ရင်ခုန်မှုနှစ်ဆတိုးခဲ့ကြတဲ့ ခရိုအေးရှားပရိသတ် မီးသတ်တပ်ဖွဲ့ဝင်များ

ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်အဆင့်မှာ အိမ်ရှင် ရုရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ နိုင်ငံအဆင့်ဖြစ်တာနဲ့အညီ သူသူကိုယ်ကိုယ် စိတ်လှုပ်ရှားစွာ အားပေးကြချိန် ခရိုအေးရှားနိုင်ငံက  မီးသတ်တပ်ဖွဲ့ဝင်တွေမှာလည်း စိတ်လှုပ်ရှားတာထက်ပိုပြီး လူတွေပါ လှုပ်လှုပ်ရှားရှားတွေဖြစ်ခဲ့ရပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်ခံယူချိန် အိုင်ဗန် ရာကီတစ်ရဲ့ အနိုင်ဂိုး မသွင်းယူခင် စက္ကန့်ပိုင်းအလိုမှာ ဖြစ်ပျက်သွားခဲ့တဲ့ အခိုက်အတန့်ကို ဖော်ပြထားတဲ့ မှတ်တမ်းဗီဒီယိုဖိုင်းကို ခရိုအေးရှားနိုင်ငံက The Zegreb မီးသတ်ဌာနက ဖြန့်ဝေခဲ့ပါတယ်။

ရာကီတစ် ဘောလုံးကို ယူလာတဲ့အချိန် ရုတ်တရက်ဆိုသလို အရေးပေါ် အချက်ပေးသံ ပေါ်ထွက်လာပြီး အကုန်လုံး ချက်ချင်းကြီး ထိုင်ရာကထလို့ ၀ရုန်းသုန်းကား အသင့်ပြင်ကြရတာကို တွေ့ရမှာပါ။ မီးသတ်ဝတ်စုံကို ဂျာစီပေါ်ထပ်ဝတ်သွားတဲ့ သူတွေတောင် တွေ့ရသလို ဘယ်လောက်တောင်လဲ လျင်မြန်သွက်လက်ကြသလဲဆို စက္ကန့်ပိုင်းအတွင်း နေရာကပျောက်သွားကြတာပဲကြည့်ပါတော့… အကုန်ထွက်သွားပြီးတဲ့နောက်မှ ဂျူတီမရှိတဲ့သူတွေ ပေါ်လာပြီး ရာကီတစ်ရဲ့ အနိုင်ဂိုးနဲ့ ပျော်ရွှင်စွာ ခုန်ပေါက် အောင်ပွဲခံနေကြတာကို အဆုံးပိုင်းမှာ တွေ့မှာပါ။ ကြည့်ကြည့်လိုက်ပါဦး….

READ
PPAP သီချင်းထဲကအတိုင်းကပြီးနောက် နာမည်ကြီးလာတဲ့ကလေးငယ်

ဘယ်လိုအကြောင်းပဲရှိနေပါစေ တာဝန်ထက် အရေးကြီးတာမရှိဘူးဆိုတာကို မီးသတ်တပ်ဖွဲ့ဝင်တွေက ဒီအပြုအမူနဲ့ သက်သေပြသွားခဲ့ကြပါတယ်။

ခရိုအေးရှားအသင်း အနေနဲ့ကတော့ ဒုက္ခခံအားပေးခဲ့ရတဲ့ မီးသတ်ရဲဘော်တွေကို စိတ်မပျက်စေခဲ့ပဲ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းကိုပါ ထပ်မံအနိုင်ယူပြီး သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပြင်သစ်အသင်းနဲ့ ဆင်နွှဲရတော့မှာပဲ ဖြစ်ပါတယ်။

Source: 9gag

Matthew (Shwemom)

SHARE