နာရေးတွေမှာလိုက်ငိုပေးရုံနဲ့ တစ်နှစ်ကို ဒေါ်လာ(၂၈၀၀၀)အထိရနိုင်တဲ့ တရုတ်နိုင်ငံ

SCMP

တရုတ်နိုင်ငံမှာ ကိုယ်နဲ့ဆွေမတော်မျိုးမစပ် သူစိမ်းတွေရဲ့ အသုဘကို အငှားသဘောမျိုး လိုက်ငိုပေးရုံနဲ့ တစ်နှစ်ကို ဒေါ်လာ (၂၈၀၀၀) သို့မဟုတ် တရုတ်ယွမ်ငွေ (၂)သိန်းလောက်အထိရနိုင်တယ်လို့ သိရပါတယ်။ တရုတ်အသုဘတော်တော်များများမှာ အငှားငို ခေါ်ကြလေ့ရှိကြပါတယ်။

ရည်ရွယ်ချက်ကတော့ သူတို့ ဆွေမျိုးရဲ့ဈာပနမှာ ငိုသူရှိတယ်၊ သို့မဟုတ် စည်ကားတယ်လို့ ဆိုချင်တဲ့ သဘောဖြစ်ပါလိမ့်မယ်။ တစ်ခါတလေမှာ အဖော်အချွတ်အကမယ်တွေနဲ့တောင် ဈာပနပွဲကို ထူးထူးခြားခြား စီစဉ်တာမျိုးတွေလည်း သတင်းတွေမှာ မကြာခဏ မြင်တွေ့ရပါတယ်။ အသုဘအငှားငိုဓလေ့ဟာ တရုတ်မှာ ရှေးနှစ်ပေါင်းများစွာကတည်းက အလေ့အထတစ်ခုပါ။

SCMP

အခုလည်း အမျိုးသမီးငိုချင်းသမားတစ်ဦးဟာ တစ်နှစ်ကို ယွမ်(၂)သိန်းလောက် ကိုက်ကြောင်း ဖွင့်ဟထားပြီး၊ သူမရဲ့အမည်ကိုတော့ ထုတ်ဖော်ရေးသားချင်း မရှိပါဘူး။ သူမဟာ ဈာပနတစ်ခုမှာ မိနစ်(၃၀)လောက် ငိုပေးရုံနဲ့ ယွမ်(၃၀၀) ရပါသတဲ့။ အဲဒီအမျိုးသမီးဟာ ဒီလုပ်ငန်းကို (၂၀)ကျော်ပြီလို့ ဆိုပါတယ်။

SCMP

အခုဆို သူမဟာ အိမ်ပိုင်ရာပိုင်နဲ့ ဖြစ်ပြီး၊ သားအကြီးဆုံးကိုလည်း တက္ကသိုလ်မှာ ကောင်းကောင်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပရော်ဖတ်ရှင်နယ် ဧရင်ကျူးသူတွေဟာ တစ်ခါတလေမှာ အဖွဲ့သဘောမျိုး တည်ထောင်ထားပြီး၊ တစ်ခါတလေမှာတော့ ညကလပ်မှာ ကတဲ့ ကောင်မလေးတွေက ဒီအလုပ်ကို ဦးသွားတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

နေသူရိန်

SHARE