Nick Jonas ရဲ့မွေးနေ့ကို ဘောလုံးကွင်းကြီးငှားပြီး surprise လုပ်ခဲ့တဲ့ မမ Chopra

@priyankachopra/Instagram, priyankachopra

Nick Jonas ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့တုန်းက အသက် ၂၇ နှစ်ပြည့်သွားခဲ့ပါပြီတဲ့။

မွေးနေ့ပြီး ၂ ရက်အကြာမှာတော့ ဒီနှစ်မွေးနေ့ဟ သူ့ဘဝအတွက် မထင်မှတ်ထားတဲ့ မွေးနေ့ပွဲလေးတစ်ပွဲ ဖြစ်သွားခဲ့တယ်ဆိုပြီး Instagram မှာ တင်လာခဲ့ပါတယ်။ ဘယ်သူ့ကြောင့်လဲဆိုတော့ မမ Chopra ကြောင့်ပါတဲ့။

လက်ထပ်တာ တစ်နှစ်တောင်မပြည့်သေးတဲ့ စုံတွဲလေးဟာ ပရိတ်သတ်တွေကြားထဲမှာတော့ ကြင်နာယုယမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ဖြည့်ဆည်းပေးမှုတွေကြောင့် အားကျခံနေကြရပါတယ်။ အထူးသဖြင့် Nick ထက် အသက်ပိုကြီးတဲ့ မမ Chopra ဟာ မောင်လေးကိုရထားလို့လားမသိဘူး၊ ပိုအလိုလိုက်သလိုပါပဲနော်။ အခုလည်း Nick ရဲ့ အသက် ၂၇ နှစ်ပြည့်မွေးနေ့ပွဲလေးကို Chopra ကနေပြီး surprise တိုက်ကျွေးခဲ့ပါတော့တယ်။

@nickjonas/Twitter
@nickjonas/Twitter
@nickjonas/Twitter

အမေရိကန်ဘောလုံးကစားအသင်း Chicago Bears ရဲ့ အိမ်ကွင်းဖြစ်တဲ့ Soldiers ကွင်းကြီးတစ်ကွင်းလုံးကို ငှားရမ်းခဲ့ပြီး Nick Jonas ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကိုပါ ဖိတ်တဲ့အပြင်ကိုမှ ဘောလုံးအသင်းကြီးကိုလည်း ဖိတ်ထားခဲ့ပါတယ်။ ပီဇာတွေအဝကျွေးခဲ့ပြီး တကီလာပုလင်းတွေ၊ Nick ကြိုက်တဲ့ Chicago Bears ဘောလုံးအသင်းရဲ့ ဂျာစီအင်္ကျီတွေကိုလည်း ကွင်းထဲက မိတ်ဆွေတိုင်းကို ဝတ်စေခဲ့ပြီး မွေးနေ့ပွဲလေးကို ပေါ့ပေါ့ပါးပါး ခမ်းခမ်းနားနား ကျင်းပပေးခဲ့တာပါ။

 

 

View this post on Instagram

 

I’ve been lucky enough to celebrate my 27th birthday over the past couple of days with family, friends, and fans in Chicago and St. Paul. My beautiful wife surprised me with a touch football game with some of my closest friends and family on the one and only Soldier Field in Chicago (!!!) followed by a few hours of Topgolf, and then a party where pizza, tequila, cake, and cigars were involved. The next day we played a sold out show in St. Paul where so many of you brought birthday signs and sang me Happy Birthday on stage. I can’t thank you all enough for the outpouring of love and birthday wishes over the past couple of days. Means the world to have you all in my life. I’m endlessly grateful. Here’s to 27!

A post shared by Nick Jonas (@nickjonas) on

Nick အနေနဲ့ ဇနီးသည်လေး မမ Chopra တစ်ယောက် ဘယ်ကတည်းက ကြိတ်စီစဉ်နေသလဆိုတာ မသိခဲ့ရဘဲ အခုလို ရောက်ကာမှ လူတွေအများကြီးကိုရုတ်တရက်တွေ့လိုက်တဲ့အတွက် မျက်ရည်တွေတောင် လည်ခဲ့ရပါသေးတယ်တဲ့။ နောက်တစ်ရက်မှာတော့ အဲဒီဘောလုံးကွင်းမှာပဲ Jonas Brothers အနေနဲ့ ပရိတ်သတ်တွေကို ခေါ်ပြီး ဖျော်ဖြေခဲ့ကာ မွေးနေ့ကိတ်တစ်ခါ ထပ်ထွဲခဲ့ပါသေးတယ်။

READ
ဇာတ်ကားသစ် ရိုက်ဖို့ လက်ခံလိုက်တဲ့ Park Seojoon

 

ဘာကြောင့် မမတွေကို ရွေးချယ်သင့်တယ်ဆိုတာ သိပြီမဟုတ်လား။

READ
"လိပ်ပြာစံအိမ်" ရုပ်ရှင်ကားကို ပရိသတ်တွေနဲ့အတူ လာရောက် ကြည့်ရှုခဲ့တဲ့ ဒေါင်း

 

Penny

 

SHARE