စာဖတ်သူတို့ သိထားသင့်တဲ့ ကမ္ဘာပေါ်က ဗဟုသုတဖြစ်ဖွယ် အချက်အလက်များ

unsplash/Aaron Burden

ကျွန်တော်တို့တွေဟာ စာအုပ်ဖတ်ခြင်း၊ တီဗီအစီအစဉ်ကြည့်ခြင်း၊ ဆိုရှယ်မီဒီယာသုံးခြင်း စတာတွေနဲ့ ဗဟုသုတကို ရှာမှီးကြပါတယ်။ ဒါပေမယ့် လေ့လာလေ လေ့လာလေ သိချင်စရာတွေက ပိုလို့ ပိုလို့တောင် များလာလေလေပါပဲ။ ကိုပင်ဟေဂင်က ဖာဒီယိုအမည်ရှိတဲ့ အေဂျင်စီကတော့ Factourism အမည်ရတဲ့ ပရောဂျက်တစ်ခုကို ပြုလုပ်ပြီး နေ့စဉ်နေ့တိုင်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ပါတယ်။ Brightside သတင်းစာမျက်နှာကနေတဆင့် တွေ့ရတဲ့ ကမ္ဘာမြေပေါ်က စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကတော့ အခုလိုပါ။

ဆဲလ်ဖီဆွဲပြီး သေတဲ့လူဦးရေက ငါးမန်းကိုက်ပြီး သေတဲ့လူဦးရေထက် ပိုများပါတယ်

စက်တင်ဘာ (၂၀၁၅) ခုနှစ်မှာ အသက်(၆၆) နှစ်အရွယ် ကမ္ဘာလှည့်ခရီးသည်တစ်ဦးဟာ Taj Mahal အနီးမှာ ဆဲလ်ဖီဆွဲဖို့ ကြိုးစားရင်း လှေကားပေါ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ အဆိုပါခရီးသည်ရဲ့ သေဆုံးမှူဟာ ယခုနှစ်အတွင်းမှာ ဆဲလ်ဖီကြောင့် လူသေမှူတွေထဲ (၁၂) ခုမြောက် ဖြစ်နေပြီး ငါးမန်းကြောင့် သေဆုံးသူဦးရေမှာတော့ () ဦးသာ ရှိပါတယ်။

unsplash/Jordan Sanchez

အရင်တုန်းက လေယာဉ်တွေဟာ ခုခေတ်လေယာဉ်တွေထက် ပိုပြီး မြန်မြန်ပျံသန်းပါတယ်

အခုခေတ်မှာ နယူးယောက်ကနေ ဟူစတန်ကို လေယာဉ်နဲ့သွားမယ်ဆိုရင် () နာရီကြာပါတယ်။ (၁၉၇၃) ခုနှစ်တုန်းကတော့ ဒီခရီးအကွာအဝေးကိုပဲ ပျံသန်းချိန်ဟာ () နာရီအောက်ပဲ ရှိပါတယ်။ အကြောင်းရင်းကတော့ လေယာဉ်သုံးလောင်စာဆီတွေ ဈေးတက်လာတာကြောင့်ပါ။ လေကြောင်းလိုင်းကုမ္ဗဏီတွေကလည်း တကယ်လို့ လေယာဉ်ကို နည်းနည်းနှေးပြီး ပျံသန်းမယ်ဆိုရင် တစ်နှစ်ကို ဒေါ်လာသန်းနဲ့ချီ သက်သာတာကြောင့် လေယာဉ်ချိန်တွေဟာ ပိုကြာသွားရတာပဲ ဖြစ်ပါတယ်။

အိမ်သန့်ရှင်းရေးပြုလုပ်တာက စီးကရက်တစ်ဗူးသောက်တာနဲ့ ညီမျှပါတယ်

အိမ်သန့်ရှင်းရေးပြုလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေထဲ ပါဝင်တဲ့ ဓာတုဆေးတွေဟာ ရင်ကြပ်ပန်းနာဖြစ်ပွားနိုင်ခြေကို (၄၃) ရာခိုင်နှူန်း များပြားစေကြောင်း သိရပါတယ်။ ဒီဓာတုဆေးတွေဟာ အသက်ရှူလမ်းကြောင်းမှာတဲ့ အကျိအချွဲတွေကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

unsplash/Benjamin Wong

ပန်းသီးအမျိုးအစား အများကြီးရှိပါတယ်

ဟုတ်ပါတယ်။ ပန်းသီးအမျိုးအစား အများကြီး ရှိပါတယ်။ ပန်းသီးတွေက အမျိုးအစားများလွန်းလို့ တစ်နေ့ကို ပန်းသီးအမျိုးအစား() လုံးစားမယ်ဆိုရင်တောင် အမျိုးအစား အားလုံးကုန်ဖို့အတွက် နှစ်(၂၀) လောက် အချိန်ယူရပါလိမ့်မယ်။

