ဆုံလည်ထိုင်ခုံတွေနဲ့ (၂) နာရီကြာ အပြေးပြိုင်ရတဲ့ပြိုင်ပွဲအတွက် ပထမဆု

isu1gp Facebook

ဇွန်လဆန်းပိုင်းတုန်းက ဂျပန်နိုင်ငံမှာ ထူးခြားတဲ့ပြိုင်ပွဲတစ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲက ဘေးကရပ်ကြည့်နေသူတွေအတွက်တော့ တော်တော်လေး ရယ်စရာကောင်းတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ Isu-1 Grand Prix လို့အမည်ရတဲ့ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ ရုံးခန်းသုံး ဆုံလည်ထိုင်ခုံတွေပေါ်စီးပြီး နောက်ပြန်သွားကာ အပြေးပြိုင်ရတာပဲ ဖြစ်ပါတယ်။

いす-1 GP 埼玉羽生大会 2019予選 ゼロ3 1位 木津川運輸 5.612位 チームコクヨ 6.093位 コッペパン 6.13

Posted by いす-1グランプリ on Saturday, June 8, 2019

ပါဝင်ယှဉ်ပြိုင်ရမယ့် အဖွဲ့တစ်ဖွဲ့ချင်းစီမှာ အသင်းဝင်(၃)ဦး ပါဝင်ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ဆုံလည်ထိုင်ခုံတွေကို (၂) နာရီကြာနောက်ပြန်စီးပြီး သတ်မှတ်ချိန်အတွင်း အပတ်ရေပြည့်မှီအောင် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ပြိုင်ပွဲဝင်တွေ ထိုင်ခုံစီးရမယ့် ခရီးအတိုင်းအတာဟာ မီတာ(၂၀၀) ရှိတယ်လို့ သိရပါတယ်။

いす-1 GP 2019 埼玉羽生大会 いす-2GP スタート予選下位チーム27チーム。1周200m1時間耐久レース

Posted by いす-1グランプリ on Saturday, June 8, 2019

ပြိုင်ပွဲကို စီစဉ်သူကတော့ ဆုယိုးရှိတာဟာရာ ဖြစ်ပါတယ်။ တာဟာရာက Formula 1 နဲ့ 24 Hours of Le Mans စတဲ့ကားပြိုင်ပွဲတွေကို ကြည့်ပြီး (၂၀၀၉) ခုနှစ်မှာ အိုင်ဒီယာရလာခဲ့တာပါ။ အခုနှစ်မှာတော့ Isu-1 Grand Prix ကို ဂျပန်နို်င်ငံတစ်လွှားမှာရှိတဲ့ နေရာ (၁၀) နေရာမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

いす-1 GP2019 埼玉羽生大会 いす-1 GP決勝スタート❗️決勝には28チームが出走。今回羽生大会に、国際ニュースロイター通信社さんも取材に来られています。

Posted by いす-1グランプリ on Saturday, June 8, 2019

ယခုနှစ်ဇွန်လ(၉) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲမှာတော့ ကျိုတိုကုမ္ပဏီတစ်ခုကို ကိုယ်စားပြုတဲ့ ကီဆုဂါဝါအန်ယု အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့အသင်းဟာ “Best Driver” ဆိုတဲ့ အမှတ်တံဆိပ်နဲ့အတူ ဆန်ပေါင်ချိန်(၁၉၈) ပေါင်ကို ဆုငွေအဖြစ် လက်ခံရရှိမှာ ဖြစ်ပါတယ်။ ကီဆုဂါဝါအသင်းဟာ မနှစ်တုန်းကလည်း “Best Driver” ဆုရရှိခဲ့တယ်လို့ ဂျပန်မီဒီယာတစ်ခုဖြစ်တဲ့ SoraNews ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

READ
ဆိုင်ကယ်ဘီးနဲ့ အိပ်ဇောပိုက်ကြားမှာ ခေါင်းညှပ်ပြီး အိပ်ပျော်တဲ့အထိ အမူးလွန်သူ

လင်းလင်း (ShweMom)

SHARE