ကိုဗစ်ကာလမှာ အများသုံးယာဉ် စီးနေရသူတိုင်း သိထားသင့်တဲ့ အချက်များ

Image:freepik/felicities

ကိုဗစ်က တော့ လုံးဝ ပေါ့ဆ လို့ မရတဲ့ ကပ်ရောဂါကြီးပါ။ရောဂါ ကူးစက်ပြန့် ပွားမှုေ တွကို ထိန်းချုပ် နိုင်လိုက် ပေါ့ ပေါ့ လျော့ လျော့ ပြန် နေ နိုင် ပြန်ဖြစ်လိုက်နဲ့  သံသရာ လည် နေတဲ့ အထားပါ။ကာကွယ်ဆေးကို မသုံးနိုင် မ ချင်း တော့ ဘယ်လို မှ ပေါ့ ဆပြီး နေလို့ မရတဲ့ ကပ် ရောဂါပါ။အခုဆိုရင်တော့ မြန်မာနိုင်ငံမှာပါ နောက်ထပ် ရောဂါ ကူး စက် တဲ့ လူနာ အသစ် တွေ အများကြီး ထပ် တွေ့ နေရပါတယ်။ဒီလို ကပ် ဘေး ကာလမှာ အများပြည်သူ သုံး ယာဉ် ရထား တွေ ကိုပဲ အားကိုးပြီး ရုံးသွား၊ကျောင်းသွား၊သွားလာလှုပ်ရှား နေရတဲ့ သူတွေ အ နေနဲ့ သိထား သင့်တဲ့ အချက် လေး တွေ ရှိပါတယ်။

Image:freepik/alliesinteractive

အမှန်အတိုင်း ပြောရရင်တော့ လက်ရှိမှာဆိုရင် ဘတ်စ်ကား အစီးရေ တွေလည်း လျော့ ချ ထားတာ မို့ ရုံးသွား ရုံး ပြန် ရင် ဘတ်စ်ကားက စီးရတာကြပ်တာ၊မိုးရွာ တဲ့ နေ့ မျိုးတွေ ဆိုရင် သွားရလာ ရတာ ဘယ်လောက်ထိ အခက် အခဲ ဖြစ် လဲ ဆိုတာကိုတော့ ဘတ်စ်ကား တိုးစီးနေရတဲ့ ဘ၀ တူ ချင်းတွေ အသိဆုံးပါ။ဒါပေမယ့်လည်း တ၀မ်း တခါး အတွက် တော့ မဖြစ် မနေ သွားလာ နေကြရပါတယ်။အဲ ကွန်း ကောင်းကောင်း မရတဲ့ ဘတ်စ် ကား ပေါ်မှာ Mask တပ်ပြီး  တိုးကြိတ် စီးနေ ရ ပေမယ့်လည်း  ကိုယ့် ကျန်းမာေ ရး၊ ကိုယ့် မိသားစု ကျန်းမာရေး အတွက် ကိုယ်တက်နိုင်တဲ့ ကာကွယ်မှု လေးတွေ က တော့ လုပ် ပေး ဖို့ လိုပါတယ်။

Mask တပ်ပါ

အခုနောက်ပိုင်းမှာတော့ ဘတ်စ်ကား ပေါ်မှာ Mask မတပ်တဲ့ လူတွေ တော်တော် လေး များလာပါတယ်။အရင် ကိုဗစ် ကူးစက်လူနာ နှုန်း နည်းသွားတုန်းက ဆိုရင် Mask တပ်တဲ့ လူထက် မတပ် တဲ့ လူက တောင် ဘတ်စ်ကား ပေါ်မှာ တစ်ခါ တစ် ခါ ပို များ နေပါတယ်။အခုလည်း Mask မတပ်ပဲ သွားလာ နေကြသူတွေ၊ဘတ်စ်ကား စီး နေသူ တွေ အများကြီး ရှိပါတယ်။လူကျပ်ကျပ်၊အဲကွန်း ကောင်းကောင်းမရတဲ့ ဘတ်စ်ကား ပေါ်မှာ Mask တပ် ထားရတာ  တော် တော် လေး အဆင် မ ပြေ ပေမယ့်လည်း မဖြစ် မ နေ တော့ Mask ကို တပ်ထားပါ။ပူအိုက် နေရင် တောင် မှ မိမိ နဲ့ မိမိ မိသားစု ကျန်းမာရေး အတွက် မဖြစ် မ နေ တပ် ပေးပါ။(Mask မတပ်ရင် ဘတ်စ်ကား ပေါ်  ပေး မတက် တာ မျိုး တွေ လည်း လုပ်သင့်)

READ
ဖခင်တွေရဲ့ ရင်တွင်းခံစားချက်ကို လှမ်းမြင်ရမယ့် တဒင်္ဂ အခိုက်အတန့်လေးများ

လက်သန့် ဆေးရည်(Hand Gel)ကို သွား လေ ရာ ဆောင်ပါ

Image:freepik/asmedvednikov

နေရာတိုင်းမှာ တော့ လက် ဆေးဖို့ နေရာကို တွေ့ မှာ မဟုတ်ပါဘူး။လက်ရှိ ကပ် ဘေး ကာလ မှာေ တာ့ ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်နေရာကိုပဲ သွားသွား သွားလေ ရာမှာ လက်သန့် ဆေးရည်ကို ဆောင် ဖို့ လိုပါတယ်။ဒါမှ သာ တစ်ခုခု ကို ကိုင်ပြီး တိုင်း လက်ကို ချက်ချင်း သန့်စင် လို့ ရမှာပါ။

