အွန်လိုင်းပေါ်မှာငိုပြလိုက်တာ တစ်ခါတည်းဒေါ်လာ၂သောင်းကျော်ရသွားခဲ့တဲ့ဂိမ်မာလေး

YouTube-Jarvis

Jarvis Kaye ဟာ Fornite ဆိုတဲ့ ဂိမ်းတစ်ခုရဲ့ professional gamer တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဂိမ်းကစားပုံတွေကိုလည်း YouTube မှာ streaming လုပ်တတ်တဲ့အတွက်ကြောင့် YouTuber တစ်ယေက်ဆိုလည်း မှားပါဘူး။

အဲဒီလိုတင်ထားတဲ့ streaming video တွေကပဲတစ်ဆင့် Kaye တစ်ယောက် Fornite ကစားတာ သာမန်ရိုးရိုးသားသားမဟုတ်ဘဲနဲ့ cheat ပြီးဆော့နေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ နည်းပညာအကူအညီတွေကိုယူကာ မရိုးမသားဆော့ခဲ့တာကို သူ့ဗီဒီယိုတွေကြည့်နေကျ ပရိတ်သတ်က သိသွားတဲ့အပြင် Fornite ကပါ သိသွားခဲ့တဲ့ခါမှာတော့ ပြီးခဲ့တဲ့ရက်တုန်းက Kaye ရဲ့ Fornite account ကို ပိတ်ချလိုက်ပြီး နောက်နောင်လည်း ဘယ်တော့မှ သူ့ရဲ့ နာမည်၊ အချက်အလက်တွေနဲ့ Fornite account ဖွင့်လို့ရမှာမဟုတ်တော့သလို တရားဝင်လည်းဆော့လို့ရတော့မှာမဟုတ်တော့ပါဘူးတဲ့။

YouTube-Jarvis

ဒါဟာ Fornite ကို အသုံးပြုပြီး တစ်ဖက်တစ်လှမ်းက ဝင်ငွေရှာနေတဲ့ Kaye လိုလူမျိုးအတွက်ကတော့ ဘဝတစ်ခုလုံးဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့သလိုပါပဲ။ ဒါနဲ့ပဲ Kaye တစ်ယောက် ကြံရာမရတဲ့အဆုံး အွန်းလိုင်းမှာဖြစ်ရပ်နဲ့ပတ်သက်ပြီး သူ့ရဲ့ YouTube channel မှာ “I’m Sorry” ဆိုတဲ့ နာမည်နဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ဗီဒီယိုတင်ကာ ရှင်းခဲ့ပါတော့တယ်။

READ
မီးဘေးမှကယ်ခဲ့ရတဲ့ ကောင်မလေးရဲ့ ဘွဲ့ယူအခမ်းအနားကို တက်ရောက်ခဲ့သည့် ရဲသားကြီး

ဗီဒီယို စစချင်းမှာတော့ Kaye ဟာ အေးအေးဆေးဆေးနဲ့ စကားပြောနေခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ၂ နှစ် Fornite စပေါ်ပေါ်လာချင်းကတည်းက သူ့မှာ နေ့မနားညမအိပ်နဲ့ တစ်ဆင့်ထက်တစ်ဆင့် မြင့်လာအောင်၊ တိုးတက်မှုတွေရှိလာပြီး professional gamer တစ်ယောက်အဖြစ် ရပ်တည်လာအောင် ဇွဲရှိရှိနဲ့လုပ်ခဲ့ရကြောင်း၊ သူ့အနေနဲ့ Fornite ကို streaming လုပ်ပေးတယ်ဆိုတာ လူပိုဆော့အောင် တစ်ဖက်လှည့်နဲ့ကြေငြာပေးတာဖြစ်ကြောင်းတွေကိုလည်း ထည့်ပြောထားပါသေးတယ်။ ဒါပေမဲ့ ရိုးရိုးသားသာားမဆော့မိတဲ့အတွက်ကြောင့် သူမှားကြောင်း တောင်းပန်ခဲ့ပြီး ချုံးပွဲချငိုခဲ့ပါတော့တယ်။

YouTube-Jarvis

အသက် ၁၇ နှစ်သာရှိသေးတဲ့ Kaye ဟာ YouTube ပေါ်မှာတော့ subscribers ပေါင်း၂ သန်းကျော်ရရှိနေပြီး Twitch မှာတော့ follower ပေါင်း ၂ သိန်းကျော်နဲ့ ရပ်တည်လျက်ရှိနေပါတယ်။ ဗီဒီယိုတိုလေးတစ်ခုတင်တိုင်းမှာကို ဒေါ်လာ ၂၅,၀၀၀ မှ ၃၆,၀၀၀ အထိ streaming ဖိုးနဲ့ advertisement ကြေးတွေကို ဗီဒီယိုတင်တဲ့ platform ဖက်က ပြန်လည်ရရှိလေ့ရှိနေပါတယ်ဆိုပြီး talent agency တစ်ခုဖြစ်တဲ့ The Fifth မှ သိခဲ့ရပါတယ်။ ဒီထက်ပိုကြာပြီး ဂိမ်းတစ်ပွဲလုံးထိုင်ဆော့ပြတဲ့ဗီဒီယုတွေဆိုရင် ဒေါ်လာ ၅ သောင်းပတ်ဝန်းကျင်လောက်တောင် ရဖူးတာတွေ ရှိပါတယ်တဲ့။

READ
အဆိပ်ပြင်းထန်တဲ့ ဂျယ်လီငါးကောင်ရေ သိန်းချီနဲ့အတူ ဓာတ်ပုံရိုက်ခဲ့တဲ့ သတ္တိခဲ

အခု တောင်းပန်တဲ့ဗီဒီယိုကိုတော့ ကြည့်ရှုတဲ့အခါပေါင်း ၇ သန်းနီးပါးရှိနေခဲ့ပြီး comment တွဟာလည်း ၁၈၇,၀၀၀ ကျော်တောင် ရရှိနေခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း ဗီဒီယိုကြောင့် ဒေါ်လာ ၂ သောင်းကျော်ကို ရရှိသွားခဲ့ပါသေးတယ်တဲ့လေ။

YouTube-Jarvis
YouTube-Jarvis

ဘယ်လိုတွေတောင်ငိုထားသလဲဆိုတာ ကြည့်လိုက်ကြပါဦး။

Penny

 

SHARE