ကြိုးကြာငှက်တွေဟာ ရေနွေးဆူဆူကို သောက်နိုင်ပါတယ်

ကြိုးကြာငှက်တွေရဲ့ ထူးခြားချက်တစ်ခုက သူတို့ဟာ ဆူပွက်လုနီးနီး ရေနွေးကို သောက်နိုင်ပါတယ်။ အကြောင်းရင်းကတော့ ကြိုးကြာတွေရှိတဲ့ ရေကန်အများစုမှာ ဆားဓာတ်ပါဝင်နှူန်း ပမာဏများများ ပါဝင်နေတာကြောင့်ပါ။ ဒီအတွက် သူတို့ဟာ သောက်သုံးရေကို ရေပူစမ်းတွေကနေပဲ သောက်ရလေ့ရှိပါတယ်။

လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရွှေ(.) မီလီဂရမ်ပါဝင်ပါတယ်

ကိုယ်အလေးချိန်(၇၀) ကီလိုဂရမ်ရှိတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရွှေ(.) မီလီဂရမ်ပါဝင်ပါတယ်။ ရွှေရဲ့ထုထည်ကတော့ (၁၀) နာနိုလီတာဝန်းကျင်လောက်ရှိပြီး တကယ်လို့ အတုံးအခဲလေးတွေအဖြစ် မြင်ကြည့်မယ်ဆိုရင်တော့ (.) မီလီမီတာလောက် ရှိပါတယ်။

unsplash/Boris Smokrovic

လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ပျားရည်အတွက် ပျား(၁၂) ကောင်ဟာ တစ်သက်လုံး အလုပ်လုပ်ရပါတယ်

ပျားတွေဟာ () လအထိ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ ပျမ်းမျှ ပျားတစ်ကောင်ဟာဆိုရင် လက်ဖက်ရည်ဇွန်းရဲ့ (၁၂) ပုံမှာ () ပုံပဲ ပျားရည်ထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းဟာ ပျား(၁၂) ကောင်တို့ရဲ့ တစ်သက်တာလုပ်အားပဲ ဖြစ်ပါတယ်။

ကိုလိုနီကျွန်ပြုမခံရသေးတဲ့ နိုင်ငံဟာ () နိုင်ငံပဲ ရှိပါတယ်

ကမ္ဘာပေါ်မှာ ရှိသမျှ နိုင်ငံတိုင်းလိုလိုဟာ (၁၆) ရာစုအစကနေ (၁၉၆၀) ခုနှစ်အထိ ကိုလိုနီနယ်ချဲ့ခြင်းကို ခံခဲ့ရပါတယ်။ အချို့နိုင်ငံတွေကတော့ တိုက်ရိုက်အုပ်ချုပ်ခံရသလို အချို့ကတော့ တစ်ဆင့် လက်အောက်ခံစနစ်နဲ့ ကိုလိုနီပြုခြင်း ခံကြရပါတယ်။ ဥရောပရဲ့ အုပ်စိုးမှူကနေ လုံးဝကင်းလွတ်ခွင့်ရခဲ့တဲ့ ခေတ်သစ်နိုင်ငံ () နိုင်ငံတော့ ရှိပါတယ်။ အဲ့ဒီနိုင်ငံတွေကတော့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဂျပန်၊ ထိုင်းနဲ့ လိုင်ဘေးရီးယားတို့ပဲ ဖြစ်ပါတယ်။

ယုန်တွေဟာ ၄င်းတို့ရဲ့ မျိုးတူယုန်သေတွေရဲ့ အနံ့ကို ခံစားသိရှိနိုင်ပါတယ်

ဥရောပယုန်တွေဟာ သားကောင်ကြီး အမျိုး(၃၀) တို့ရဲ့ သားကောင်အစာဖြစ်ပါတယ်။ ဒါကြောင့် သူတို့မှာ သဘာဝက ပေးထားတဲ့ အသက်ရှင် နေထိုင်နည်း လျှို့ဝှက်ချက်ရှိနေတာ ဆန်းတော့ မဆန်းပါဘူး။ သိပ္ဗံပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာချက်တွေအရတော့ ယုန်တွေဟာ မျိုးတူယုန်တွေရဲ့ အနံ့ကို သိနိုင်တယ်လို့ ဆိုပါတယ်။ သားကောင်ရဲ့ မစင်မှာပါတဲ့ သူတို့ယုန်မျိုးတွေရဲ့ အနံ့ကိုရပြီး ၄င်းသားကောင်ရှိရာနေရာကို ရှောင်ကွင်းသွားနိုင်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE