweMOM)

SHARE