PlayStation ချစ်သူတွေ စောင့်ဆိုင်းနေတဲ့ PS5 အတွက် ပညာရှင်တွေရဲ့ ခန့်မှန်းချက်များ

ဗီဒီယိုဂိမ်းကို စွဲလမ်းနှစ်ခြိုက်ကြတဲ့ PlayStation ပရိသတ်တွေကတော့ Sony ကနေ PlayStation 5 (PS5) ကို ဘယ်တော့ ထုတ်မလဲဆိုပြီး မျှော်တလင့်လင့် ရှိနေကြပါတယ်။

PS5 ကို ပြင်ဆင်ဖန်တီးနေတဲ့ နည်းပညာရှင် Mark Cerny ကတော့ အသစ်ထွက်ရှိမယ့် ဂိမ်းစက်နဲ့ ပတ်သက်လို့ အရိပ်အမြွက်ပြောသွားတာတွေ ရှိနေပါတယ်။ PS5 ကို ယခင် PlayStation စက်တွေနဲ့ မတူဘဲ လုံးဝပြောင်းလဲထုတ်လုပ်ထားတဲ့ အကြောင်းနဲ့ ယခု ၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိဦးမှာ မဟုတ်ကြောင်းကို ပြောထားခဲ့ပါတယ်။

Pixabay

သုတေသနပညာရှင် Hideki Yasuda ကလည်း Cerny ရဲ့ ပြောစကားနဲ့ ဂိမ်းလောကရဲ့ trend အရ PS5 ထွက်ရှိဖို့က ထင်ထားတာထက် ပိုကြာနိုင်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာမတိုင်ခင်တော့ ထွက်မလာနိုင်သေးဘူးလို့ သုံးသပ်လိုက်ပါတယ်။

READ
Passportစာအုပ်တွေမလိုတော့မယ့် အနာဂတ်

ဒါ့အပြင် Yasuda က PS5 ရဲ့ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၅၀၀ ဝန်းကျင်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဈေးနှုန်းနဲ့ ထွက်ရှိမယ့် ကာလခန့်မှန်းချက်တွေအရတော့ PS5 ကို ဝယ်ဖို့ စဉ်းစားထားသူတွေအတွက် ပိုက်ဆံစုဖို့ အချိန်တောင် ရှိပါသေးတယ်။

Pixabay

Cerny ရဲ့ ပြောစကားအရတော့ PS5 ဟာ PS4 နဲ့ စက်အတွင်းပိုင်း တည်ဆောက်မှုအချို့ တူညီနေမှာ ဖြစ်ပေမယ့် ယခင် PlayStation တွေနဲ့ ဆင်နေမှာ မဟုတ်ဘဲ လုံးဝကွဲထွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ PS4 နဲ့ စက်အတွင်းပိုင်း တည်ဆောက်မှု တူနေမှာ ဖြစ်တဲ့အတွက် PS4 ဂိမ်းတွေကိုပါ ပြန်လည် ကစားနိုင်မှာ ဖြစ်ပြီး ပိုမိုမြန်ဆန်တဲ့ generation ဖြစ်မှာလည်း ဖြစ်ပါတယ်။

AWOK.com

PS5 ရဲ့ processor ကတော့ AMD ကုမ္ပဏီကနေ PlayStation အတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ Radeon Navi GPU processor ကို ထည့်သွင်းထားမှာ ဖြစ်တဲ့အတွက် visual ပိုင်းမှာ 8K resolution နဲ့ ဂိမ်းတွေကို ကစားနိုင်မှာ ဖြစ်ပြီး loading အချိန်တွေကလည်း ယခင် PlayStation တွေထက် အဆပေါင်းများစွာ ပိုမြန်လာမှာ ဖြစ်ပါတယ်။

READ
မကြာခင်အနာဂတ်ကာလမှာ လူတွေကို စက်ရုပ်တွေပြန်ချစ်နိုင်တော့မည်
Sony

PS5 မှာတော့ PS4 ဂိမ်းတွေကို ပြန်ကစားနိုင်မှာ သေချာပေမယ့် ယခင် generation ဂိမ်းတွေကိုပါ ပြန်ကစားနိုင်မလားဆိုတာတော့ ခိုင်လုံတဲ့သတင်း မရရှိသးပါဘူး။ ဒါပေမယ့် PlayStation ဟူ  သူတို့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ XBox ကနေ အသစ်ထွက်ရှိလာမယ့် Xbox X ရဲ့ စက်ပိုင်းဆိုင်ရာကိုမှီဖို့ မလွယ်ကူကြောင်း၊ တကယ်လို့များ ယခင် generation ဂိမ်းတွေကို ပြန်ကစားလို့ရအောင် လုပ်ပေးနိုင်ခဲ့ရင် Xbox ကို သေချာပေါက် အလဲထိုးနိုင်မှာဖြစ်ကြောင်း ဂိမ်းလောကရဲ့ ကျွမ်းကျင်သူ ပညာရှင်အများစုက မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: Express UK

SHARE