ဒဏ်ရာရနေတဲ့ ကမ္ဘာမြေကြီးကို ကယ်တင်ပေးနေတဲ့ အဖိုးတန်ပရောဂျက်များ

ကမ္ဘာမြေနာမကျန်းဖြစ်နေတာကို ပြုစုချင်ပေမယ့် တစ်ယောက်တည်းအားနဲ့တော့ မဖြစ်နိုင်ပါဘူးလေဆိုပြီး လူတွေက အားလျော့တတ်ကြပါတယ်။ ကိုယ်တစ်ယောက်တည်း စည်းကမ်းနဲ့နေလည်း ဘာထူးမှာလဲဆိုပြီး ထင်တတ်ကြပါသေးတယ်။ ဒါပေမယ့် ကမ္ဘာမြေအတွက် အပြုသဘောဆောင်တဲ့ အပြုအမူသေးသေးလေးတွေတောင်မှ အချိန်တစ်ခုရောက်တဲ့အခါ သဘာဝပတ်ဝန်းကျင်ကို အများကြီးပြောင်းလဲသွားစေတာမျိုး ရှိတတ်ပါတယ်။ အခုကတော့ လူသားမျိုးနွယ်စုကြီးအနေနဲ့ ကျေးဇူးတင်ထိုက်တဲ့ ပရောဂျက်လေးတွေကို Brightside ကနေပြီး ဖော်ပြပေးသွားမှာပါ။

အနှစ်(၄၀) လုံးလုံး သစ်ပင်စိုက်ခဲ့တဲ့ အိန္ဒိယအမျိုးသား

Facebook/Jadav Payeng: The Forest Man Of India

Jadav Payeng အမည်ရတဲ့ အိန္ဒိယအမျိုးသားဟာ အနှစ်(၄၀) တိုင်တိုင် တစ်ရက်မှ မပျက်ခဲ့ပဲ သစ်ပင်တွေစိုက်ခဲ့သူပါ။ အခုဆိုရင် သူစိုက်ပျိုးထားတဲ့ အပင်တွေဟာ သစ်တောအုပ်ကြီးဖြစ်နေပြီး တောရိုင်းတိရစ္ဆာန်တွေနဲ့ ငှက်တွေနားခိုရာနေရာဖြစ်နေပါပြီ။

ပင်လယ်ထဲက အမှိုက်တွေကို စစ်ပေးမယ့် ရေအမှိုက်ပုံး

နှစ်စဉ်နှစ်တိုင်း ပင်လယ်သမုဒ္ဒရာထဲမှာ ပလတ်စတစ်တန်ချိန်ပေါင်းများစွာတို့ဟာ သောင်တင်နေပါတယ်။ သမုဒ္ဒရာတွင်းမှာ ဝေ့၀ဲမျောပါနေတဲ့ အမှိုက်အပိုင်းအစတွေကို ရှင်းလင်းဖို့ ဇကာလိုမျိုး အလုပ်လုပ်ပြီး ရေတွေကို ပြန်လည်စစ်ထုတ်ပေးတဲ့ အမှိုက်ပိုက်လိုအရာကို သြစတေးလျက တီထွင်ခဲ့ပါတယ်။ ၄င်းအမှိုက်ပုံးဟာ ရေပေါ်မှာပေါ်နိုင်ပြီး အမှိုက်စတွေနဲ့ ပလတ်စတစ်အိတ်တွေကို စုစည်းပေးနိုင်ပါတယ်။

READ
လူသားမျိုးနွယ်တစ်ခုလုံးကို ပျောက်ဆုံးသွားစေနိုင်တဲ့ အဓိကအကြောင်းရင်းကြီးများ

ရေဘောလုံးများ

Shade Balls in the LA Reservoir

Mayor Eric Garcetti "had a ball," or more like 20,000 balls, with Councilmember Mitchell Englander and LADWP officials today in Sylmar as they dropped the last of 96 million shade balls onto the surface of LA Reservoir. The balls will block out the sunlight and help ensure the highest quality drinking water for LA.This important water infrastructure investment helps guarantee LA's tap water is pure and clean, all while keeping rates still the lowest in the Southern California region. http://tinyurl.com/pv5bbp5

