Chopra ကို Mercedes ကားကြီး လက်ဆောင်ပေးခဲ့တဲ့ Nick Jonas

Nick Jonas နဲ့ Priyanka Chopra  တို့ကတော့ အချစ်မှာ အသက်အရွယ်မရှိဘူးဆိုတာကို သက်သေ အခိုင်အမာ ပြထားတဲ့ ဆယ်လီစုံတွဲပါ။မနဲ့ မောင် စုံတွဲတွေ အတွက်လည်း သူတို့နှစ်ယောက်က စံပြစုံတွဲ လို့ ပြောလို့ရပါတယ်။ Nick Jonas ကတော့ (၁၉၉၂)မှာ မွေးပြီး အသက်က (၂၆)နှစ်ပါ။Priyanka Chopra ကတော့ (၁၉၈၂)ခုနှစ် မှာ မွေးပြီး  အသက် (၃၆)နှစ်ပါ။သူတို့ ကြားက အသက်ကွာခြားချက်ကတော့ (၁၀) နှစ်ပါ။အသက်(၁၀) နှစ်လောက် ကွာ တဲ့ မောင်လေးနဲ့ လက်ထပ်ထားရပေမယ့်လည်း Chopra တစ်ယောက် ခင်ပွန်းဖြစ်သူဆီကနေ သဲသဲလှုပ်အ ချစ် ခံ ရတာကိုတွေ့ရပါတယ်။အခုလည်း ခင်ပွန်းဖြစ်သူက သူမကို လက်ရှိဈေးကွက်ထဲမှာ ဈေးအကြီးဆုံး Mercedes ကားသစ်ကြီး လက်ဆောင်ပေးခဲ့ပါတယ်။

pinterest
pinterest
pinterest

Priyanka’ က သူမရဲ့Instagram အကောင့်မှာ အမိုက်စားကားသစ်ကြီးကို နောက်ခံ ထားပြီး ခင်ပွန်း ဖြစ်သူနဲ့ အတူ ရိုက်ထားတဲ့ စုံတွဲပုံလေးကို တင်ထားပါတယ်။ယောက်ျားဖြစ်သူဆီက လက်ဆောင်ရလိုက် တဲ့ အကြောင်း ကိုေ တာ့ သူမရဲ့ Caption မှာ အခုလို ရေးထားပါတယ်။”ယောက်ျားက နံပါတ်တစ် ဖြစ်သွားတော့ မိန်းမက @mayb ach!! ရတော့ပေါ့ ချစ်တယ်ဘေဘီ၊ရေးးးးး ငါ့ယောက်ျားကတော့ အမြဲတမ်းအကောင်းဆုံးပဲ…” ဆိုပြီး တင် ထားပါတ ယ်။သူမလက်ဆောင်ရလိုက်တဲ့ ကားကတော့ Mercedes-Maybach S 650 Sedan လို့ ယူဆရပါတယ်။ ဒီကား ကတော့ လက်ရှိဈေးကွက်ထဲမှာ ဈေးအကြီးဆုံး Mercedes ကားပါ။တန်ဖိုးအားဖြင့်တော့ အမေရိကန်ဒေါ်လာ ( $200,000)နီးပါးရှိပါတယ်။

READ
Myanmar Social Influencers Award 2017 မှာ ဆုရရှိခဲ့တဲ့ Phyodaybyday
Priyanka Chopra’s IG
Priyanka Chopra’s IG
Priyanka Chopra’s IG

Jonas Brothers ကတော့ သီချင်း သစ် မထွက်တာ (၁၀)နှစ်လောက်ရှိနေပါပြီ။ (၁၀)နှစ်အတွင်းပ ထမဆုံးအကြိမ် အဖြစ် Sucker ဆိုတဲ့  သီချင်းသစ် တစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။MV မှာတော့ Nick ကတော့ သူ့ရဲ့ ပူပူနွေးနွေး ဇနီးလေး Priyanka Chopra  ကို Mv မှာ ထည့်သွင်း ထားပါ တယ်။Joe ကလည်း သူ့ရဲ့ ဇနီးလောင်း  Game of Thrones မင်းသမီးချော Sophie Turner  ၊Kevin ကတော့ သူ့ရဲ့ဇနီး Danielle နဲ့ အတူ MV မှာ အတူတွဲ သရု ပ်ဆောင်ထားပါတယ်။  Sucker သီချင်းဟာ Billboard Hot 100 chart မှာ နံပါတ်တစ်နေရာရခဲ့ပါတယ်။ Billb oard နံပါတ်တစ်နေရာမှာ ရခဲ့တဲ့ Sucker  သီချင်း MV ကို ဖော်ပြပေးလိုက်ပါတယ်။

READ
Arnold ကို ယောက္ခမတော်ရတော့မယ့် Chris Pratt

Source standard.

SHARE