ငြိမ်းချမ်းရေးသံတမန်ဖြစ်ပြီး အပြောနဲ့အလုပ်နဲ့မညီခဲ့ဘူးဆိုတဲ့ Priyanka Chopra Jonas

@priyankachopra/Twitter

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတုန်းက အိန္ဒိယနဲ့ပါက္စတန်တို့ကြား အကြမ်းဖက်မှုတွေ၊ ပစ်ခတ်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး နျူကလိယစစ်ပွဲဖြစ်မယ်လို့ ကြိမ်းဝါးမှုတွေအထိ ဖြစ်ပျက်ခဲ့ကြပါတယ်။ အသေးစိတ်အကြောင်းအရာကို ဒီမှာ နှိပ်ပြီးဖတ်နိုင်ပါတယ်။ အိန္ဒိယ-ပါကစ္စတန်အရေးဟာ ၂၀၁၉ ခုနှစ်ရဲ့ နိုင်ငံတကာအာရုံစိုက်ခြင်းခံခဲ့ရတဲ့ အရေးကိစ္စကြီးတစ်ရပ်ဖြစ်ခဲ့တာပါ။

နိုင်ငံရေးပုဂ္ဂိုလ်တွေအပြင်ကိုမှ တခြားသောနယ်ပယ်မှာရှိနေခဲ့ကြတဲ့ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေတင်မကဘဲ ဘောလိဝုဒ်က အနုပညာရှင်တချို့ကပါ သူတို့ရဲ့ လူမှုကွန်ယက်တွေမှာ အားပေးအားမြှောက်ပြုတာမျိုး၊ ဝေဖန်တာမျိုးစတဲ့ post တွေကိုလည်း တင်ခဲ့ပါသေးတယ်။ အဲဒီအထဲကမှ ဘောလိဝုဒ်မှ ဟောလိဝုဒ်အထိ ထိုးဖောက်နိုင်ခဲ့တဲ့ အိန္ဒိမင်းသမီးချော Priyanka Chopra Jonas လည်း ပါဝင်နေခဲ့ပါတယ်။ အိန္ဒိယဖက်က ပါကစ္စတန်အကြမ်းဖက်သမားစခန်းတွေကို လေတပ်မှဖြိုခွင်းမယ်ဆိုတဲ့ အကြောင်း ကြေငြာခဲ့ပြီးနောက်၊ ချက်ချင်းဆိုသလိုပဲ သူမရဲ့ Twitter မှာ Jai Hind #IndianArmedForces ဆိုပြီး tweet လုပ်ခဲ့တာပါ။ Jai Hind ဆိုတာ Hail India လို့ အဓိပ္ပာယ်ရပါတယ်။

@priyankachopra/Twitter
@priyankachopra/Twitter

အနုပညာရှင်ဟာလည်း သာမန်ပြည်သူထဲက ပြည်သူပေပဲမလို့ နိုင်ငံ့အရေးနဲ့ပတ်သက်ပြီးသူမအမြင်ကို ချပြတယ်ဆိုတာဟာ တကယ်တမ်းတော့ ဘာမှမဖြစ်ပေမယ့်လည်း Priyanka ဟာ UNICEF က အသိအမှတ်ပြုခံထားရတဲ့ ငြိမ်းချမ်းရေးသံတမန်တစ်ယောက် ဖြစ်နေခဲ့တဲ့အတွက်ကြောင့်သာ အများအမြင်မှာ မသင့်တော်ခဲ့ရတာပါ။ ငြိမ်းချမ်းရေးသံမန်တစ်ယောက်က စစ်ပွဲဖြစ်ဖို့ကို အားပေးနေတယ်ဆိုတဲ့ အချက်တစ်ခုတည်းကြောင့် သူမကို အားပေးနေတဲ့ ပါကစ္စတန်ပရိတ်သတ်တွရော၊ အိန္ဒိယပရိတ်သတ်တချို့ပါ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတော့တယ်။