Posted by Los Angeles Department of Water & Power on Monday, August 10, 2015

Los Angeles Department of Water and Power ဟာ ရေထုကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ထူးခြားကောင်းမွန်တဲ့ နည်းလမ်းတစ်ခုကို သုံးခဲ့ပါတယ်။ အဲဒါကတော့ LA ရေလှောင်ကန်ထဲကို အနက်ရောင် ဘောလုံး(၉၆) သန်းထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးတွေထည့်ရတဲ့ ရည်ရွယ်ချက်ကတော့ ရေငွေ့ပျံလို့ ရေဆုံးရှုံးမှာကို ဟန့်တားတဲ့အပြင် ရေအရည်အသွေးကို ထိန်းသိမ်းဖို့ဖြစ်ပါတယ်။ ဒီဘောလုံးလေးတွေမှာရေကို အဆိပ်အတောက်ဖြစ်ပေါ်စေတဲ့ ပစ္စည်းတွေ မပါဘူးလို့ သိရပါတယ်။

အလဟဿဖြစ်မယ့် အစားအသောက်တွေကို ရောင်းချနေတဲ့ ဆိုင်

Pixabay

“WeFood” အမည်ရတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဟာ သက်တမ်းကုန်ခါနီးနဲ့ အနည်းငယ်ပုံစံပျက်နေတဲ့ အစားအသောက်တွေကို (၅၀) ရာခိုင်နှုန်းလျော့ဈေးနဲ့ ရောင်းချနေပါတယ်။ ဒီပရောဂျက်ဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ အစားအသောက်စွန့်ပစ်မှု ပြဿနာကို တစ်မျိုးတစ်ဖုံဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာထုတ်လုပ်တဲ့ အစားအသောက်ထဲက (၃) ပုံ(၁) ပုံဟာ အလဟဿစွန့်ပစ်ခံနေရပေမယ့် တချိန်တည်းမှာပဲ သန်းပေါင်းများစွာရှိတဲ့လူသားတွေဟာ အစာရေစာငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

READ
စိတ်ကူးယဉ်အတွေးကမ္ဘာထဲရောက်သွားသလားထင်မှတ်စေရမယ့် ကမ္ဘာတစ်ဝှမ်းကနေရာများ

ဧ၀ရတ်တောင်ပေါ်က အမှိုက်ရှင်းပွဲ

Pexels/eberhard grossgasteiger

ဧ၀ရတ်တောင်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း တောင်တက်လာတဲ့ တောင်တက်သမားတွေကြောင့် တောင်ပေါ်မှာ အမှိုက်တွေက ပုံလျက်ရှိပါတယ်။ ဒါကြောင့် နီပေါအစိုးရကနေ ဦးဆောင်ပြီး ရက်သတ္တပတ်ပေါင်းများစွာကြာအောင် အမှိုက်ပေါင်ချိန် (၂၄,၂၀၀) ကို ဖယ်ရှားခဲ့ကြပါတယ်။ အမှိုက်တွေထဲမှာတော့ ကြိုးတွေ၊ အောက်ဆီဂျင်ဘူးတွေ၊ လှေကားကျိုးတွေ၊ သံဘူးခွံတွေနဲ့ ပလတ်စတစ်အိတ်တွေလည်း ပါဝင်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက သစ်ပင်စိုက်ဥပဒေသစ်

Pexels/Mike Greer

ဖိလစ်ပိုင်နိုင်ငံမှာတော့ ကျောင်းနဲ့ကောလိပ်တွေမှာ ဘွဲ့ယူခါနီး မောင်မယ်တွေဟာ အနည်းဆုံးသစ်ပင်(၁၀) ပင်စိုက်ပျိုးပြီးမှ ဘွဲ့ယူနိုင်မယ်လို့ သိရပါတယ်။ သစ်ပင်တွေကိုတော့ သစ်တောတွေ၊ လမုတောတွေနဲ့ ဒေသတွင်း နေရာတွေမှာ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ ဒီဥပဒေသစ်ဟာ နိုင်ငံတွင်း အလျင်အမြန်ဖြစ်လာနေတဲ့ သစ်တောပြုန်းတီးမှုကို ကာကွယ်တဲ့အနေနဲ့ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပြီး ဥပဒေသစ်နဲ့အတူ နှစ်စဉ်အနည်းဆုံး အပင်(၁၇၅) သန်း စိုက်ပျိုးနိုင်လိမ့်လို့ ခန့်မှန်းရပါတယ်။

လင်းလင်း (ShweMom)

SHARE