အများပြည်သူသုံး ယာဉ် ၊ရထားတွေ မစီးခင်၊စီးပြီးမှ လက်ဆေး

အိမ် က နေ ရုံးကို သွားတာပဲ ဖြစ်ဖြစ်၊ပြန်လာတာပဲ ဖြစ်ဖြစ် ဘယ်လို ပဲ သွားသွား အများပြည်သူ သုံး ယာဉ် ၊ရထား တွေကို မစီးခင် မှာ လက်ကို ဆေးပါ။ရေနဲ့ လက် ဆေး ဆပ်ပြာ တို့ နဲ့မ ဆေးနိုင်လဲ လက်သန့်ဆေးရည် တို့ နဲ့ ဆေးပါ။ ကိုယ့်လက်မှာ ဗိုင်းရပ်စ် ၊ပိုးမွှားတွေ ကပ် နေခဲ့လို့ ယာဉ် ပေါ် မှာ လက် တန်း နဲ့ တခြားဟာ တွေ ကိုင်မိရင် ကိုယ့်ဆီ က ဟာ တွေ သူများကို မကူးအောင် ကာကွယ်ပြီးသားလည်း ဖြစ်သွားပါတယ်။နောက်တစ်ခုက ယာဉ် ပေါ်က နေ ဆင်းတာနဲ့ လက်ကို ဆေးပါ။ယာဉ် ပေါ်မှာ ဘာကိုမှ မကိုင်ပဲ စီးဖို့ ဆိုတာ ဘယ်လို မှ မဖြစ် နိုင်ပါတယ်။ကိုယ် ထိ မိ ကိုင်မိ တဲ့ နေရာ တွေ က နေ ရောဂါ ပိုးတွေ လက်မှာ ကပ် မပါ အောင် ယာဉ် ပေါ်က ဆင်းပြီးပြီးချင်းလည်း ဆေးပါ။

READ
ဖက်ရှင်နဲ့ပတ်သက်ပြီး အထာကျသူဖြစ်ချင်ရင် ဒီအချက်တွေကို ရှောင်ပါ

လက်နဲ့ ဟိုကိုင်ဒီကိုင်တွေ မလုပ်ပါနဲ့

အများပြည်သူ သုံးယာဉ် လိုင်း တွေ ကို စီးနင်းလာရင်းနဲ့ လုံးဝ မလုပ်သင့်တဲ့ အရာက မျက်နှာကို ကိုင်တာ၊နှာ ခေါင်း ကို ကိုင်တာ၊ပါးစပ်ကို ကိုင်တာ၊Mask ကို တပ်လိုက် ချွတ်လိုက် လုပ်တာ မျိုးတွေ လုံးဝ မလုပ်ပါနဲ့။တကယ် တော့ ဒါ မျိုးက အပြင် ထွက် နေရင် လဲ မလုပ်သင့်တဲ့ အရာဆို ပေမယ့် ဘတ်စ်ကား ပေါ်မှာ တော့ ပိုပြီး တော့ ကို သတိ ထား ရမယ့်အ ရာပါ။

ခပ် ခွာ ခွာ နေပါ

Image:freepik/pikisuperstar

လက်ရှိ က တော့ တိုးကြိတ် စီးနေရတဲ့ အ နေ အထားမို့ Social Distancing ဆိုတာ ကြီးကို ဘတ်စ်ကား ပေါ် မှာ လုပ် ဖို့ ဆိုတာ ဘယ်လိုမှ ကို မဖြစ် နိုင် သေးတဲ့ အရာပါ။ဒါပေမယ့် ကိုယ်စီးတဲ့ အချိန် မှာ ကား ချောင် နေ၊ရထား ချောင်  နေတာ နဲ့ များ ကြုံ များ ကြုံ ခဲ့ရင်တော့ တစ်ယောက် နဲ့ တစ်ယောက် ခပ် ခွာ ခွာ ထိုင် ကြပါ။

တက်နိုင်ရင် တော့ အိမ်မှာေ နပါ

Image:freepik/djvstock

မဖြစ် မနေ အလုပ်သွား နေရတဲ့ လူတွေ က တော့ အလုပ်ကို မသွား မ နေရ သွား နေရမှာပါ။ဒါပေ မယ့် တကယ် မဖြစ် မနေ သွားလာဖို့ လိုအပ်  နေတဲ့ သူတွေ ပဲ အပြင် ထွက် တာ အ ကောင်းဆုံးပါ။တကယ် လို့ မဖြစ် မ နေ သွား ဖို့ လိုတာ မျိုး မဟုတ်ရင် တော့ အိမ်မှာပဲ နေပါ။ကိုယ်က စားဝတ် နေ ရေး အတွက် သွားလာရမယ့် ကိစ္စ မျိုး မဟုတ် ဘူး ၊သွားဖို့ လည်း လိုအပ် တယ်ဆိုရင် တော့ ရုံးတက်၊ရုံးဆင်း အချိန် တွေ ကို ရှောင်ပြီး ကြား အချိန် တွေ မှာ သွားလာ ပေးပါ။

#SHWEMOM

SHARE