ကမ်းခြေမှာ ရိုဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့ရာ လက်စွပ်ပင်လယ်ထဲ ကျသွားတဲ့အဖြစ်

Elite Readers

အသက် (၂၅) နှစ်အရွယ် Matthew Pica ဟာ သူချစ်ရတဲ့ ကောင်မလေး Klaya Harrity ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ Klaya မိသားစုတွေကိုပါခေါ်လာပြီး ပင်လယ်ဘေး ကမ်းခြေတစ်လျှောက်မှာ ရိုမန်တစ်ဆန်စွာနဲ့ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

Elite Readers

အရာရာတိုင်း Matthew စီစဉ်ထားတဲ့အတိုင်း ဖြစ်လာပေမယ့်လည်း လက်ထပ်ပါ ဆိုတဲ့ စကားလေးမပြောခင် လက်စွတ်ကို ဘောင်းဘီအိတ်ထဲကနေ ထုတ်လိုက်တဲ့အချိန်မှာပဲ လက်ထဲကနေချော်ပြီး သူတို့ရပ်နေတဲ့ သစ်သားကုန်းပတ်က ပေါက်ထဲကနေတစ်ဆင့် ပင်လယ်ထဲကို ကျသွားခဲ့ပါတယ်။

Elite Readers

ရပ်ကြည့်နေတဲ့လူတွေရောကာယကံရှင်နှစ်ယောက်ပါ ဒီအဖြစ်အပျက်ကြောင့် လန့်ဖျန့်သွားခဲ့ကြပါတယ်။ ကံသီတာကတော့ သူတို့ရပ်နေတဲ့ အောက်ကရေကသိပ်လည်း မနက်တဲ့အပြင် ကမ်းစပ်ဖြစ်နေတာကြောင့် လှိုင်းဒဏ်လည်း သိပ်မရှိနေပါဘူး။

Elite Readers

ဒါနဲ့ လက်စွပ်ကို ဘေးနားကလူတွေရော သတို့သမီးပါ ဝိုင်းရှာပေးအပြီး (၁) နာရီခွဲကြာတဲ့အချိန်မှာမှ ဓာတ်မီး (၁၀) လက်၊ ရေငုတ်မျက်မှန် (၅) လက်အကူအညီအနဲ့ ရှာတွေ့ခဲ့ပါတယ်။ ဒါနဲ့ပဲ ရေစိုစိုနဲ့ ဒုတိယတစ်ခါ လက်ထပ်ခွင့်တောင်းခဲ့ပြီး လက်စွပ်ကြသွားတဲ့ကိစ္စကတော့ သူတို့စုံတွဲအတွက် အရမ်းကိုအမှတ်တရဖြစ်သွားခဲ့တဲ့ အချိန်လေးပါပဲတဲ့။

READ
စာမေးပွဲဖိအားတွေကို ကျော်လွန်နိုင်စေဖို့၊ အစမ်းသဘောသေခဲ့ရတဲ့ ကျောင်းသားတွေ

Source: Elite Readers

Penny

SHARE