စာသင်ဖို့ laptop မရှိရင် ခိုးသာ ခိုးဆိုပြီး ကျောင်းသားတွေကို တိုက်တွန်းခဲ့တဲ့ ပရောက်ဖက်ဆာ

Pixabay/GBU

အခုအခြေအနေဟာ ကပ်ရောဂါဘေးကြောင့် social distancing တွေ၊ လူစုလူဝေးကို ရှောင်ကျဉ်တာတွေကို ထဲထဲဝင်ဝင်ဂရုတစိုက်လုပ်နေရချိန်ဖြစ်တာကြောင့် လူအရမ်းများတဲ့ ပွဲလမ်းသဘင်တွေ၊ အလုပ်တွေနဲ့ ကျောင်းတွေကတော့ အဓိက ပိတ်ထားရတဲ့ အချိန်မျိုးဖြစ်နေပါတယ်။

ဒါပေမဲ့လည်း ကျောင်းတွေကတော့ စာသင်နှစ်တွေဟာ ကပ်ရောဂါပြီးမှပြန်စမယ်ဆိုပြီး ရပ်ထားလို့မဖြစ်နိုင်တာကြောင့် စာပြန်သင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကို စဉ်းစားခဲ့ပါတော့တယ်။ အဲဒါကတော့ တစ်ကမ္ဘာလုံး တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ အွန်လိုင်းမှ စာသင်တဲ့စနစ်ပါ။ အွန်လိုင်းမှုစာသင်ဖို့ဆိုရင် ကိုယ့်ဆီမှာ laptop တစ်လုံးတော့ရှိနေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သော ချို့တဲ့တဲ့ကျောင်းတွေမှာတော့ ဖုန်းနဲ့ video call ချိတ်ပြောတာကိုလည်း ခွင့်ပြုပေးနေခဲ့ပါတယ်။

Freepik- raw.pixels.com

ဒါပေမဲ့လည်း စာမေးပွဲတွေဖြေဖို့၊ assignment တွေလုပ်ဖို့ကတော့ laptop ရှိနေမှ ဖြစ်မယ့်အခြေအနေမျိုးပေါ့။ ဒီလို laptop ရှိခြင်းမရှိခြင်းဆိုတဲ့ကိစ္စမှာ အဆင်ပြေတဲ့မိသားစုတွေအတွက်တော့ ကိစ္စမရှိပေမယ့် ချို့တဲ့တဲ့မိသားစုတွေအတွက်ကတော့ တော်တော်လေးကို အခက်အခဲဖြစ်နေကြရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို အာရှနိုင်ငံတွေလိုမျိုး မဖွံ့ဖြိုးသေးတဲ့တိုင်းပြည်တွေအတွက် တော်တော်လေး အခက်တွေ့နေရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံက Twitter ရပ်ဝန်းမှာ ဗီဒီယိုတစ်ခုခေတ်စားနေခဲ့ပါတယ်။ အဲဒါကတော့ ဆရာတစ်ယောက်က ကျောင်းသားတွေကို ဗီဒီယိုကောနဲ့စာသင်နေတုန်း ပြောလိုက်တဲ့စကားလေးပါ။

Twitter- @TanuKul

အိန္ဒိယနိုင်ငံ Bengaluru မှာရှိနေတဲ့ MVJ ကောလိတ်ကျောင်းဟာလည်း တစ်ကမ္ဘာလုံးနဲ့တန်းတူ အွန်လိုင်းမှပဲ စာသင်ကြားနေခဲ့ပါတယ်။ စာသင်ရင်းနဲ့ ပါမေက္ခဖြစ်သူဟာ ကျောင်းသားတွေကို စာမေးပွဲရှိကြောင်းပြောလာခဲ့ပါတယ်။ စာမေးပွဲဖြေဖို့အတွက် ကျောင်းသားတွေအနေနဲ့ တစ်ယောက်ကို laptop တစ်လုံးစီတော့ မဖြစ်မနေလိုအပ်ကြောင်းပါပြောလာတဲ့အခါမှာတော့ ကျောင်းသာားတွေဖက်ကနေပြီး ကျောင်းသားတိုင်းမှာ laptop မရှိကြောင်း၊ laptop မရှိတဲ့ကျောင်းသားတွေက ပိုများနေကြောင်း စသဖြင့် ပြောပြလာခဲ့ပါတယ်။

READ
ခွေးပေါက်စအရွယ် ကြွက်ကြီးတွေကြောင့် မြေးတွေအတွက်စိုးရိမ်နေတဲ့အဘွား

အဲဒီအချိန်မှာ ပါမေက္ခကနေပြီး ကျောင်းသားတွေကို “Laptop ဝယ်ပေးဖို့ မိဘတွေကိုတောင်းပန်၊ ဒါမှမဟုတ် ငှားသုံး မရတဲ့အဆုံးတော့ ခိုးကွာ။ ဘယ်လိုပဲဖြစ်ဖြစ် စာမေးပွဲအတွက် laptop ဖြစ်ဖြစ် ကွန်ပြူတာအထိုင်ဖြစ်ဖြစ် ရအောင်စီစဉ်ထားကြ” ဆိုပြီး ပြောသွားခဲ့ပါတယ်တဲ့။ ဒီလိုပြောနေတဲ့အကြောင်းကို ကျောင်းသားတစ်ယောက်မှဗီဒီယိုပြန်ရိုက်ထားခဲ့တာပါ။

ဆရာကတော့ စစနောက်နောက်နဲ့ ပေါ့ပေါ့ပါးပါးပြောလိုက်ပေမယ့်လို့ ပညာရေးအတွက် laptop မရှိမဖြစ်လိုအပ်နေတဲ့ စနစ်ကြောင့် ကျောင်းသားတွေအနေနဲ့ ပါမေက္ခပြောသလိုမျိုး ဒုစရိုက်မှုတွေများ ကျူးလွန်ကြတော့မှာလား၊ ဒါမှမဟုတ် အိမ်ကိုဝယ်ပေးဖို့တောင်းပန်လို့ မိဘတွေမှာ laptop ဖို့ အကြွေးနစ်သွားမှာလား၊ ဒါမှမဟုတ် မတတ်နိုင်တဲ့အဆုံး လူငယ်တွေအနေနဲ့ ပညာရေးကိုစွန့်လွှတ်သွားကြတော့မှာလားဆိုတာ ရင်လေးစရာဖြစ်လာခဲ့ပါပြီ။ ပြည်သူတွေအနေနဲ့လည်း တော်တော်လေးကို ဒီလိုကိစ္စအတွက် စိတ်ပူစပြုလာခဲ့ပါပြီ။

READ
ရေကန်ထဲ အော်ဂလီဆန်ဖွယ် အနံ့အသက်ရဲ့ နောက်ကွယ်က ဧရာမသတ္တ၀ါကြီး
Freepik-prasannapix

အိန္ဒိယကတော့ လက်ရှိအချိန်မှာ ကမ္ဘာ့ကူးစက်မှုအများဆုံးစာရင်းထဲ အီတလီကိုကျော်ဖြတ်ကာ အဆင့် (၆) နေရာကို ရောက်နေပြီပဲဖြစ်ပါတယ်။

Penny

SHARE