ကမ္ဘာ့အမိုက်ဆုံးအားကစားအဖြစ်သတ်မှတ်ခြင်းခံလိုက်ရတဲ့ ပါးရိုက်အားကစားနည်း

အရင်အပတ်ထဲ ရုရှားမှာပြုလုပ်သွားခဲ့တဲ့ အားကစားပျော်ပွဲရွှင်ပွဲတစ်ခုမှာ စတင်မိတ်ဆက်ခဲ့တဲ့ အားကစားအသစ်တစ်ခုကတော့ ပါးရိုက်အားကစားနည်းပဲဖြစ်ပါတယ်။ ပါးရိုက်တာဟာ အမျိုးသမီးတွေအတွက်လို့ ယေဘုံယျအားဖြင် သတ်မှတ်ထားပေမယ့် ရုရှားမှာတော့ အမျိုးသားပါးရိုက်ချံပီယံပြိုင်ပွဲကြီးကို တခမ်းတနားကျင်းပခဲ့ပါတယ်။

ရုရှား၊ Siberian မြို့လေးတစ်မြို့ဖြစ်တဲ့ Krasnoyarsk ရဲ့ Siberian Power Show မှာ ပြိုင်ပွဲတွေကျင်းပရင်း ပါးရိုက်ပြိုင်ပွဲလည်း ပါလာခဲ့တာပါ။ ဒီအပြင် ကာယဗလပြပြိုင်ပွဲ၊ အလေးမပြိုင်ပွဲ၊ အကပြိုင်ပွဲတွေအပြင် ဖက်ထုပ်စားပြိုင်ပွဲတွေပါ ရှိပါသေးတယ်။ သို့ပေမယ့် အားလုံးထဲ နာမည်အကြီးဆုံးကတော့ ထင်ကြတဲ့အတိုင်း ပါးရိုက်ပြိုင်ပွဲပဲဖြစ်ပါတယ်။

ပါးရိုက်ပြိုင်ပွဲကို ဒီနှစ်မှ ထူးကဲစွာကျင်းပခဲ့တာမဟုတ်ဘဲ မနှစ်ကပြုလုပ်ခဲ့တဲ့ Sarychev Power Expo ဆိုတဲ့ ပွဲမှာလည်း ထိပ်ဆုံးကနာမည်ကြီးခဲ့တဲ့ ပြိုင်ပွဲတစ်ခုပါ။

ပါးရိုက်ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကအရမ်းရိုးရှင်းလွန်းလှပါတယ်။ စင်ပေါ်မှာချထားတဲ့ စားပွဲဆီကိုသွားပြီး ပြိုင်ဘက်နဲ့အတူ မျက်နှာချင်းဆိုင်ရပ်နေမယ်၊ ပြိုင်ပွဲဝင်တစ်ယောက်က အရင်ဆုံးပါးရိုက်ရမှာဖြစ်ပြီး အရိုက်ခံရတဲ့ နောက်ထပ်တစ်ယောက်ကလည်း အလှည့်ကျပြန်ရိုက်နိုင်ပါတယ်။ စားပွဲနားကကွာဝေးပြီး လွင့်စင်သွားခဲ့မယ့်လူတွေဟာ ရှုံးသွားမှာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာတွေအတွက်ကိုတော့ ဆေးတပ်အသင့်ရှိနေတဲ့အတွက် စိတ်ပူစရာမလိုအပ်ပါဘူး။

READ
သံရုံးဝန်ထမ်းကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံရဲ့ဓာတ်ပုံကို ရဲတပ်ဖွဲ့ထုတ်ပြန်
Dmitry Kotov.

ဒီနှစ်အတွက် Siberia ရဲ့ ထိပ်တန်းပါးရိုက်ချံပီယံကတော့ ရုရှားငွေ ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၃၀) ကို ပိုက်ကာ အိမ်ပြန်သွးခဲ့ပါပြီ။ အနိုင်ရရှိသူအမျိုးသားဟာ ပွဲစစပြိုင်ကတည်းကိုက တောက်လျှောက်အနိုင်ရလာကာ တစ်ဆင့်ပြီးတစ်ဆင့်ကို ကျော်ဖြတ်လာခဲ့သူတစ်ဦးပါ။

ပေါင်ချိန် ၃၇၀ လောက်ရှိတဲ့ လူထွားကြီးဖြစ်ပြီး နာမည်ကတော့ Vasily Pelmen လို့ခေါ်ပါတယ်။ အစိမ်းရောင်ဂျာကင်နဲ့လူတစ်ယောက်ကိုဆို ပါးရိုက်ချလိုက်တာ လွင့်ထွက်သွားတဲ့အထိ အရမ်းကိုအားရဖွယ်ကောင်းလှပါတယ်။

Pelmen ရဲ့ လက်ဝါးသိုင်းကို ရှုစားလိုက်ကြပါဦးနော်။

Source: Vice

Penny

SHARE