ဘယ်သန်တွေသာ နားလည်နိုင်မယ့် နေ့စဉ်လူမှုဘ၀ထဲက အခက်အခဲများ

ယနေ့ခေတ်ကမ္ဘာကြီးဟာ ညာသန်တွေသာ ကြီးစိုးရာကမ္ဘာကြီး ဖြစ်ပါတယ်။ ကတ်ကျေး၊ စားပွဲခုံကစလို့ စာအုပ်တွေ၊ ရေခဲမုန့်ညှပ်တာတွေအဆုံး အသုံးအဆောင်ပစ္စည်းအားလုံးလိုလိုဟာ ညာသန်တွေအတွက်ချည်း အထူးပြုလုပ်ထားတာကို တွေ့ရပါတယ်။ အကြောင်းရင်းကတော့ ကမ္ဘာ့လူဦးရေရဲ့ (၉၀) ရာခိုင်နှုန်းဟာလည်း ညာသန်တွေချည်းပဲ ဖြစ်နေတာ ဖြစ်ပါတယ်။

ကျန်တဲ့(၁၀) ရာခိုင်နှုန်းကတော့ ထူးထူးခြားခြား ဘယ်သန်တွေပါ။ ဥပမာ ဘယ်သန်တွေထဲမှာဆိုရင် ထင်ရှားသူတွေဟာ လီယိုနာဒိုဒါဗင်ချီ၊ မိုက်ကယ်အိန်ဂျလို၊ အရစ္စတိုတယ်နဲ့  ဂျူးလိယက်စ်ဆီဇာတို့ပါ။ ယနေ့ဘက်ခေတ်မှာတော့ အဲလ်ဘတ်အိုင်းစတိုင်း၊ နေးလ်အမ်းမ်စရွန်း၊ ၀င်စတန်ချာချီ၊ ဘီလ်ဂိတ်၊ ဘားရတ်ခ်အိုဘားမားတို့အပြင် အနုပညာရှင်တွေဖြစ်တဲ့ ချာလီချက်ပလင်၊ အင်ဂျလီနာဂျိုလီ၊ ကီနူးရိဗ်၊ တွမ်ခရုဇ်စတဲ့သရုပ်ဆောင်တွေဟာလည်း ဘယ်သန်တွေပဲ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့ ဘယ်သန်တွေဆိုရင် နတ်ဆိုးနဲ့ အဆက်အသွယ်ရှိသူတွေဆိုပြီး ကွပ်မျက်တာမျိုးတောင် လုပ်ဖူးတယ်လို့ သိရပါတယ်။ အခုအခါမှာတော့ ဒီလိုအယူအဆမျိုးတွေမရှိတော့ပေမယ့်လည်း ဘယ်သန်တွေရဲ့ ဘ၀မှာ ခက်ခဲမြဲ ခက်ခဲဆဲဖြစ်တာကို Boredpanda ကနေ အခုလို တွေ့မြင်ရပါတယ်။

READ
ပုန်းအောင်းနေတဲ့ နှင်းတောင်ကျားသစ်ကို မျက်လုံးလျင်မှ မြင်နိုင်မယ်

ပြဿနာသည်..

zoecutter

သံဘူးဖွင့်တာတောင် အဖြစ်ကဆိုး…

aaleighh_

ဘယ်သန်တွေအတွက် ရန်သူ…

gonadgoat

ဘာလို့ ဘယ်သန်ဖြစ်နေတာလဲလို့ အမေးခံလိုက်ရတဲ့ အခိုက်…

themkpopmemes

ဘယ်သန်တစ်ယောက်ရဲ့ ခံစားချက်…

robsc16

စာရေးတဲ့အခါ…

artsnacks

ဘယ်လက်နဲ့ရေးမိတာကိုက ကိုယ့်အမှား…

boredpanda

ရှားရှားပါးပါး စားပွဲခုံလေး…

boredpanda

ဘယ်လက်နဲ့ သောက်ခဲ့ရင်…

elsywelsywoo.tumblr.com

ဒီလို မတရားတာမျိုး…

svinsf

ဘယ်သန်တွေရဲ့ နေ့စဉ်ဘ၀…

Sara Pocock

လင်းလင်း (ShweMom)

SHARE