@priyankachopra/Twitter
@priyankachopra/Twitter
@priyankachopra/Twitter

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့တုန်းက လော့စ်အိန်ဂျလိစ့်မှာကျင်းပခဲ့တဲ့ BeautyCon ဆိုတဲ့ ပွဲတစ်ပွဲမှာတော့ Priyanka ဟာ ပရိတ်သတ်တစ်ယောက်ရဲ့ မေးခွန်းကြောင့် ကျဉ်းထဲကြပ်ထဲရောက်ခဲ့ပါတော့တယ်။ Ayesha Malik ဆိုတဲ့ ပါကစ္စတန်အမျိုးသမီးတစ်ယောက်ဟာ Priyanka ကို ဖော်ဖော်ဝါရီလ ၂၆ ရက်နေ့တုန်းက စစ်ပွဲအားပေးတဲ့ပုံစံမျိုးနဲ့တင်ခဲ့တဲ့ tweet နဲ့ပတ်သက်ပြီး UNICEF ငြိမ်းချမ်းရေးသတမန်တစ်ယောက်အနေနဲ့ ဒီလို နျူးကလိယစစ်ပွဲဖြစ်စေဖို့ အားပေးအားမြှောက်ပြုခဲ့ကြောင်း အစချီကာပြောခဲ့ပါတယ်။ ပါကစ္စတန်မှာလည်း Priyanka အခုလိုရပ်တည်လာနိုင်အောင် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအများကြီးရှိနေတဲ့ကြားထဲကိုက Priyanka ကတော့ ပါကစ္စတန်ကိုတိုက်ခိုက်ဖို့ တင်ရက်တယ်ဆိုပြီး ပြောခဲ့တာပါ။ Ayesha Malik စကားတောင်မဆုံးသေးဘူး သူမကိုင်ထားတဲ့မိုက်ကို ဝန်ထမ်းတစ်ယောက် လာယူသွားခဲ့ပါတယ်။

READ
(၁)လလောက်နားပြီးတာနဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပါမယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို
@Spishaa

Priyanka ကတော့ ဒေါသဖြစ်ပြီးအော်ပြောနေတဲ့ Ayesha Malik ကို တည်ငြိမ်စွာနဲ့ပဲ ပြန်တုန့်ပြန်ခဲ့ပါတော့တယ်။ တုန့်ပြန်ပုံကတော့ Priyanka ဟာ ပါကစ္စတန်မှာ မိတ်ဆွေတွေအများကြီးရှိကြောင်း၊ ဒီ tweet ဟာ စစ်ပွဲကိုလိုလားတယ်လို့ ဆိုလိုတာမဟုတ်ဘဲ နိုင်ငံကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အိန္ဒိစစ်တပ်ကို အားပေးခဲ့တာသာဖြစ်ကြောင်း၊ အကယ်၍ သူမကိုချစ်တဲ့ သို့မဟုတ် ချစ်ခဲ့၊အားပေးခဲ့တဲ့သူတွေကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်ဆိုရင်လည်း တောင်းပန်ကြောင်း၊ တကယ်တော့ သူမကိုယ်တိုင်ရော Ayesha Malik တို့လို ပြည်သူတွေဆိုတာဟာ နိုင်ငံရေးရဲ့မြေစာပင်တွေဖြစ်ကြောင်း အစချီကာ အေးဆေးစွာပြောခဲ့ပါတယ်။ ထပ်ပြီး အခုလိမျိုး ချစ်ခြင်းမေတ္တာတွေ ဖြန့်ဝေပေးမယ့်ပွဲတစ်ပွဲမှာ ဒီလိုအော်ဟစ်ပြီး အမုန်းစကားပြန့်ပွားအောင် မလုပ်ပါနဲ့၊ ဒါပေမဲ့ ဒီလိုပွင့်ပွင့်လင်းလင်းပြောလာခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဆိုပြီး အကြမ်းဖျင်းအရ ပြောသွားခဲ့ပါတော့တယ်။

Ayesha Malik ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ Twitter မှာ မကျေနပ်ချက်တွေကို တန်းစီပြီး ပြန်တင်ခဲ့ပါတယ်။ အကြောင်းကတာ့ သူမဟာ အမှန်တရားတစ်ခုကို ဖွင့်ချပြောပြခဲ့ပေမယ့်လည်း Priyanka ကတော့ အပေါ်စီးကနေပြီး မဆိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ၊ ပြည်ချစ်စိတ်တွေနဲ့ ကွေ့ဝှက်ပြီး ပြန်တုန့်ပြန်ကာ လူကြားထဲ သူမကို လူဆိုးဖြစ်စေခဲ့တဲ့အတွက် ကျေနပ်နေခဲ့တာပါပဲ။

READ
ကိုရီးယားအနုပညာလောကကို လှုပ်ခတ်စေခဲ့တဲ့ Sex ကိစ္စအရှုပ်တော်ပုံ(၂)

 

 

 

Priyanka Chopra Jonas ဟာ ၂၀၁၆ ခုနှစ်ကတည်းကိုက UNICEF မှ Goodwill ငြိမ်းချမ်းရေးသံတမန်တစ်ယောက်အနေနဲ့ ခန့်အပ်ထားခြင်းခံခဲ့ရတဲ့ ဘောလိဝုဒ်အနုပညာရှင်တစ်ဦးပါ။

Penny

SHARE