တွဲဖက်နိုဘယ်ဆုရှင်ကို ညကြီးသန်းကောင်တံခါးခေါက်သွားနှိုးခဲ့တဲ့ နိုဘယ်လ်ဆုရှင်

instagram/standford instagram/empowered.humans.of.earth

ကယ်လီဖိုးနီးယားညတစ်ညမှာ နိုဘယ်လ်ဆုကော်မတီဟာ ပေါလ်မီဂရွမ်းကို နိုဘယ်လ်ဆုအတွက် ဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပေါလ်ဟာ စီးပွားရေးဘာသာရပ်နဲ့ပတ်သက်ပြီး ရောဘတ်ဝီလ်ဆင်နဲ့အတူ ပူးတွဲ နိုဘယ်လ်ဆုရခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်းလည်း ကော်မတီဟာ နိုဘယ်လ်ဆုရရှိသူစာရင်းမကြေညာမီ ဆုရှင်တွေကိုဖုန်းဆက်ပြောလေ့ရှိပါတယ်။

ကော်မတီက ရောဘတ်ဆီဆက်သွယ်လို့ရပေမယ့် ပေါလ်ဆီကိုတော့ ဆက်သွယ်လို့မရပါဘူး။ အကြောင်းရင်းကတော့ စတော့ဟုမ်းမှာ နေ့အချိန်ဖြစ်နေပြီး အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းမှာတော့ ညလယ်ကောင်ကြီးဖြစ်နေတာပါ။ ဒါနဲ့ပဲ ပေါလ်နဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ် အိမ်နီးချင်းလည်းဖြစ်တဲ့ ရောဘတ်ဝီလ်ဆင်ကတော့ ပေါလ်အိမ်ရှိရာဆီ ရောက်လာခဲ့ပါတယ်။

ရောဘတ်ဟာ သတင်းကောင်းပြောချင်လွန်းတဲ့အတွက် ပေါလ်ရဲ့အိမ်ကို ည၂း၁၅ အချိန်ကြီးမှာ ရောက်လာတာပါ။ သူဟာ စက္ကန့်အနည်းငယ်ကြာအောင် တံခါးခေါက်ခဲ့ပါတယ်။ နောက်တော့ အိမ်ထဲကနေ ပေါလ်က အသံပြန်ပေးပါတယ်။

READ
အမှတ်မထင်တိုက်ဆိုင်မှုတွေအလယ်က ယုံရခက်တဲ့ဓာတ်ပုံကောင်းလေးများ

ရောဘတ်က “ပေါလ်..ရောဘတ်ဝီလ်ဆင်ပါ။ ခင်ဗျား နိုဘယ်လ်ဆုရတယ်။ ကော်မတီက ခင်ဗျားကိုဖုန်းဆက်တာ ခေါ်မရဘူး။ ခင်ဗျားဖုန်းနံပတ် သူတို့ဆီမှာမရှိဘူးနဲ့တူတယ်။”

“ရှင့်ဖုန်းနံပတ်ကို သူတို့ဆီပေးလိုက်သေးတယ်။” လို့ရောဘတ်ရဲ့ဇနီးကပါပြောပြခဲ့ပါတယ်။

ခဏလောက်တိတ်သွားပြီးတဲ့နောက်မှာတော့ ပေါလ်က “ဟင်.. ဆုရတယ်ဟုတ်လား။ ဝါး..” ဆိုပြီးတော့ တံခါးရဲ့တစ်ဖက်ကနေပြန်ပြောခဲ့ပါတယ်။ ရောဘတ်ရဲ့ဇနီးက ရယ်မောပြီး “ရှင် ဖုန်းဖြေလိုက်ပါဦး” လို့ ပြန်ပြောခဲ့ပါတယ်။

ပေါလ်နဲ့ရောဘတ်တို့နှစ်ဦးစလုံးဟာ စတန်းဖို့ဒ်တက္ကသိုလ်က ပါမောက္ခတွေဖြစ်ပါတယ်။ လေလံတင်သီအိုရီနဲ့ ပတ်သက်ပြီး ဆုရရှိခဲ့ကြတာပါ။ ပါမောက္ခနှစ်ဦးဟာ သမရိုးကျနည်းနဲ့ ရောင်းချဖို့ခက်ခဲတဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေအတွက် လေလံတင်ဒီဇိုင်းသစ်ကို ရေးဆွဲခဲ့တာပါ။ တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီကတော့ သူတို့ရဲ့တွေ့ရှိမှုဟာ ကမ္ဘာတစ်ဝှမ်းက ရောင်းသူဝယ်သူတွေအတွက်ရော အခွန်ပေးဆောင်သူတွေအတွက်ပါ အကျိုးရှိစေတယ်လို့ ဆိုထားပါတယ်။

READ
အမိုက်စား six-pack ကို ထုတ်ပြခဲ့တဲ့ အသက် (၅၉)နှစ်အရွယ် မင်းသားကြီး

လင်းလင်း

SHARE